*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 9 August 2014

ကြယ်တံခွန် ကို အာကာသယာဉ် Rosetta က လှည့်ပတ် သွားနိုင်ပြီ

00886
 Rosetta အာကာသ ယာဉ်က ရိုက်ကူးပေးပို့ တဲ့ 67P ကြယ်တံခွန် ပုံ
 

ကြယ်တံခွန် တစ်ခု ရဲ့ နောက် ကို ၁၀ နှစ်ကြာ လိုက်နေ ခဲ့တဲ့ ဥရောပ က လွှတ်တင် ခဲ့တဲ့ Rosetta အာကာသ ယာဉ် ဟာ အခုတော့ အဲဒီ ကြယ်တံခွန် ကို ပထမဆုံး အကြိမ် လှည့်ပတ် လိုက်ပါ သွားနိုင် ပြီ ဖြစ်ပါတယ်။

သူ့အရင် အာကာသ ယာဉ်တွေ တုန်း ကတော့ အဲဒီ ကြယ်တံခွန် ရဲ့ နံဘေး ကနေ အရှိန် နဲ့ ဖြတ်သွား ရုံ လောက်သာ လုပ်နိုင်ခဲ့ ပါတယ်။



67P သို့မဟုတ် Churyumov-Gerasimenko လို့ အမည်ပေးထား တဲ့ အဲဒီ ကြယ်တံခွန် ဟာ ၄ ကီလိုမီတာ အကျယ် အဝန်း ရှိပါတယ်။

အဲဒီ ကြယ်တံခွန် ကို Rosetta က လှည့်ပတ်နေရင်း ကမ္ဘာပေါ် က သက်ရှိတွေ ရှင်သန် ပေါက်ဖွားရေး မှာ လိုအပ် တဲ့ ရေ နဲ့ ကာဗွန် ဓာတ်တွေ ကို ကြယ်တံခွန် တွေက ယူဆောင်ပေး ခဲ့ သလား ဆိုတာ နဲ့ ပတ် သက် ပြီး လေ့လာ မှာ ဖြစ်ပါတယ်။

BBC
From...Search Myanmar
 

No comments:

Post a Comment