*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 16 August 2014

တန်ဖိုးနည်း အိမ်ရာတွေ တည်ဆောက်ဖို့ သမ္မတ တိုက်တွန်း

president-uthinesing-305 
 
သြဂုတ်လ ၁၅ ရက်နေ့ က နေပြည်တော် အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ ၂ မှာကျင်းပ တဲ့ ဆွေးနွေး ပွဲမှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်
Photo: Myo Thant Khaing/RFA

မြန်မာနိုင်ငံ မှာ ငွေကြေး တတ်နိုင်သူတွေ ရဲ့ မြေဈေး ကစားမှုတွေကြောင့် မြေဈေးနှုန်းတွေ အဆမတန် ကြီးမြင့်နေကြောင်းနဲ့ ငွေကြေးဖောင်းပွ မှု အန္တရာယ်ေ တွ ကြုံတွေ့လာနိုင်ကြောင်း၊ ဆင်းရဲနွမ်းပါး သူတွေ အတွက် တန်ဖိုးနည်း အိမ်ရာတွေ တည်ဆောက် သွားဖို့ လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ဒီနေ့ ပြောကြားခဲ့ပါတယ်။

နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ မှာ ဒီနေ့ ကျင်းပတဲ့ မြို့ပြကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းများ အတွက် မြေ အရင်းအမြစ် စီမံ ခန့်ခွဲရေး ဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲ မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ထည့်သွင်း ပြောကြား ခဲ့ တာဖြစ်ပါတယ်။


မြို့ပြကျေးရွာ ဖံွ့ဖြိုး တိုးတက်ရေး စီမံကိန်းတွေရေးဆွဲ ရာ မှာ ၀င်ငွေနည်းပြည်သူတွေ အတွက် တန်ဖိုးနည်း အိမ်ယာ စီမံကိန်းတွေ နဲ့ မြေယာမဲ့ပြည်သူတွေ ကို နေရာ ချထားပေးဖို့ အတွက် စီမံကိန်းတွေ ထည့် သွင်းရေး ဆွဲပေး ဖို့ တိုက်တွန်းခဲ့ပါတယ်။

အဲ့ဒီ အလုပ်ရုံဆွေးနွေးပွဲ မှာ မြို့ပြကျေးရွာ လူမှု စီးပွားဖွံ့ဖြိုး တိုးတက်ရေးနဲ့ မြေ တန်ဖိုးသတ်မှတ်မှု မူဝါဒ ဆွေးနွေးပွဲ၊ နယ်မြေဒေသ ဖွံ့ဖြိုးရေး စီမံကိန်းဆွေးနွေးပွဲ၊ မြေ စီမံခန့်ခွဲမှုဆွေးနွေးပွဲ၊ မြေ အရင်းအမြစ် ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေးနဲ့ ပြည်သူများ လိုအပ်ချက်ဖြည့်ဆည်းရေး ဆွေးနွေးပွဲ၊ 

သစ်တော ဦးစီးဌာန နဲ့ မြေအရင်း အမြစ်ဆိုင်ရာ ဥပဒေ  များဆွေးနွေးပွဲ စတဲ့ ခေါင်းစဉ်တွေ နဲ့ ပြည် တွင်း ပြည်ပ က ပညာရှင်တွေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ၀န်ကြီးဌာန တာဝန်ရှိ သူ တွေက ဆွေးနွေးကြ မှာဖြစ်ပါတယ်။

rfa burmese
From...Search Myanmar

 

No comments:

Post a Comment