*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 10 August 2014

သွေးလွန် တုပ်ကွေးရောဂါ ( Dengue fever )


( သွေးလွန် တုပ်ကွေးနှင့် ပတ်သက်ပြီး အထူး သတိပေးခြင်းနှင့် ကျန်းမာရေး အသိများ သိရှိစေရန် မကြာ ခဏ တင်ပြပေးခဲ့ ပါတယ် ။ ယခု ထပ်မံပြီး ဂရုစိုက်စေချ င်လို့ သိသင့် တာကို ဆက်လက် တင်ပြပေး ပါသည် .... mg mandalay )

သွေးလွန် တုပ်ကွေးရောဂါ ကို အားလုံး သိထားသည့် ခြင်ကြောင့်ဖြစ်သည့်ရောဂါ တစ်မျိုး ဘဲဖြစ်ပါ တယ် ။ အေးဒီစ် အမျိုးအစား သည်သာ သွေးလွန် တုပ်ကွေးဗိုင်းရပ်စ်ပိုး ကို သယ်ဆောင်နိုင် သည်ခြင်း ဖြစ်ပါတယ် ။


 သွေးလွန် တုပ်ကွေးဖြစ်နေသည့် လူတစ်ယောက် ကို ကိုက်လိုက်ပြီး ဌင်းခြင်သည် နောက်တစ်ယောက် ကို ကိုက်လိုက် ပါက ကူးစပ်ခြင်းဖြင့် သွေးလွန်ု တုပ်ကွေးရောဂါ ထပ်မံ ကူးစက်ပြန့် ပွား ပါတော့သည် ။


သွေးလွန် တုပ်ကွေး စဖြစ်သည့် အနေအထား တစ်ခု ကိုပြောပြ ရရင် ရိုးရိုး ပုံမှန် ဖျားသည့် အတိုင်း စဖြစ် လာပါ တယ် ။ အဲဒီလို အချိန် မှာ ဝေဒနာ ခံစားရသူ သည် တစ်ကိုယ်လုံး ကိုက်လာ ပါတယ် ။ 


အဲဒီ လို ဖြစ်နေ သည့် ကလေးတွေ က ခံစားမှု့ ကို မပြောတတ်တော့ ဖျားနေသည့် ကလေးကို မိဘ များက ပုံမှန် ဖျားနေသည့် အတိုင်း ထင်ပြီး ရက် အနည်းငယ်ကြာလာ လို့ မပျောက်နိုင်ဖြစ် လာတော့ မှ ဆေးရုံ ကိုရောက် လာကြတာ များပါတယ် ။

 ဒါကြောင့်လဲ မဖြစ်သင့် တာတွေလွန်တာတွေ ဖြစ်လာတော့ နောက်ဆက်တွဲ စိတ်မကောင်း ဝမ်းနည်း စရာ များစွာဖြစ်ပေါ် ခဲ့ကြပါတယ် ။ အခုတင်ပြ သည့် အပိုင်းကို ကလေး မိဘများတိုင်း အထူး သိထားသင့်သည့် အချက်တစ်ခုပါ ။

သွေးလွန် တုပ်ကွေး အမျိုးအစား (၃)မျိုးဖြင့် တုပ်ကွေးကွေး ကြပါတယ်။
(၁) Dengue Fever ကတော့ ပုံမှန် ဖျားနာ တုပ်ကွေးပါ ၊
 

(၂) Dengue Hemorrhagic Fever (DHF) ဒီ အမှတ်စဉ် ကတော့ ပြင်းထန် စွာဖြစ်ပေါ် နိုင်သည့် တုပ်ကွေး ဖြစ်ပါတယ် ။ ဘာဖြစ်လို့ လဲ ဆိုတော့ သွေးယိုစိမ့်မှု့ အပိုင်းတွေဖြစ်ပေါ်လာ လို့ ပါ ။
 

(၃) Dengue Shock Symdrome အဆင့်ရောက်နေ ရင်တော့ နောက်ကျနေတယ် လို့ တောင် ပြော လို့ ရသည် ။ ဖျားနာတုပ်ကွေး အမျိုးအစား များထဲက ဝေဒနာရှင် တစ်ယောက် ကို ပြောင်းလဲ သွားစေနိုင်လို့  အထူး သတိထား ကြပ်မတ် ကုသရတော့ သည့် အပိုင်းဖြစ်ပါတယ် ။ အလွန်ပင် အရေးကြီး သည် လို့ တောင် ဆိုလို့ ရပါတယ် ။

ကလေးငယ် တစ်ယောက်သည်  ပုံမှန် ဖျားနာခြင်း စဖြစ်ပြီး အပြင်း ဖျားလိုက် သက်သာ လာလိုက်  ဆိုပြီးတော့ မပေါ့ ဆသင့် ပါဘူး ။ ကလေးတွေ မှာ အဖျားကျတယ် ဆိုရင် ဆော့ကစားချင် သည့် စိတ်တွေဖြစ်လို့ ဆော့ပါတယ် ။ 


ဒီရောဂါကျတော့ သွေးလန့် လို့ သာ အဖျား ကျပြီး ကလေး မှာ မှေးနေပါတယ် ။ အဲဒီလို့ဖြစ်နေပြီ ဆိုရင် ရက် အနေ အားဖြင့် ၃ ရက်ကျော် လာရင်တော့ မိဘများ ၊ အုပ်ထိန်းသူများ အနေဖြင့် ဆေးရုံ ဆေးခန်း သို့ ချက်ခြင်း သွားရောက် ကုသမှု့ ခံယူပါလို့  ပြောကြား လိုပါတယ် ။

မလွန်ခင် က ကုသခြင်းဖြင့် အသက် ကို ကယ်တင်နိုင်မှာ ဖြစ်လို့ ပါဘဲ ။ တစ်ချို့ မိဘတွေ မိတ်ဆွေတွေ မှာ ဒါလေးတွေကောင်းတယ် ။ သူတို့ တွေလဲ ဒါနဲ့ ပျောက်ကြတယ် ဆိုပြီး နားယောင် လိုက်တက်ကြ ပါတယ် ။ အဲလို မျိုးတွေ လျှောက်လုပ် နေကြလို့ လဲ မဖြစ်သင့်သည့် ခံစားရသည့် လူတွေ မနည်းတော့ပါဘူး ။ 


အကောင်းဆုံး ကတော့ ဆေးရုံ မှာသာ ကုသ ပါလို့ တိုက်တွန်းပြောကြား လိုက်ပါသည် ။

အသက်ရာကျော် ရှည်ပါစေ

Mg Mandalay
https://www.facebook.com/mg.mandalay?fref=ts&ref=br_tf




From...Thit Htoo Lwin






No comments:

Post a Comment