*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 6 August 2014

ဂျော့ခ်ျအော်ဝဲ အံ့သြ သွားမယ့် ယနေ့ မြန်မာပြည်



ကမ္ဘာကျော် စာရေး ဆရာကြီး ဖြစ်လာသော ဂျော့ခ်ျအော်ဝဲ မြန်မာပြည် တွင် ရဲအရာရှိ အဖြစ် အမှု ထမ်းသော ၁၉၂၄ ခုနှစ် မှာ ဗြိတိသျှ ကိုလိုနီ တို့၏ သစ္စာခံ ပုလိပ်များ အတွက် အခက်ခဲဆုံးနှစ် တစ်နှစ် ဖြစ် သည်။ 

ထိုအချိန် က မှုခင်း များဖြစ်ပွားမှု ထူးထူးခြားခြား များပြားနေခဲ့ပြီး အထူး သဖြင့် လူသတ်မှု များ တိုးပွားနေ ခဲ့သည်။

ထို့ကြောင့် ဗြိတိသျှ အာဏာပိုင် တို့က လူသတ်မှုနှုန်း များလာခြင်း ၏ အကြောင်းရင်း များကို ဖော်ထုတ်ရာ အရက်သေစာ မှာ အဓိက အကြောင်းရင်း တစ်ခု ဖြစ်နေသည် ကို တွေ့ရသည်။ 

ဗြိတိသျှ ကိုလိုနီလက်အောက် မှာပင် ဓနိရည်၊ ထန်းရည်နှင့် အရက်သောက်ခြင်း မှာ မှုခင်း ကျူးးလွန် မှု၏ အကြောင်းရင်း တစ်ခု ဖြစ်နေ ၍ ကော်မတီ တစ်ရပ်က ‘‘အရက်လုံးဝ မသောက်ရ’’ဟု ပိတ်ပင်ရန် ပင် အာဏာပိုင် များကို အကြံပြု ခဲ့ကြလေသည်။


ဂျော့ခ်ျအော်ဝဲ ပုလိပ်အရာရှိ အဖြစ် မြန်မာပြည် တွင် တာဝန်ကျ ခဲ့ပြီး နှစ်ပေါင်း ၉၀ ခန့် အကြာ ယနေ့ကာလ တွင် နိုင်ငံ အ၀န်း လူသတ်မှု ကျူးးလွန် ရခြင်း၏ အဓိက အကြောင်းရင်း များ၌ အရက်သေစာ ပါဝင်နေ ဆဲဖြစ်၏။

မြန်မာနိုင်ငံ တွင် ၂၀၁၂ ၌ လူသတ်မှုပေါင်း ၁၃၀၀ ကျော် ဖြစ်ပွား ခဲ့ပြီး ၂၀၁၄ ပထမခြောက်လ တွင် လူသတ် မှုပေါင်း ၆၀၀ ကျော် ဖြစ်ပွား ခဲ့ရာ တစ်လ ပျမ်းမျှ လူသတ်မှု တစ်ရာကျော် ဖြစ်ပွားနေသည်။ 

လူသတ်မှု အဖြစ်ပွားဆုံးဒေသ များတွင် လူဦးရေ အများဆုံး နေထိုင်သော ရန်ကုန် တိုင်းဒေသကြီး လည်း အပါ အ၀င်ဖြစ်သည်။ ရန်ကုန် တွင် ဖြစ်ပွားသော လူသတ်မှု များ၏ ဇာစ်မြစ် တွင် အရက်သေစာ မှာ အဓိက ဇာတ်ဆောင်နေရာ မှ ပါဝင်နေသည်။

၂၀၁၄ ဇန်န၀ါရီ မှ ဇွန်လ အထိ ရန်ကုန် တွင် လူသတ်မှု ၁၀၂ မှုဖြစ်ပွား ရာ ရှစ်မှုမှာ အရက်သေစာသောက် စားပြီး ကျူးးလွန်ခြင်း ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ် မှ ၂၀၁၄ အထိ ၁၄ နှစ် အတွင်း လူသတ် မှုပေါင်း ၁၈၈၀ ဖြစ် ပွားရာ အရက်သောက် စားပြီး မူးယစ်၍ ကျူးးလွန်မှု ၁၁၉ မှုရှိသည်။ 

