*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 21 August 2014

မကောင်းတဲ့ အတိတ်နမိတ်ဖြစ်စေတယ် လို့ဆိုကာ သားဖြစ်သူကို မီးရှို့


လူ့ သဘာဝ အရ တစ်ခါတစ်ရံ မှာ အယူအဆ လွဲမှားမှု အစွဲတွေ ရှိတတ်ကြပါတယ်။ ကိုယ် ယုံကြည် ကိုးကွယ် တဲ့ ဘာသာတရား ၊ အယူအဆတွေ ကို တရားလွန်ဖြစ် လာတဲ့ အထိ ဆိုရင်တော့ ကိုယ် တိုင်ကော ၊ ကိုယ့် ပတ်ဝန်းကျင် ကိုကော ထိခိုက်လာစေနိုင်ပါတယ်။ 

တ ကယ်ဆို ရင် တရားနည်းလမ်း ကျကျတွေးမယ် ဆိုရင် ကိုယ်လုပ်ရင် ကိုယ်ခံ ရမယ်၊ အ ကြောင်းရှိလို့ အကျိုးဖြစ်တယ် လို့ပါပဲ။

နိုင်ဂျီးရီးယား က မိဘနှစ်ဦး က သူတို့ရဲ့ အသက် ၁၁ နှစ် အရွယ်သားဖြစ်သူကို မကောင်း တဲ့ ပယောဂ သယ်ဆောင် လာသူ၊ စွမ်းအားရှင် လို့ယူဆပြီး မီးထဲမှာ အချိန်ကြာကြာ မီး တောက် ထဲမှာ ထိုင်နေခိုင်း ခဲ့တဲ့ အတွက် အာဏာပိုင်တို့ က လူသတ်မှု ကျူးး လွန်ရန် ကြံစည်မှုဖြင့် ဖမ်းဆီး စစ်ဆေး အရေးယူ ထားကြောင်း သိရ ပါတယ်။


 
အာဏာပိုင်တွေ ရဲ့ပြောကြားချက် အရ မိဘ လုပ်သူတွေဖြစ်တဲ့ ခရစ်စတိုဖာ အေမော့စ် အက်စီးနဲ့ အေမော့ဂျွန်စန်တို့ က သားဖြစ်သူ မက်စတာနင်ရင်းခရစ်စတိုဖ်ာအီယို ရဲ့ သမားရိုးကျ ကလေး အိမ်မက် အကြောင်း ဖွားအေဖြစ်သူ ထံမှ ကြားသိ ခဲ့ရပြီးနောက် မိသားစု အတွက် မကောင်းတဲ့ အတိတ်နမိတ် ကို ဖြစ်စေတယ် လို့ယူဆကာ ဘုရား ကျောင်းဝင်း ထဲခေါ်ဆောင်သွားပြီး သားဖြစ်သူ ကိုယ်ပေါ် ကို  လောင်စာတွေ ဖျန်းထား ကာ မီးရှို့လိုက်ခြင်းဖြစ်ပါတယ်။

ထိုသို့ အခင်းဖြစ် နေချိန်မှာ သားဖြစ်သူအော်ဟစ် ညဉ်းညူမှုကြောင့် အနားက ညီဖြစ် သူက ပတ်ဝန်းကျင် သို့ သွားရောက် အကူ အညီတောင်း တားဆီး ခဲ့ကြကာ သက်ဆိုင် ရာသို့အကြောင်း ခဲ့ကြခြင်းဖြစ်ပါတယ်။
 

www.myanmarlatestnews.com
Phothutaw
From...Search Myanmar

 

No comments:

Post a Comment