*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 10 August 2014

ကလေး များ အရိုး အဆစ် ရောင်ခြင်း အကြောင်း သိကောင်း စရာ

 
 
 ကလေးငယ် များ အရိုး အဆစ် ရောင်ရခြင်း မှာ ရောဂါကြောင့် ထက် ထိခိုက် ဒဏ်ရာ ရခြင်းကြောင့် ဖြစ် တတ်သည်။ အမြင့်ပေါ်မှ ခုန်ချခြင်း၊ ကစား ရင်း ချော်လဲခြင်း၊ တစ်ခုခုနှင့် မတော် တဆ ထိခိုက် မိခြင်းကြောင့် အရိုး အဆစ် များ ရောင်တတ်သည်။

ထိခိုက် ဒဏ်ရာ ရလျှင် အရိုးအဆစ် များ ရုတ်တရက် ရောင်လာ တတ်သည်။ အရိုး သို့မဟုတ် အဆစ် တစ်ဝိုက် တွင် ရှိသော အရိုး အမြှေးပါး နာ၍ဖြစ်စေ၊ အဆစ် တစ်ဝိုက် မှ အကြော အရွတ် တို့ ပွန်းပဲ့ပြီး ဒဏ်ဖြစ် သွား၍ ဖြစ်စေ ရောင်ရမ်းခြင်း ဖြစ်တတ်သည်။ ရောဂါ ကြောင့် အဆစ် အမျက် ရောင်ပါ က လေး ဖက်နာ ရောဂါ ဖြစ်သည်။



လေးဖက်နာ သည် အသက် ၅ နှစ် မှ ၁၂ နှစ် အရွယ် အတွင်း ဖြစ်ပွား ပါက ကလေး အဖျား ကြီးပြီး အဆစ် များ ရောင် လာမည်။ လက် တွင် လက်ကောက်ဝတ်၊ ခြေထောက် တွင် ဒူးဆစ် များ ရောင်ပြီး နာလာ မည်။ ခြေချင်း ဝတ်၊ တံတောင်ဆစ် များ ဆီသို့ ရောက်နိုင် သကဲ့ သို့ အဆစ် အားလုံး လိုလို ရောင်ပြီး နာလာမည်။

ကလေး များ မကြာခဏ အာသီးရောင် လျှင် ဖြစ်ပေါ်သည့် စထရပ်ကောကပ် ပဋိ ပစ္စည်း များ သွေး ထဲ ရောက် ကာ နှလုံးရောဂါ ဖြစ်လာ နိုင်သည်။ နှလုံးရောင်၊ အဆစ်ရောင် လာတတ်သည်။ ပင်နီဆီလင်ဗွီ စားဆေး နေ့စဉ် နံနက် တစ်လုံး၊ ည တစ်လုံးဖြင့် ခုနစ်ရက် မှ ၁ဝ ရက် သို့မဟုတ် လနှင့် ချီပြီး ခြောက်လမှ ရှစ်လ အထိ တိုက်ကျွေး ရမည်။ သွေးထဲ တွင် အေအက်စ်အို ( ASO ) စစ်ဆေးပြီး လျော့ကျလာ မှ ပင်နီဆီလင် ကို လျှော့ချ ရမည်။

အခြား အဆစ်ရောင် တစ်မျိုး မှာ အတိအကျ မရှိသည့် အဆစ်ရောင် ခြင်းဖြစ်ပြီး လေးဖက်နာ ရောဂါ ကဲ့သို့ ဒူးဆစ်နှင့် ခြေချင်းဝတ် အဆစ် တို့တွင် ရောင်တတ်၍ အခြားအဆစ် သို့ ခုန်ကူး ရောင်ခြင်း မရှိပါ။ ဒူးဆစ်ရောင် လျှင် တစ်မျိုးတည်း၊ တစ်ဖက် တည်း ရောင်မည်။

အဆစ် အတွင်း အရည်ဝင် သည့် လက္ခဏာ တွေ့နိုင်သည်။ အိပ်ရာ ထခါစ နံနက်မှာ အဆစ်များ တောင့် တင်း နေတတ်သည်။ အများ အား ဖြင့် ကလေး အသက်နှစ်နှစ် မှ လေးနှစ် အရွယ် ယောက်ျား လေးများ ပို၍ ဖြစ်တတ်သည်။ ရက် အတော်ကြာ အဖျားတက် နေတတ်သည်။

မျိုးရိုးအလိုက် သွေးမတိတ်၊ သွေးယိုရောဂါ သည် ယောက်ျားလေး များ ၌ စတင် ဖြစ်ခဲ့ ချိန် မှစပြီး အဆစ်များ အတွင်းေ သွးယို ၍ အဆစ်ရောင် ရောဂါ ပေါ်လာနိုင်သည်။ အဆစ် အတွင်းသို့ ဘက်တီးရီးယား တစ်မျိုးမျိုး ဝင်၍ ပြည်တည်နာ ဖြစ်လျှင်၊ အဆစ် အနီး၌ အရိုးနာ ဖြစ်ခဲ့လျှင်၊ အဆစ် အတွင်း တီဘီ ရောဂါ စွဲကပ်လျှင် အဆစ်ရောင် လာသည်။ ပြည် သို့မဟုတ် အရည် ဝင်လျှင် ရောင်ကိုင်းကာ ကိုယ်ပူပြီး ဖျားတတ်သည်။

အချို့ ကလေး များမှာ ဝမ်းလျှော၊ ဝမ်းကိုက်၊ အူရောင် ငန်းဖျားနှင့် ဂျိုက်သိုး ရောဂါဖြစ်လျှင် အဆစ်ရောင် ရော ဂါ ရလာကြသည်။ အဆစ်ရောင်ပြီး နာလာလျှင် သို့မဟုတ် မရောင်ဘဲနာ လာလျှင် ဆေး မြီး တိုဖြင့် မကုဘဲ တတ်ကျွမ်းသည့် ဆရာဝန်နှင့် ပြသပြီး ကုသမှု ခံယူခြင်းဖြင့် နောက် ဆက်တွဲ ဆိုးကျိုး များ မခံစားရဘဲ သက်သာစွာ ကုသနိုင်မည် ဖြစ်သည်။ 


ပိုးကြောင့် ဖြစ်သော အဆစ်ရောင် မှာ အဆစ်များ ရောင်လာပြီး မြန်မြန် ပျောက်အောင် ကုသ၍ မရပါ၊ မကုသ လျှင်လည်း နှလုံးရောဂါ ဖြစ်နိုင်သည်။

ကလေး မှာ ကြာမြင့်စွာ အဆစ်ရောင် ၍ အဆစ် မှ ကြွက်သား များ အားနည်းကာ မသန်မစွမ်း ကလေးငယ် ဘဝသို့ ရောက်ရှိ စေနိုင်သည် ကို ဂရုပြု သင့်ပါသည်။ ။


ဒေါက်တာ လွင်သန့် (ဆေး-၂)
#Themyawadydaily
#myawady_health

From...Thit Htoo Lwin

No comments:

Post a Comment