ထို့ကြောင့် ရန်ကုန် တွင် ဖြစ်ပွားသော လူသတ်မှု အားလုံး၏ ခြောက် ရာခိုင်နှုန်းကျော် မှာ အရက်သေ စာကြောင့်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှထုတ်ပြန်သော စာရင်း ဇယားများအရ သိရသည်။

အရက်သောက် ပြီးပြစ်မှု ကျူးလွန်ခြင်း အပြင် အကြောင်းပြချက် မည်မည်ရရ မရှိဘဲ တဒင်္ဂဒေါသ မထိန်းနိုင် ဘဲ ကျူးလွန်ခြင်း မှာလည်း အဓိက အကြောင်း အရင်းထဲ တွင် ပါဝင်နေသည်။ ထို့အပြင် စိတ်ရောဂါဝေဒနာ အချိန်မီ မကုသနိုင် ၍၊ အလိုရမ္မက် မထိန်းနိုင်၍၊ မိန်းမ ကိစ္စနှင့် ရန်ငြိုး ရန်စကြောင့် ကျူးလွန်ခြင်း များမှာ လည်း စီးပွားရေးမြို့တော် ရန်ကုန် တွင် လူသတ်မှု ကျူးးလွန်ခြင်း၏ အကြောင်းများပင် ဖြစ်သည်။

၂၀၁၄ မတ်လ ၁၅ ရက်က ရန်ကင်းမြို့နယ် တွင် ဟင်း ၀ယ်ရန် နေအိမ်မှ ထွက်လာသော အမျိုးသား တစ်ဦး မှာ လမ်းတွင် အရက်ဆိုင် မှပြန်လာသူ အသက်(၂၀)ကျော် အရွယ် ချစ်ပို(ခ)ဝေယံဖြိုး အား မတော် တဆ ပခုံးချင်း တိုက်မိ ရာမှ ချစ်ပို က မကျေနပ် ၍ ၎င်းအား အရက် ပုလင်းဖြင့် ဦးခေါင်း ကိုရိုက်ပြီး ဗိုက်ကို ပုလင်း ကွဲဖြင့် ထိုးသည်။ 

ထို့နောက် ဓားရှည်ဖြင့် လည်း လူ အများရှေ့မှာ ပင် အမျိုးသား လည်ပင်း ကို အချက်ပေါင်း များစွာ ခုတ် သတ် ခဲ့ပါသည်။

ထို့အပြင် ဇွန်လ ၉ ရက် က လှိုင်သာယာမြို့ နယ် ၁၉ ရပ်ကွက် ရှိ လက်ဖက်ရည်ဆိုင် တစ်ခုတွင် အရက်သောက် ထားသော လူငယ်များ က အခြားဝိုင်း မှ လူများဖြင့် စကားများ ရာမှ ရန်ငြိုး မရှိဘဲ လက် နက် များပြန် ယူပြီး ဆိုင်ရှင် များရှေ့မှာ ပင် အုပ်စု ဖွဲ့လူသတ်မှု ဖြစ်ပွားခဲ့သည်။ 

အဆိုပါ ကျူးလွန်သူ များမှာ အရက်သောက်စား ထားပြီး ဆိုင် အတွင်း ဆူညံနေသောကြောင့် ဘေးဝိုင်း က အမျိုးသား တစ်ဦးက ဟန့်တား ခဲ့ရာ မကျေနပ် ၍ ဓားဖြင့် အချက်ပေါင်းများ စွာ ထိုးသတ် ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ အုပ်စု ဖွဲ့လူသတ်မှု ကျူးးလွန်ပုံ ကို CCTV ရိုက်ကူး ထားသော ဖိုင် သြဂုတ် ၄ ရက်တွင် ဖေ့စ် ဘွတ်ခ် ၌ တက်လာ၍ ကြည့်ရှုသူ အားလုံး အသက် ငယ်ငယ် ရွယ်ရွယ်ဖြင့် ရမ်းကား ရက်စက် ပုံကို အံ့သြ ကြရသည်။

ပညာတတ် အများဆုံး ရှိရာ ရန်ကုန် မှာပင် ထိုကဲ့သို့ လူသတ်မှု မျိုး ကျူးလွန်ကြ ၍ ဖွံ့ဖြိုးမှု နည်းသော နယ်ဒေသ အခြေအနေ ကို လွယ်ကူစွာ မှန်းဆနိုင်သည်။ အောက်ပါ ဥပမာ က ဒီမိုကရေစီခေတ် တွင် မြန်မာ အချို့ ၏ အဆင့်အတန်း ကို ဖော်ပြနေသည်။

