အစ္စရေးနိုင်ငံ ထဲက တိုင်းရင်းသား လူမျိုးစု ၁၂ ခု ထဲမှာ တစ်ခု အပါ အဝင်ဖြစ်တဲ့ စီမီယွန် လူမျိုးစု ကလေးငယ် တစ်ဦးဟာ ပုဂ္ဂလိက ဆေးခန်း တစ်ခန်းထဲ ကို အပြေးအလွှား ဝင်ရောက်လာ ပါတယ်။ သူဟာ ဆရာဝန် နဲ့ တွေ့တွေ့ချင်း စကား မပြောနိုင်သေးဘဲ အသက်ကို ဝအောင်ရှူ နေရ ပါသေး တယ်။ ပြီးတော့ မှ အမော တကောနဲ့ ပြောထွက် လာတာ ပါတယ်။
" ဒေါက်တာ၊ ဒေါက်တာ ... ကျွန်တော့် သခင်ကြီးရဲ့ လက်မမှာ ပိုးသတ်ဆေး အဆိပ် ထိထားပါတယ်၊ ကျွန်တော်တို့ လည်း အဲဒီ အဆိပ်ကို တတ်နိုင် သလောက် စုပ်ထုပ် ထားပါတယ်၊ ဒါပေမယ့် အဆိပ်က သူ့လက်မောင်း အထိ တက်နေတယ် လို့ ပြောပါတယ်၊ အဲဒါ ဒေါက်တာ လိုက်ကြည့်ပေးပါဦး "
သူတို့ လူမျိုးစုရဲ့ သခင်ကြီး လို့ ပြောလိုက်ကတည်း က အမြင့်ဆုံး အကြီးအကဲ တစ်ဦးဖြစ်တယ် ဆို တာ ဆရာဝန် က သဘောပေါက် သွားပါပြီ ။ အဲဒီ သခင်ကြီး ဘယ်မှာနေတယ် ဆိုတာ ကိုလည်း သူ သိထား ပါတယ်။
သူက သူ့ဆေးအိတ် ကို ဆွဲပြီး
ဆေးခန်း ထဲ ကနေ ချက်ချင်း ထွက်ခဲ့ ပါတယ်။ ဒါပေမယ့် ဆေး
ခန်းဘေး က မြင်းဇောင်းမှာ ထည့်ထားတဲ့မြင်း ကို ဆွဲခေါ်ပြီး မြင်းကုန်းတင်၊ ပါးချပ်ခွံ့ရတာ ကတော့ နည်းနည်း အချိန်ပေးရတာပေါ့။ သခင်ကြီးနေတဲ့နေရာ က ၂ မိုင်လောက် ဝေးတာ ဆိုတော့ လမ်းလျှောက် သွားနေရင် တော်တော် နဲ့ရောက် မှာ မဟုတ်တော့ဘူး။ ဆရာဝန်က လာပြော တဲ့ကောင်လေး ကိုပါ မြင်းပေါ် တင်ပြီး နှစ်ဦးသား ဒုန်းစိုင်း ခဲ့တယ်။
သခင်ကြီးအိမ် ကို ရောက်တော့ ဆရာဝန်ကို သခင်ကြီးရဲ့ တပည့်တွေက ကြိုဆိုပြီး သခင်ကြီးရဲ့ အိပ်ခန်း ဆီ ခေါ်သွားပါတယ်။ သခင်ကြီး ဟာ သူ့ခုတင် မှာ လှဲနေပြီး အနား မှာတော့ သူ့ဇနီးတွေနဲ့ သားသမီးတွေ က ဝိုင်းနေကြလေရဲ့။ ဆရာဝန်ကို တွေ့တွေ့ချင်း သခင်ကြီးက လက်မ ကိုမြှောက်ပြ ပြီးပြော တယ်။
" ဒေါက်တာ၊ ခင်ဗျား ကျွန်တော့်ကို ကယ်မှ ဖြစ်မယ်၊ ပိုးသတ်ဆေး အဆိပ်က လက်မ ကနေ ကျွန်တော့် လက်မောင်း အထိ တက်နေပြီ၊ ဦးနှောက် ထဲ ဝင်သွား ရင်တော့ ကျွန်တော် သေတော့ မှာပဲ"
သခင်ကြီး ရဲ့ စကားသံ နဲ့ အတူ ဆယ်ယောက်နီး ပါးလောက် ရှိတဲ့ သူ့ဇနီးတွေက တအီအီနဲ့ ငိုကြွေးလာကြ ပါတယ်။

မိခင်တွေ ငိုတော့ သားသမီးတွေ က
လည်း လိုက်ငိုကြ တယ်။ သခင်ကြီး ရဲ့ အိပ်ခန်းဟာ
အသုဘ အိမ် နဲ့ တူ သွားပါတော့တယ်။ ဆရာဝန် ကသူ့ဆေးအိတ် ကို ခုတင်ဘေးက စားပွဲခုံပေါ် တင်လိုက် ရင်း လက်မြောက်ပြလိုက်တယ်။
" မငိုကြပါနဲ့၊ ကျွန်တော် ရောက်လာတာ အချိန် မီပါသေးတယ်၊ သခင်ကြီး ကို ကျွန်တော်က အမေရိကန်က လာတဲ့ " သွမ်ဆိုနီယံ ဆေးဝါး" တွေနဲ့ ကုမှာ၊ သခင်ကြီး မသေစေရပါဘူး" သခင်ကြီးရဲ့ မိန်းမတွေ၊ ကလေးတွေ ဟာ အဲဒီ ဆေးဝါးအကြောင်း ကြားတောင်ကြား ဖူးကြတာ မဟုတ်ပါဘူး။

ဒါပေ မယ့် ဆရာဝန် က အသံသြဇာ
ကောင်းကောင်း နဲ့ပြောလိုက် တာမို့ ဆက် မငိုကြတော့ ပါဘူး။ ဆရာ ဝန်က သူ့ဆေး
အိတ်ထဲ ကနေ ဆေး ဝါးတွေ ထုတ်နေတဲ့ အချိန်မှာ သခင်ကြီး ရဲ့ ဇနီးတွေနဲ့
သားသမီးတွေ ဟာ အိပ်ခန်းထဲကနေ အလျှိုအလျှို နဲ့ ထွက်သွားကြတယ်။
ဆရာဝန် က သခင်ကြီး ရဲ့လက်မ ဒဏ်ရာကို ဆေးစည်းပေးပြီး သောက်ဆေးတွေ တိုက်ကျွေးနေတဲ့ အချိန် မှာ မီးဖိုဆောင် ဘက် ကနေ ဟင်းရနံ့တွေ လှိုင်ထွက် လာတယ်။ သူ့ကို ညစာကျွေးဖို့ပြင်ဆင် နေကြပြီလို့ ဆရာဝန်က သေချာပေါက်တွေး မိတယ်။

သူ
ထင်တဲ့ အတိုင်းပဲ ဆေးကု သမှုပြီး ဆုံးလို့ သခင်ကြီး ရဲ့ အခန်းထဲက ပြန်ထွက်
လာတဲ့ အချိန်မှာ သခင်ကြီး ရဲ့ ဇနီးတွေက ညစာ စားပြီး မှပြန်ပါလို့ လာပြောကြတယ်။
ဆေးခန်း မှာ လူနာတွေ လာကြဦးမှာ မို့ မစားနိုင်တော့ကြောင်း တောင်းပန်ပြီး
ဆရာဝန် လည်း ပြန်လာခဲ့တယ်။
From...Manawmaya Journal
No comments:
Post a Comment