*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 15 August 2014

စိတ် ဖိစီးမှုတွေ ဟာ ဒီလို အချိန်တွေမှာ သင့် အတွက် သူငယ်ချင်းကောင်း ဖြစ်နိုင်

 

ပြေးလိုက်၊ လွှားလိုက်၊ ပုန်းကွယ် လိုက် လုပ်နိုင်ပေမယ့် ဘယ်တော့ မှ မလွတ်မြောက်နိုင်တဲ့ အရာတွေ ရှိနေ ပါတယ်။ စဉ်းစားကြည့်လေ မနက် မိုးလင်း တာနဲ့ ဒီနေ့ ဘယ် အလုပ်တွေ ကို အပြီး သတ်လုပ် ရမယ် ဆိုတာ မျိုး၊ ဒါမှ မဟုတ်လည်း လက်ကိုင်ဖုန်း အသစ် လဲဖို့ ပိုက်ဆံ ရှာရမယ့် ကိစ္စမျိုး စတာတွေ နဲ့ သင့် ရဲ့စိတ် ဟာ အရာ ရာကြောင့် အမြဲပူပန်နေကြရတာပါပဲ။ 
 
ဖိစီးမှုတွေ လည်း ရှိနေ ရတာပါပဲ ။ ဒါပေမယ့် ဒီ စိတ်ဖိစီး မှုတွေကြောင့် သင့်ဘ၀ မှာ ကောင်းကျိုး တစ်ချို့ ကိုလည်း ခံစားနိုင် ပါတယ်။ အဲ့ဒါတွေ ကတော့ 
 
၁။ GYM ကစားတဲ့ အခါ ဖြစ်လာ တဲ့ စိတ်ဖိစီး မှု

ကိုယ်လက် လှုပ်ရှားမှု တစ်ခုခု လုပ်တဲ့ အခါ၊ ဒါမှမဟုတ် GYM ကစားတဲ့ အခါ သင့် စိတ်ထဲမှာ ရှိနေတဲ့ စိတ်ဖိ စီးမှုတွေကြောင့် သင်ဟာ ပိုကစား ပါလိမ့်မယ်။ ဒီလို အချိန်မှာ ရရှိ လာမယ့် အဖြေဟာ သင့် အတွက် ကောင်းကျိုးတွေ ပဲပေါ့။ ဒီ စိတ်ဖိ စီးမှုကြောင့် ခန္ဓာကိုယ် မှာ six-pack ခပ်မြန်မြန် ဖြစ် မလာရင် ကြိုက် သလိုပြော။


၂။ အလုပ်ခွင် က စိတ်ဖိစီး မှု

အောင်မြင်တဲ့ လူတိုင်း ဟာ တွန်းအားတွေ၊ စိတ်ဖိစီး မှုတွေ ဒဏ် ကို ခံခဲ့ ရတာချည်း ပါပဲ။ ကိုယ့်မှာ ပြိုင်ဘက်တွေ ရှိ လာရင် သူတို့ ကို ဘယ်လို အနိုင်ပိုင်း ရမလဲဆိုတဲ့ စိတ်ဖိ စီးမှုတွေ ကို ကျော်လွန်ကြိုး စားနိုင် မှ အောင်မြင်မှု ဆိုတာကို ရရှိ မှာပါ။ 
 
အလုပ် ပင်ပန်းပြီး စိတ်ဖိစီး မှုတွေ ရှိနေတာ ကိုက သင်ဟာ အလုပ်မှာ ပေါ့ပေါ့နေတတ်တဲ့ သူမဟုတ်ဘူး၊ တာဝန်ယူ တတ်တဲ့ သူဆိုတာ ထင်ရှားနေ ပါတယ်။ ဒီ အချက်ကို ကိုယ့်ဘေး က လူတွေ ကလည်း သတိပြု မိမှာပါ။ ဒီ ဖိစီးမှုကြောင့် သင်ဟာ လုပ်ရည် ကိုင်ရည် ပိုရှိ လာမယ်၊ အထက် အရာရှိ ရဲ့ သတိပြုခြင်း ကို လည်း ခံလာ ရမှာပါ။

၃။ ပြိုင်ပွဲကြောင့် ခံစား ရတဲ့ စိတ်ဖိစီး မှု

ဘယ်အရာ ကမှ အလွန် အကျွံ ဆိုရင် မကောင်းတော့ ပါဘူး။ သင်ဟာ သင့် ပြိုင်ရမယ့် ပြိုင်ပွဲကြောင့် စိတ်ဖိ စီးမှု ခံစားနေရ တာ သဘာဝ ကျပါတယ်။ အလွန် အကျွံ စိတ်ပူတာ မျိုး မဟုတ်ပဲ သာမာန် စိတ်ဖိ စီးမှုဖြစ် တာ ဆိုရင် သင်ဟာ အားထုတ်မှု ပိုင်းမှာ မြင့်မား လာပါလိမ့်မယ်။ ပြိုင်ဘက်တွေ ကပေး တဲ့ ဖိစီး မှုကြောင့် လည်း သင်ဟာ အနိုင် ရသွားတာ မျိုးတွေ ကြုံတွေ့ ရပါလိမ့်မယ်။

၎။နေအိမ် မှာ ခံစား ရတဲ့ စိတ်ဖိစီး မှု

အချက် (၃) မှာ ပြောခဲ့ သလိုပါပဲ။ စိတ်ဖိစီးမှု ကို အလွန် အကျူး စားနေရ တာမျိုး မဟုတ်ပဲ ခံစား သင့် သလောက် သာ ခံစားနေရတာ ဆိုရင် ဒါဟာ ကောင်းတယ် လို့တောင် ဆိုနိုင်ပါတယ်။ သင် စိတ်ဖိစီး တဲ့ အခါ သင့် ခန္ဓာကိုယ် ကနေ ဟော်မုန်းတွေ ထုတ်လွှတ်ပေး ပါတယ်။ ဒီ အချက်ပြတာတွေ ဟာ ဦးနှောက် က ပို့လွှတ် လိုက်တာ ဖြစ်တဲ့ အတွက် သင့်ရဲ့ မှတ်ဥာဏ် ကို ပိုမိုမြင့် မားစေပါတယ်။

၅။ စာသင်ခန်း ထဲမှာ ခံစား ရတဲ့ စိတ်ဖိစီး မှု

မနက်ဖြန်၊ သန်ဘက်ခါ စာမေးပွဲဖြေရတော့မယ်။ ခုထိ စာတစ်လုံး မှ မရသေး တာကြောင့် စာသင်ခန်း ထဲ ဖိစီးမှု ဒဏ်တွေ အလူး အလဲ ခံစားနေရတာ မျိုးကတော့ သင့် အတွက် ကောင်းကျိုး ရှိချင်မှ ရှိပါ လိမ့်မယ်။ ဒါပေမယ့် စာသင်ခန်း ထဲမှာ စာလေ့ လာရင်း ရရှိ လာတဲ့ ဖိစီးမှု ကတော့ လုံးဝ ဖိစီးမှု မရှိတဲ့သူတွေ ထက် စာရင် သင်ဟာ ပိုမိုတောက်ပ တဲ့ အနာဂတ် ကို ပိုင်ဆိုင်နိုင်လိမ့်မယ် ဆိုတာ ကြိုတင်ဟောကိန်း ထုတ် ထား သလိုပါပဲ။

Ref:mensxp.com
 
 မေသော် 
Trend Myanmar
 
From...Myanmar Online News
 
 
 


No comments:

Post a Comment