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် အတွင်း ၀ါးခုတ်သူ လုပ်သား အချင်းချင်း တောထဲ တွင် အရက်ဝိုင်း ဖွဲ့သောက်နေ စဉ် စကားများ ရန်ဖြစ်ရာ အရက်ဝိုင်း ထဲမှ အမျိုးသား တစ်ဦး ကို ဓားဖြင့် ထိုး သတ်ပြီး ဗိုက်ဖောက် ကာ အသည်း ကို ကင်စား ခဲ့သည် မျိုးပင် ယခုနှစ်ဆန်းပိုင်း က ဖြစ်ပွားခဲ့သည်။

အရက်သောက်စား မူးယစ်ပြီး လူသတ်မှု ကျူးလွန်ခြင်း အပေါ် ရှေ့နေ များနှင့် မှုခင်း ဆိုင်ရာ ကျွမ်းကျင် သူများ ၏ သုံးသပ်ချက် အရ ပြည်တွင်း တွင် နေရာတော်တော် များများ ၌ ယခင် ကထက် အရက်၊ ဘီယာ ဆိုင် များ ပေါများ လာပြီး အသက် အရွယ် မရွေး သောက်သုံး ခွင့်ပြု ထားခြင်းမှာ အဓိကဖြစ်သည် ဟု သုံး သပ်ကြသည်။

‘‘အရင်ခေတ် က အရက် ဆိုရင် ပုန်းလျှိုး ကွယ်လျှိုး ၀ယ်ကြသောက်ကြ တာလေ။ အခုခေတ် မှာ ကွမ်းယာ ဆိုင် လို နေရာ မျိုးတောင် အလွယ်တကူ ၀ယ်လို့ ရပြီး ပေါပေါ များများ ဖြစ်နေတာကိုး’’ဟု တရား လွှတ်တော်ရှေ့နေ တစ်ဦးက ပြောသည်။

ထို့အပြင် လောင်းကစားရုံ များ၊ ကေတီဗီနှင့် အနှိပ်ခန်း များ စသည် တို့ ပိုမို ဖွင့်လှစ် လာခြင်းသည် လူငယ် များ အကျင့် စာရိတ္တ ပျက်ပြားစေကာ သည်းခံနိုင်စိတ် ကင်းမဲ့ခြင်းနှင့် စိတ် လှုပ်ရှားလွယ် ကာ ဆင်ခြင်နိုင် မှု နည်းပါးခြင်း တို့က လူသတ်မှု အပါအ၀င် ပြစ်မှု ကျူးးလွန်ရန် လောင်စာဖြစ်သည်။ 

ထိုအခြေအနေ စိတ် အခံတွင် အရက်သေစာ က အဓိကလောင်စာဖြစ်လေ့ ရှိသည်။
ထို့ အပြင် အစိုးရ သစ်လက်ထက် တွင် နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုကြောင့် လွတ်ငြိမ်း ချမ်းသာခွင့်ပေး ရာတွင် ရာဇ၀င်လူဆိုးများ၊ လူသတ်မှု ကျူးးလွန်သူများ ကိုပါ လွှတ်ပေး ၍ လူသတ်မှု ကျူးလွန်ပြီး ထောင်ကျ မည်ကို စိုးရိမ်မှု နည်းပါးခြင်း မှာလည်း ပြစ်မှု ကျူးလွန်မှု မြင့်တက်စေကြောင်း ထောက်ပြမှု များရှိသည်။

‘‘အခု အချိန်မှာ နိုင်ငံတော် က ခေါင်းဆောင် လူကြီးတွေ က လွတ်ငြိမ်း ချမ်းသာခွင့်တွေ ခဏ ခဏပေးတော့ အနှစ် ၂၀ ချ ခံရမယ့်သူက လေး၊ ငါးနှစ် နဲ့ ပြန် လွတ်တော့ ဒီ အပေါ်မှာ အခွင့်ကောင်း ယူတတ် လာကြတယ်’’ ဟု တရားလွှတ်တော်ရှေ့နေ ဦးထွန်းမြင့်က ပြောသည်။

