*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 21 August 2014

တိုက်တန်းနစ် သင်္ဘော နစ်မြုပ် ရခြင်း

YoYarLay's photo.

(၁၉၁၂)ခုနှစ် ဧပြီ (၁၅) ရက် က နှစ်မြုပ် ခဲ့တဲ့ တိုက်တန်းနစ် သင်္ဘော ဟာ (၁၉၉၇)ခုနှစ် မှာတော့ ကနေဒါနိုင်ငံ သား ဒါရိုက်တာ ဂျိမ်းကင်မရွန် ရိုက်ကူး တဲ့ တိုက်တန်းနစ် သင်္ဘော ဇာတ်လမ်းနဲ့ အတူ တစ်ကျော့ပြန် ရေပန်းစား ခဲ့ပါတယ်။ 

လူ ၁၅၁၇ ဦး သေဆုံး ခဲ့ရတဲ့ တိုက်တန်းနစ် သင်္ဘောနစ်မြုပ်မှု ဟာ အသေ အပျောက် အများဆုံး သင်္ဘောနစ်မြုပ် မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ (၁၀၂)နှစ် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ တိုက်တန်းနစ် သင်္ဘော နစ်မြုပ်မှု အကြောင်း အဖြေရှာကြရာ မှာ ကပ္ပတိန် အီး၊ ဂျေ၊ စမစ် နဲ့ သင်္ဘောသားတွေ အမှားကြောင့် လို့ ဆိုသူက ဆို၊ အတ္တလန်တိတ် သမုဒ္ဒရာ မှာ အခါ မတော်ပေါ် လာတဲ့ ရေခဲတုံးကြီးကြောင့်လို့ ပြောသူ ကပြော
အမျိုး မျိုး အဖုံဖုံ စုံခဲ့ကြပါတယ်။



YoYarLay's photo.
ရှက်ဖီး တက္ကသိုလ် က သုတေသီတွေ ရဲ့ နောက်ဆုံး လေ့လာတွေ့ရှိမှု အရ ဆိုရင်တော့ အင်္ဂလန်နိုင် ငံ ဆောက်သမ်တန် ဆိပ်ကမ်း ကနေ နယူးယော့ခ် ကို ထွက်ခွာ လာတဲ့ တိုက်တန်းနစ် သင်္ဘော နစ်မြုပ်ရခြင်း က ရေခဲတုံးကြီး လမ်းကြောင်းပြောင်း သွားခဲ့ တာကြောင့်ပါပဲ။ 

၁၉၁၂ခုနှစ် အတွင်း အတ္တလန်တိတ် သမုဒ္ဒရာ အနောက်မြောက်ဘက်မှာ ရေခဲ တုံးတွေ တော်တော်ပေါ်ပေါက် ခဲ့ပြီး တိုက်တန်းနစ် နဲ့ ထိခိုက် မိခဲ့တဲ့ ရေခဲတုံး စီးမျောရာ လမ်းကြောင်း (မြောက်ဘက် ၄၈ ဒီဂရီ) အတိုင်း ရေခဲတုံး ၁၀၃၈ ရှိခဲ့တယ် လို့ အဲဒီ သုတေသီတွေ က ယူဆကြပါတယ်။

ဒါပေမဲ့ တိုက်တန်းနစ် သင်္ဘော ၀င်တိုက် မိခဲ့တဲ့ ရေခဲတုံး ကတော့ နယူးဖောင်လန် ကျွန်း ရဲ့ တောင် ဘက်ခြမ်း ကို ရောက်ရှိ လာတဲ့ အချိန်ထိ ၁၈၅ မီတာ မြင့်ပြီး ၁၂၅ မီတာ ရှည်လျားတဲ့ အတွက် ဖိအားများ ခဲ့ပြီး အဲဒီ ရက်ပိုင်း အတွင်း ရာသီဥတု အပြောင်းအလဲနဲ့ အတူ အတ္တလန်တိတ် သမုဒ္ဒရာ တောင်ဘက်ကို လမ်းကြောင်းပြောင်းသွားတဲ့ အခါ တိုက်တန်းနစ် သင်္ဘောလမ်းကြောင်း နဲ့ ဆုံမိ တာလို့ ရှက်ဖီး တက္ကသိုလ် က သုတေသီတွေ က သုံးသပ်ပါတယ်။


@z (ရိုးရာလေး)
Ref: Daily Mail
www.yoyarlay.com


No comments:

Post a Comment