*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 9 August 2014

စက်ရုပ် စားပွဲထိုး




နည်းပညာ တီထွင် မှုတွေ လက်စွမ်းပြတတ် တဲ့ နိုင်ငံတွေဖြစ် တဲ့ တရုတ်၊ ဂျပန်နိုင်ငံ တို့တွေ က မကြာခဏ ဆိုသလို နည်းပညာ တီထွင်မှုတွေ အပြိုင် အဆိုင်ပြုလုပ် တီထွင် လာကြတာ ကို တွေ့ရပါတယ်။

မကြာသေးမီ ကမှ ဂျပန်နိုင်ငံ က လူတစ်ယောက် လို လှုပ်ရှားပြု မူ သွားလာနိုင်ပြီး သတင်း တင်ဆက်နိုင် တဲ့ စက်ရုပ်မ ကို တီထွင် ထုတ်လုပ် ခဲ့ပြီး နောက်မှာ ယခုလည်း တရုတ်နိုင် ငံ က စားသောက်ဆိုင် မှာ အကူ အညီပေးနိုင် တဲ့ စားပွဲထိုး စက်ရုပ်တစ်ရုပ် ကို တီထွင် ထုတ် လုပ်ခဲ့တယ် လို့ သိရပါတယ်။



တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျန်ဆုပြည်နယ် ဆူဇိုးမှာ ဖွင့်လှစ် ထားတဲ့ စားသောက်ဆိုင် မှာ အဲ့ဒီ စားပွဲထိုး စက်ရုပ် နဲ့ စားသောက်ဆိုင် စားဖို အကြီးအကဲ စက်ရုပ် တို့ကို ဧည့်သည်တွေ ရဲ့ ဧည့်ခံရေး နဲ့ ချက်ပြုတ်ရေး တို့ အတွက် စတင် အသုံးပြု တာဖြစ်သည် ။

 သူတို့က စ ကား အကြောင်းရေ ၄၀ ကိုပြောကြားနိုင် ကာ စားသောက်ပွဲ မှာယူမှုတွေ ကို အချက်အ လက်နဲ့တကွ မှန်မှန် ကန်ကန် မှတ်သား မှာကြားနိုင်မှာဖြစ်တယ် လို့ သိရပါတယ်။


www.myanmarlatestnews.com
credit;phothtuataw
From...Search Myanmar

 

No comments:

Post a Comment