လူသတ်မှု အများစုဖြစ်ပွား မှုတွင် ကြိုတင် ကြံရွယ်ခြင်းထက် ရုတ်တရက် ဒေါသ စိတ် ထိန်းချုပ်နိုင်စွမ်း မရှိခြင်းကြောင့် ကျူးလွန်ခြင်း မှာ အများဆုံးဖြစ်သည်။ ထို့ကြောင့် သည်းခံနိုင်စိတ် ကင်းမဲ့ ကာ ဒေါသစိတ် မထိန်း ချုပ်နိုင်ခြင်းသည် နှစ်ပေါင်း ၅၀ အတွင်း ပညာရေး အခြေ အနေနိမ့်ကျ ခဲ့မှုနှင့် တိုက်ရိုက် သက် ဆိုင်ကြောင်း တရား ဥပဒေကျွမ်းကျင်သူ များက ပြောသည်။

‘‘အခုဖြစ်တဲ့သူ အများ စုက ပညာ မရှိတဲ့ အောက်ခြေ လူတန်းစားတွေ မှာ ဖြစ်တာ များတယ်။ သူတို့ မှာ စိတ်ကို ထိန်းချုပ်နိုင်စွမ်း မရှိကြ ဘူး’’ဟု တရား လွှတ်တော်ရှေ့နေနှင့် ဥပဒေ အကြံပေး ဦးအေးသောင်း ကပြောသည်။

ထို့ကြောင့် ယင်းဖြစ်ပွားမှုနှုန်း များကို ထိန်းချုပ်နိုင် ရန် အရက်ဆိုင် များတွင် အသက် မပြည့်သေးသည့် လူငယ် များကို ရောင်းချမှု ကန့်သတ် ရန်နှင့် အရက်ဆိုင် များ ယခုထက် အရေ အတွက် မများပြားအောင် တားဆီး ရန် လိုအပ်ကြောင်း ၎င်းတို့က ထောက်ပြသည်။ 

ထို့အပြင် တိုင်းပြည် ၏ ပညာရေး အဆင့်အတန်းမြှင့်တင် ရန် ပညာပေးဟောပြောပွဲ များ ရပ်ကွက်ကျေးရွာ၊ စာသင်ကျောင်း များတွင် ပြုလုပ်ပေးရန် လိုအပ်ကြောင်း အကြံပြုသည်။

‘‘တခြားနိုင်ငံတွေ မှာ အသက် မပြည့်ရင် မရောင်း ရဘူးလို့ ဥပဒေပြဋ္ဌာန်း ထားတယ်။ ဒီနိုင်ငံ မှာလည်း ဒီလို ဥပဒေပြဋ္ဌာန်း သင့်တယ်။ ပြဋ္ဌာန်းဖို့ လိုအပ်တယ်’’ဟု ဦးအေးသောင်း က အရက်ရောင်းချ မှုနှင့် ပတ်သက် ၍ ပြောသည်။

အစိုးရ ၏ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံ တွင် အရက်၊ ဘီယာ၊ စီးကရက် တရားဝင် လမ်းကြောင်းမှ တင်သွင်း မှု ပိတ်ပင် ထားသော်လည်း မှောင်ခို လမ်းကြောင်းဖြင့် ဘီယာ တစ်မျိုးတည်း တင်သွင်း မှု တစ်နှစ်လျှင် လီတာ ၂၆ သန်း ခန့် ရှိနေသည်။

 မြန်မာနိုင်ငံ တွင် တစ်နှစ် လျှင် ဘီယာ တစ်မျိုးတည်း သောက်သုံးမှု မှာပင် လီတာပေါင်း ၄၆ သန်းခန့် ရှိသည်။

လက်ရှိပြည်တွင်း တွင် အရက်၊ ဘီယာ ချက်စက် ရုံ ခုနစ်ရုံခန့် သာ အစိုးရ က ခွင့်ပြု ထားသည်။ အရက်ဖို များ ကမူ နိုင်ငံ တစ်ဝန်းကျေးရွာ တိုင်း အနှံ့ မှိုလိုပေါက်နေ သည်။ ၂၀၁၁ ခုနှစ် တွင် အစိုးရ ၏ တစ်နိုင်ငံ လုံးတွင် တရားဝင် ခွင့်ပြုပေးခဲ့သော ယစ်မျိုး ဆိုင်လိုင်စင်ပေါင်း ၄၁၀၀၀ ကျော် ရှိပြီး ၂၀၁၀ တွင် ယစ်မျိုး လိုင်စင်ပေါင်း ၃၉၀၀၀ ကျော် ကို ခွင့်ပြုပေးခဲ့သည်။ 

