*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 21 August 2014

တောင်ကိုရီးယား သို့ မျက်နှာပြု ပြင် ခွဲစိတ်သည့် နိုင်ငံခြားသားများ အပြန် ခရီးတွင် လူဝင်မှု ကြီးကြပ်ရေးမှ ပတ်စ်ပို့ဓါတ်ပုံနှင့် စစ်ဆေး ရာတွင် အခက်တွေ့

10354752_309857232522586_2411282322215680200_n 

တောင်ကိုရီးယားနိုင်ငံ သည် အလှအပ အတွက် ပလတ်စတစ် ဆာဂျ ရီပြုလုပ်ရာ အဓိကနေရာ တစ်ခုဖြစ် လာနေပြီး ဆိုးလ်မြို့ ရှိ အမျိုးသမီး ၅ ဦး တွင် ၁ ဦးက ခွဲစိတ် ကုသမှုပြု လုပ်ရန် ရည်ရွယ် ထားသည် ဟုဆို သည်။ 

တရုတ်နိုင်ငံမှ အမျိုးသမီးအ များစု အပါအ၀င် အခြား အာရှနိုင်ငံ များမှ အမျိုးသမီး များသည် ဆိုးလ် မြို့သို့ လာရောက်ကာ ကိုရီးယား မင်းသမီး များ၏ ရုပ်သွင်မျိုး ရရှိရန် ခွဲစိတ် ပြုပြင်မှုပြုလုပ် ကြသည်။ သို့သော် အချို့မှာ ခွဲစိတ်မှု ခံယူပြီး မိခင်နိုင်ငံ သို့ပြန်ချိန် တွင် အခက်အခဲ များ ရင်ဆိုင် ရလေ့ရှိသည်။

တရုတ်နိုင်ငံ ဘေဂျင်း မှ အသက် ၂၆ နှစ် ရှိ ဇန်ဟန် သည် ပိုမို လှပသည့် ရုပ်သွင် ရရှိရန် ကိုရီးယားသို့ လာရောက် ၍ ခွဲစိတ်မှု ခံယူခဲ့သည်။ “ကျွန်မ ရဲ့အ ဓိက ရည်ရွယ်ချက်က ပိုလှ လာဖို့ပါ။ အွန်လိုင်း မှာ အများကြီးလေ့လာခဲ့ ပေမဲ့ တရုတ် မှာ ခွဲစိတ်မှု ခံ ယူဖို့တော့ စိုးရိမ် မိပါတယ်။ 


 
ကျွန်မ သူငယ်ချင်း တွေက ကိုရီးယား ကို မကြာ ခဏလာ ကြပြီး ဒီမှာ ခွဲစိတ် ကုသတဲ့ အရည်အသွေး အလွန်ကောင်းတယ် လို့ပြော ကြတဲ့ အတွက် ကျွန်မ ဒီကိုရောက်လာ တာပါ”ဟု ဇန်ဟန် ကဆိုသည်။
သူမ ၏ မျက်နှာအား ပိုမိုသေးငယ် သည့် အသွင်ဖြစ်စေမည့် ခွဲစိတ်ပြုပြင်မှု အား တရုတ်နိုင်ငံ တွင် ပြု လုပ်ခြင်း ထက်ကို ရီးယား တွင်ပြုလုပ်သည်က ပိုမို စိတ်ချရသည်ဟု သူမက ယုံကြည်ထား သည်။

ကိုရီးယား သို့ နိုင်ငံခြားမှ လာ၍ မျက်နှာ ခွဲစိတ်ပြုပြင်မှု ခံယူသူ များသည် မိခင်နိုင်ငံ သို့ ပြန်လည် ထွက်ခွာ သည့် အခါ လေဆိပ်များ ရှိ လူဝင်မှုကြီးကြပ် ရေးဌာနများ တွင် ပြဿ      နာကြုံရလေ့ ရှိသည်။
 
ထိုကဲ့သို့ အခြေ အနေမျိုးတွင် ပတ်စ်ပို့ ထဲမှ ဓာတ်ပုံနှင့် ပြင်ပ ရုပ်သွင် တို့ မတူညီ ရသည့် အကြောင်း ရှင်းပြ ရန် ခွဲစိတ်ပြုပြင်ပေး ခဲ့သည့် ဆေးခန်း က သက်သေခံ လက်မှတ် ထုတ်ပေး မည် ဟု ဇန်ဟန် အား ခွဲစိတ်ပေး သည့် ဆရာဝန် က ပြောကြားသည်။

“လေဆိပ် က စစ်ဆေးတဲ့ အခါ ဓာတ်ပုံ နဲ့ မတူတာ ကို ရှင်းပြနိုင်ဖို့ ဒီ လူဟာ ခွဲ စိတ်ပြုပြင်မှု ခံယူ ပြီး ပြောင်း လဲသွား တာပါ ဆိုတာကို ကျွန်တော်တို့က သက် သေခံပေးပါတယ်” ဟု ၎င်း ဆရာဝန် က ဆိုသည်။

 အချို့ လက်မှတ် များတွင် မခွဲ စိတ်မီနှင့် ခွဲစိတ်ပြီး ပုံအား နှိုင်းယှဉ်ဖော်ပြ ထားသည်။ ပြီးခဲ့ သည့်နှစ်များ အတွင်း အရှေ့ တောင်အာရှ အပါအ၀င် ကမ္ဘာတစ် ၀န်း မှ လူများသည် ဈေးနှုန်း သင့်တော် ပြီး ကျွမ်းကျင်မှု ရှိသည့် ပလတ်စတစ် ဆာဂျရီ ဆရာဝန် များနှင့်တွေ့ဆုံရန် ကိုရီးယားသို့ လာရောက် ခဲ့ကြသည်။
 
ခွဲစိတ်ပြုပြင်မှု ခံယူသူ အမျိုးသား အ ရေအတွက်လည်း တိုးလာနေပြီး နောက်ဆုံးခေတ်စား နေသည့် ခွဲစိတ်ပြုပြင်မှု မှာ ၀မ်းဗိုက်ကြွက်သားများ ကို အားကစား သမားများ ကဲ့သို့ ပုံဖော် ခွဲစိတ်ခြင်းဖြစ်သည်

KHTun
အတွဲ ၂ အမှတ်စဉ် ၂၆၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။

From...Search Myanmar

 

No comments:

Post a Comment