မိုဘိုင်းဖုန်းခေါ်ဆိုခ များ ကို မည်သည့် ကွန်ရက် မဆို တစ်မိနစ် လျှင် ၂၅ ကျပ် ထက်မပိုစေ ဘဲ ခေါ်ဆိုနိုင် မည်ဖြစ်ပြီး ဆင်းမ်ကတ် တစ်ကတ် လျှင် ငွေကျပ် ၁၅၀၀ ထက် ပို မရောင်းစေရန် လည်း ကြိုတင် ၍ စီစဉ် သွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ အမှုဆောင် အရာရှိချုပ် မစ္စတာ Petter Furberg က ကတိပြုပြော ကြားလိုက်သည်။
‘‘ကျွန်တော် တို့ရဲ့ မိုဘိုင်း ကွန်ရက် ကနေ ဘယ်ကွန်ရက် ကို မဆို ၂၅ ကျပ်ထက် မပိုစေဘဲခေါ် ဆိုနိုင် မှာဖြစ်ပြီး ၁၅၀၀ ကျပ် ထက် ပိုရောင်းတာ မျိုးလည်း မရှိအောင်လုပ်သွားပါမယ်’’ ဟု တယ်လီနောမြန်မာ အမှုဆောင် အရာရှိချုပ် မစ္စတာ Petter Furberg က သြဂုတ် ၄ ရက်တွင် ပြုလုပ်သည့် Net Monday ပွဲ၌ ကတိပြုပြောကြား လိုက်သည်။
စက်တင်ဘာ တွင် ဆက်သွယ်ရေး ၀န်ဆောင်မှု များ စတင်ပေးမည့် တယ်လီနော အနေဖြင့် မိုဘိုင်း ကွန်ရက် ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် ကဲ့သို့ မြို့ကြီး များတွင် 3G ကွန်ရက်ဖြင့် ဖြန့်ကြက် သွား မည်ဖြစ်ပြီး အခြား နယ်မြို့ များတွင် 2G ကွန်ရက်ဖြင့် ဖြန့်ကြက် သွားမည်ဖြစ်သည့် အ တွက် ၎င်း တို့၏ ဆင်းမ်ကတ် များကို မည်သည့် GSM ဟန်းဆက်ဖြင့် မဆို အသုံးပြု ၍ ရနိုင်မည်ဖြစ်ကြောင်း မစ္စတာ Petter Furberg ကဆိုသည်။
‘‘မိုဘိုင်းကွန်ရက်တွေ က လူတိုင်း တတ်နိုင်တဲ့ ဈေးနှုန်းဖြစ် ဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် ကျွန်တော် တို့ရဲ့ ဆင်းမ်ကတ်တွေ ကို 2G၊ 3G GSM ဟန်းဆက် အားလုံး နဲ့ အသုံးပြုလို့ ရအောင် လုပ်ပေး သွားမှာဖြစ် ပါတယ်’’ဟု မစ္စတာ Petter Furberg ကပြောသည်။
တယ်လီနော အနေဖြင့် ၎င်း တို့၏ ဆင်းမ်ကတ် များကို စတင်ဖြန့်ချိသည့် အချိန်တွင် လိုသလောက် ၀ယ်ယူနိုင်စေ ရန် ဆင်းမ်ကတ် အရေအတွက် သန်း ၃၀ အထိ ဖြန့်ချိပေးသွား မည်ဖြစ်ပြီး ၀န်ဆောင်မှု ဆိုင်ရာ အသေးစိတ် အချက် အလက်များ ကို စက်တင်ဘာ မတိုင်မီ ကာလ အတွင်း ကြေညာပေး သွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
7DayDaily
From...Myanmar Online News
No comments:
Post a Comment