ထို့အပြင် ရန်ကုန်တိုင်း တစ်တိုင်း ထဲမှာပင် ၂၀၁၁ ခုနှစ် တွင် ယစ်မျိုး လိုင်စင် ဆိုင် ၈၉၀၀ ကျော်သာ ခွင့်ပြုပေး ခဲ့သော်လည်း ၂၀၁၂ ခုနှစ် တွင် ဆိုင်ပေါင်း ၉၂၀၀ ကျော် ခွင့်ပြုပေး ခဲ့သည်။

လိုင်စင် မရှိဘဲ တရားမ၀င် ယစ်မျိုးဆိုင် များကို ဖမ်းဆီး မိပါက တရားရုံး တွင် တရားစွဲဆို မှုပြုသော်လည်း ဒဏ်ငွေ မှာ ငွေကျပ် တစ်ထောင် သာ ပေးဆောင်ရသည်။ ထို့ကြောင့် အများစု မှာ တရားဝင် ယစ်မျိုး လိုင်စင် ရရန် အတွက် ပေးဆောင် ရသော အခွန်ငွေ ကျပ် ၁၂ သိန်း ကိုမပေးဆောင် ဘဲ စိစစ်တွေ့ ရှိပါမှ ဒဏ်ငွေ သာ ပေးဆောင်လျက် ရှိသည်။

တရားမ၀င် ယစ်မျိုး ဆိုင် များကို ဖမ်းဆီး စစ်ဆေး ခဲ့ ရာ ၂၀၁၂ တွင် ဆိုင် ၁၉၀၀ ကျော် အရေးယူ ခဲ့ပြီး ၂၀၁၃ တွင် ၃၇၀၀ ကျော်နှင့် ယခုနှ စ်ဧပြီလ အထိ ဆိုင်ပေါင်း ၂၀၀၀ ကျော်ကို ဖမ်းဆီး အရေးယူ ခဲ့သည် ဟုဆိုသည်။

သို့သော် အရက်သေစာ သောက်စားမှုလျော့ပါး ရန်နှင့် ငယ်ရွယ် သူများ အရက် မသောက်ရန် တိတိ ကျကျ ထိန်းချုပ်သော ဥပဒေ မှာ ယနေ့ထိ မရှိသေးပါ။ ထို အရေး မှာလည်း လွှတ်တော် တွင် မရောက်သေးပါ။

ရက်စက်သော လူသတ် မှုများ လျော့နည်းစေရန် အတွက် အရက်သေစာသောက် စားမှု လျှော့ချရန်၊ သည်း ခံ စိတ်ထားပြီး စိတ်လှုပ်ရှားလွယ် စွာဖြင့် မတုံ့ပြန်ကြရ န် ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက အကြံပြုသည်။

ထိုပြဿ      နာများ ၏ ရင်းမြစ်ဖြစ်သော နိုင်ငံလုံး ချီ ပညာရည် နိမ့်ပါးမှုနှင့် လောကနီတိ များကို မကျင့်သုံးနိုင် မှု အတွက် မှန်ကန်သော အဖြေ မရှာနိုင်လျှင် နောင် အနှစ် ၁၀၀ တိုင် မြန်မာနိုင်ငံ ၌ လူရိုင်း ဆန်ဆန် လူသတ် မှုများမြင် တွေ့ရဦး မည်ဖြစ်သည်။

ဂျော့ခ်ျအော်ဝဲ မှာ ယခုချိန် ထိ သက်ရှိ ထင်ရှား ရှိ၍ မြန်မာပြည်ရောက်လာ ပါက ဒီမိုကရေစီခေတ် မှာ ပင် ဖြစ် ပွားနေသော ရက်စက်ကြမ်းကြုတ်သော လူသတ်မှု များ ကို တွေ့သွား လျှင် ၁၉၂၀ ၀န်းကျင်နှင့် သိပ် မကွာသေး ဟု မှတ်ချက်ပြု ပါလိမ့်မည်။

7daydaily
From...Search Myanmar

 

No comments:

Post a Comment