အဆိုပါ လူငယ် ဘောလုံး ပွဲတော် ကို ယခုလ ၈ ရက်နေ့ မှ ၁၁ ရက်နေ့ အထိ တောင်ကိုရီးယားနိုင်ငံတွင် ကျင်း ပခဲ့ခြင်းဖြစ်ပြီး မြန်မာ အပါ အဝင် နိုင်ငံ ပေါင်း ၁၆ နိုင်ငံ မှ လူငယ် အသင်း များ ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည်။
”အုပ်စု ပတ်လည် ကစား ခဲ့တဲ့ ပြိုင် ပွဲ တစ်ခုပါ။ မြန်မာ လူငယ် အသင်း က တော့ သူကျ တဲ့ အုပ်စုမှာ အမှတ် အများ ဆုံးနဲ့ အုပ်စု ပထမ ရရှိ ခဲ့တာပါ”ဟု ဘော လုံး အဖွဲ့ချုပ် မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။
မြန်မာယူ ၁၂ အသင်း သည် လူ ငယ် ဘောလုံး ပွဲတော်ကြီး တွင် အုပ်စု (B) တွင် ပါဝင် ခဲ့ပြီး ထိုင်း၊ ကိုရီးယား ကလပ် ဝမ်ဆမ် FC ၊ တရုတ် ကလပ် ကွမ်ဖူးနှင့် ကိုရီးယား ကလပ် ယွန်ဂျူးဝင်းစ် အသင်း တို့နှင့် ယှဉ်ပြိုင် ခဲ့ရသည်။
ပြိုင်ပွဲတွင် ထိုင်း အသင်းကို နှစ်ဂိုး၊ ယွန်းဂျူးဝင်းစ် ကို သုံးဂိုး၊ ဝမ်ဆမ် င်္ဃ အသင်း ကို ငါးဂိုး တစ်ဂိုးနှင့် တရုတ် ကလပ် အသင်း ကို တစ်ဂိုး တစ်ဂိုး ရလဒ် များဖြင့် သုံးပွဲနိုင် တစ်ပွဲ သရေရ မှတ် ၁ဝ မှတ်ဖြင့် အုပ်စု ပထမ ရရှိ ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ယင်းသို့ နိုင်ပွဲ များ ရယူနိုင်ခဲ့ခြင်း ကြောင့် မြန်မာ လူငယ်ကစား သမားများ အနေဖြင့် တောင်ကိုရီးယားနိုင်ငံ သို့ သွားရောက် ယှဉ်ပြိုင် ခဲ့ရသည့် ဘောလုံး ပွဲတော် များတွင် ပထမဆုံး အနေဖြင့် အောင်မြင်မှု ရရှိ ခဲ့ခြင်းဖြစ်ပြီး ယခင် အင်ချွန် လူငယ် ပွဲတော်များ တွင် ရှုံးနိမ့်မှု ကို အဖတ် ဆယ်နိုင် ခဲ့ကြောင်း သိရ သည်။
ကိုရီးယား အာရှ လူငယ်ဘောလုံး ပွဲတော်ကြီး ကို တောင်ကိုရီးယား အမျိုး သား အဆင့် လူငယ်ဘောလုံး အဖွဲ့ချုပ် မှ ဘောလုံးနှင့် ပညာရေး ယဉ်ကျေးမှု များ တိုးတက်ရေး အတွက် ကျင်းပခဲ့ခြင်း ဖြစ်ပြီး လူငယ် ကစား သမား စုစုပေါင်း ၁၃ဝဝ ပါဝင် ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment