*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 15 August 2014

စားဝတ်နေရေး ရဟတ် နှင့် သံချေး တက်နေတဲ့ အပန်းဖြေမှု သံပတ်များ



မှောင်ရီပျိုး လာပြီ ဆိုလျှင် စားပွဲဝိုင်း အသီးသီးတွင် လူပြည့်လေပြီ။ တစ်ဝိုင်း လျှင် အနည်းဆုံးလေးဦး။ တချို့ ဝိုင်းများ က ငါးဦး။ အများစု က အင်္ကျီ ဗလာကျင်း များနှင့်ဖြစ်ကြ သလို လွယ်အိတ် စလွယ်သိုင်း၊ အားကစားဘောင်းဘီ ၊ အင်္ကျီ ဟပြဲနှင့် ဖိုသီဖတ်သီ လူအချို့လည်း ပါသည်။   မြင်သည်နှင့် ကျပန်း လုပ်သား များ မှန်း သိသာ ပါသည်။

ဤအချိန် ဆို ကုန်တင် ကုန်ချနှင့် အခြား သယ်ပိုး ရသော အလုပ် များ ပြီးဆုံး ချိန်ဖြစ်ရာ သူတို့ ဤနေရာ သို့ စုဝေးရောက် လာတတ်ကြ စမြဲပင်။ အဆိုပါနေရာ ကား အရက်ဆိုင် မ ဟုတ်ပါ။ ကမ်းနားကို မျက်နှာ မူ၍ တိုက် နံရံတစ် ခုဘေး ကပ်လျက်ဖွင့် ထားသော လက်ဖက်ရည်ဆိုင်လေး တစ်ခုသာ ဖြစ်သည်။ 

သူတို့ စုဝေးရောက်လာ တတ် သည့် အကြောင်းကတော့ ထိုဆိုင် မှ ယင်း အချိန်တွင် ဖွင့်ထားပေး တတ်သော တီဗီကြောင့်ဖြစ်သည်။


”စလောင်းတော့ မဟုတ်ဘူး။ ဇာတ်ကား အခွေပေါ့။ မြန်မာကား၊ အင်္ဂလိပ်ကားတွေ ဖွင့်တာ ပါပဲ။ သူတို့ အလုပ် သိမ်းရင် ဒီမှာ တမေ့တမောကြည့်ပြီး မှ ပြန်တတ် တယ်။ တစ်နေကုန် ပင်ပန်းကြတော့ ဒါနဲ့ အချိန်ဖြုန်း ကြတယ် ထင်တာ ပါပဲ”ဟု ဆိုင် ရှင်ဖြစ်သူ ကိုရှမ်းလေး က ပြောသည်။ 

အားလုံး၏ အကြည့်က တီဗီပေါ်တွင် သာ။ ဖန် သားပြင်ေ ပ်ါတွင် သေနတ်ပစ် သံများနှင့် သတ်ပုတ် ထိုးကြိတ်နေ ကြသည့် ဇာတ်ဝင်ခန်း ထဲ နစ်မျောနေကြသည်။

”တစ်နေကုန် ကုန်ထမ်းနေ ရတာ။ အပန်းဖြေ တာလား ဘာလား မသိပါဘူး။ ဘာရယ် မဟုတ်ဘူး။ အလုပ် သိမ်းပြီး မပြန် ခင်လေး ဒီမှာ လာကြည့်နေတာပဲ။ ဒါပဲ ရှိ တယ်။ အိမ်ေ ရာက်တန်း အိပ်ပဲ”ဟု မဖြေ ချင်ဖြေ ချင်ဟန်ဖြင့် ပြောလိုက် သူက အင်းစိန်မြို့နယ်နေ အသက် ၃၅ ဝန်းကျင် ရှိ ကျပန်း အလုပ်သမား ကိုစိန်ဝင်း။ မိသားစု ငါးဦးရှိသော် လည်း တစ်ကြိမ် တစ်ခါမျှ  မိသားစု လိုက်ပျော်ပွဲရွင်ပွဲ သွားလာ ခဲ့ဖူးခြင်း မရှိ ဟု လည်း သူက ဆိုသည်။

”ငယ်ငယ် တုန်းကလား။ သိပ်မှတ်မိတာ မရှိပါဘူး။ သီတင်းကျွတ် တို့ ဘာတို့တော့ စတုဒိသာကျွေး တာမျိုး ဆို မိသားစု လိုက်သွားကြ တာတော့ ရှိတယ်”ဟု ကိုစိန် ဝင်းကပြော သည်။ တီဗီ ကိုငေးနေရင်း မှ သူက အဆုံး သတ်ပြောလိုက် သည်က ”ပျော်ပွဲရွှင်ပွဲ ကို တစ်ခါမှ မစဉ်းစား ဖူးဘူး”ဟူ၍ ဖြစ်သည်။ 

တကယ်တော့ ဤမြင်ကွင်းမျိုး က မဆန်း။ ရန် ကုန် သာမက မြို့ အများအပြား၊ ရပ်ကွက်တိုင်း တွင်မြင်တွေ့ ရမည့် ပုံရိပ် တစ်ခုဖြစ်သည်။ တစ်ခါ တစ်ရံ ကိုယ်တိုင်ပင် သူတို့ လိုငေးမောနေ မိသော အချိန်မျိုးလည်း ကြုံရနိုင် ပါသေးသည်။ 

ဤသည် ကို အချည်းနှီး အချိန်ဖြုန်းရုံ သက်သက်ဟု မြင်ပါမူ အနည်းငယ် ရက်စက်ရာ ကျသော အမြင်ဖြစ်ကောင်း ဖြစ်နိုင် ပါသည်။ 

 ပျော်ပွဲရွှင်ပွဲ ဟူသည် ကို အပျော်အ ပါးလိုက်စားခြင်း ဟု မြင်သော အနေအထား ရှိနိုင်သော်လည်း လူ့သဘာဝ အရ ကိုယ်စိတ် အပန်းဖြေမှု က မလွဲမသွေ လိုအပ်သည် ကိုေ တာ့ ငြင်းနိုင်မည် မဟုတ်ပါ။ စာဖတ်ခြင်း၊ အားကစား လိုက်စားခြင်း၊ တေးဂီတ သီဆို တီးမှုတ်ခြင်း များပြုလုပ်ခြင်းနှင့် အခြားသော ပရဟိတ ဆိုင်ရာ လုပ်ငန်းများ၊ အလှူ အ တန်း များပြုလုပ်ခြင်း များဖြင့်လည်း စိတ် အပန်းဖြေပျော်ရွှင်မှု ကို ရကြသည် လည်း ရှိပါမည်။

 နိုင်ငံ၏ အခြေအနေနှင့် လူနေမှု အဆင့်အတန်း ကွာခြားမှု အရ အပန်းဖြေမှု ပုံသဏ္ဍာန် များ ကွဲပြားနိုင်သော် လည်း အများစုပြည်သူတို့ အတွက်မူ ကိုယ်စိတ် အပန်းဖြေမှု အတွက် အခွင့်အလမ်းက နည်းပါး ပါသည်။

အဘယ့်ကြောင့် ဆိုသော် စားဝတ်နေရေး ဆိုသော ခေါင်းစဉ်အောက် တွင် မိုးလင်း မိုးချုပ် တကုတ် ကုတ်ဖြင့် အချိန်ကုန် သွားကြခြင်းကြောင့် ဖြစ်သည်။သူ့ အလုပ်က နားရက် သတ်သတ်မှတ် မှတ် မရှိသည့် အလုပ်ဖြစ်ပြီး ယခုလို ရာသီ မိုး အလွန်ရွာသည့် အခါမှသာ အလုပ် နားရလေ့ ရှိသည်ဟု အသက် ၂၅ နှစ် အရွယ် ရှိ အင်ဂျင်နီ ယာ တစ် ဦးဖြစ်သူ မစန္ဒီ က ပြောသည်။

မိုးမရွာ ပါက ညဘက် မိုးချုပ်သည် အထိ ပင် လုပ်ရလေ့ ရှိသည်။ လုပ်ငန်းခွင် အင်ဂျင်နီယာ အဆင့်သာ ရှိသေးသည့် အတွက် သူ့ဘဝရှေ့ရေး အတွက် အနား ယူရန် ထက် အ လုပ်လုပ် ရသည်ကို ပင်ပို နှစ် သက်ကြောင်း သူကပြောသည်။ 

ယင်း သို့ တိုးတက်ရာ တိုးတက်ကြောင်း ကို နှစ်သက်သော် လည်း မိန်းကလေး တစ်ဦးဖြစ် သည့်အတွက် လူရော စိတ်ရော အရမ်းပင် ပန်းလာသည့် အခါ အနားယူချင် စိတ်ဖြစ် သော်လည်း အလုပ်မှာ နားရန် ခက်ခဲ သည့် အလုပ်ဖြစ်သည့် အတွက် စိတ်ဖိ စီးမှု များ ဖြစ်ကြောင်း သူ က ပြောသည်။

”အဲလို အချိန်မျိုး ကျရင် အရင်က အချိန်လေးတွေ ကို အရမ်း သတိရတယ် ။ကျောင်းတက် တုန်းက အချိန်တွေ ကိုပေါ့။ အရင် ကလို ကျောင်းတက် အိမ်ပြန်၊ အိမ် အလုပ် နည်းနည်း ပါးပါးလုပ်၊ ညဘက် ဇာတ်ကားလေးတွေကြည့်ပြီး နေရတာ စိတ်မှာ ပေါ့ပါးတယ်လေ။ 

အခုက site ထဲ သွားပြန်လာ ရင် ည ၉ နာရီ ထိုးနေပြီ။ ရေချိုး ထမင်းစား လုပ်စ ရာရှိ တာ လုပ်ပြီးရင် အိပ်ချိန် ပဲ။ မနက် ပြန်ထသွား။ အားရ ပါးရ မအိပ် ရဘူး။ သူများ အိပ်ကောင်း တုန်း ထသွားရတယ်” ဟု သူက ဆိုသည်။ ယင်းသို့ မအားလပ်သည့် သူ့ဘဝ အတွက် အပန်းဖြေမှု တစ်ခု ကတော့ ဖေ့စ် ဘွတ်ခ်နှင့် Viber ချက်တင် က အနားယူမှု ဟု ပြောသည်။

”ကိုယ် မသိတဲ့ သူတွေနဲ့ အလ္လာပ သလ္လာပပြောတာ၊ နောက်ပြီး စကားစမြည်ပြောတာ၊ ကျူ တာလေးတွေ လည်း ပါတာပေါ့”ဟု သူက သဘောကျစွာရယ် မော၍ဆိုသည်။ ည ဘက်အိပ်ရာ ဝင်ခါနီးတိုင်း အင်တာနက် သုံးရခြင်း က သူ့အတွက် အပန်းဖြေမှု တစ်ခုပင်ဖြစ်ပြီး အင်တာနက် သုံးပြီး နားကြပ်ဖြင့် သီချင်း နားထောင် ရင်းအိပ် ပျော်သွား ပါက သူမ အတွက် စိတ်ကျေနပ်စေတယ် ဟု သူမကဆိုသည်။ 

သို့သော်လည်း သူမ အလုပ်ရော  လူမှုရေး စီးပွားရေး အားလုံး ကိုခေါင်းထဲမှ ထုတ်ကာ ရက် ရှည်အနား ယူမှု တစ် ခုတော့ သူ့အနေနှင့် လိုအပ်နေသည်ဟု ဆိုသည်။

”ဘယ်လိုပဲ အပန်းဖြေတယ်ပြောပြော စိတ်ထဲမှာက မလွတ်လပ်ဘူး။ တင်းကျပ်နေတာတော့ ရှိတယ်။ ရက်ရှည် ခရီး တစ်ခုတော့ တစ်နှစ် တစ်ခါလောက် ထွက်ရ ရင်ကောင်း မယ်။ စိတ်ကို အသစ်ပြန် စတင် ဖို့ပေါ့။ 

လုံးဝ အလုပ်တွေရော အိမ် ကိုရော မေ့ပြီးတော့ပေါ့။ နို့မို့ ရင်တော့ မလွယ်ဘူး။ ငယ်ငယ် ရွယ်ရွယ်နဲ့ အိုစာ သွားနိုင်တယ်”ဟု သူက သူ့မျက်နှာ မှ ပါးမို့မို့ နှစ်ဖက်ကို ပွတ်သပ်ရင်း ဆိုသည် ။မြောက်ဥက္က လာ ကျောင်း တစ်ကျောင်း ရှိ မုန့်ဈေးတန်း တွင် မုန့်ရောင်းသော အသက် ၄၈ နှစ် အရွယ် ဒေါ်သူဇာ ကတော့ အိမ်ပြန် လာလျှင် သားသုံးယောက်နှင့် ယမကာ လုလင် အကြင်ခင်ပွန်း တို့ဝေယျာ ဝစ္စနှင့် ၎င်းတို့ စားသောက်ရန် ချက်ပြုတ်ရသေးသည်။

 သေတ္တာပေါ် မှ အဝတ် ညစ် များ တောင်လို ပုံလာပြန်လျှင် လည်း လျှော်ဖွပ် ရသေးပြန်သည်။
ကျောင်းမုန့်ဈေး တန်းမှာ ဆိုလျှင်လည်း ကိုယ့်ထက် အရင် နေရာ ယူထား သူများနှင့် ပြေလည်အောင် ဆက် ဆံရသည်။ 

၎င်းအပြင် ဆရာ ဆရာမများနှင့် လည်း ပြေ လည်အော င်နေရသည် ဟူသော သူ၏ အမောများကို အရင် ဆုံး ပြောဆို လိုက်ရင်း ”ကိုယ်က မုန့်ရောင်း ဖို့သွားတာ၊ ကျောင်း မှာကျောင်းစောင့်တွေ ရှိတာပဲ၊ ခိုင်းပါလား ဆရာမတွေက။ ကျွန်မ တို့ဆိုင် က ကိုယ့် အမှိုက်ကိုယ် သိမ်းတယ်။

 ဒါပေမဲ့ လည်း ဆရာမတွေ က မဆီ မဆိုင် အိမ်ကိုခေါ်ခိုင်း တာတို့၊ ကျောင်း အိမ်သာဆေးခိုင်း၊ အမှိုက်ကြုံး ခိုင်းတာတွေ ဆိုရင် မလုပ် ချင်လည်း အောင့်အည်းပြီး လုပ်ရတယ်”ဟု ညည်းညူပြောသည်။ ထိုကဲ့ သို့ကြုံ ရသော ရက်များ ဆိုပါက အိမ်တွင် သည်းခံနိုင်မှု နည်းသည်ဟု သူက ဝန်ခံသည်။

”ဒီလိုမျိုး ကြုံရတဲ့နေ့ ဆိုရင် အိမ်ပြန် လာရင်လည်း ရှုပ်ပွနေရင် စိတ်ကသည်း မခံနိုင်တော့ဘူး။ ကိုယ့် အသံ လူကြားတော့ တာပေါ့။ အော်ဟစ်ပြောဆို မိတာပေါ့။ပြီး တော့ အဲဒီ လိုပြောရင်း သူ့အဖေက အရက်မူးနေ ရင် တစ်ခါ ရန်ဖြစ်ကြပြန်ရော။ ဒါနဲ့ပဲ လုံးခြာ လည်လိုက်နေတာပေါ့”ဟု ဒေါ်သူဇာ က ပြောရင်း သူ၏ အပန်းဖြေမှု ကတော့ တီဗီမှ ဇာတ် လမ်းတွဲ များကြည့်ခြင်းဟု ပြောသည်။ 

”တချို့ဖြစ်ရပ်မှန် ဇာတ်လမ်းတွေ ပြန် ရိုက်တာ ရှိတယ်။ အဲ့ဒါတွေ ကနေ သင် ခန်းစာ ရတာပေါ့။ ဟာသ ကားတွေ ကြည့် ရင်လည်း စိတ် ညစ်နေ တာမေ့သွားတယ်။ တစ်ခါတစ်ခါ လည်း ဘာပြနေမှန်း မသိတော့ ဘူး။ ဒီတိုင်းငေးနေ မိတာလည်းရှိတယ်” ဟု သူကပြောသည်။

ထို့ထက် ပို၍မူ သူ မတတ်နိုင်ပါ။ အဖြေ ကတော့”လိုင်း သစ်တွေ စကိုင်းနက် တို့ ဘာတို့ ရှိတယ်။ ဒါပေမဲ့ သူတို့ က ပိုက်ဆံ ပေးရတယ်။ ဒါပေမဲ့ တစ်နေကုန် ဇာတ် ကားတွေ လာနေတာ ကြည့်လို့တော့ကောင်း တယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် လည်း အားမှ မအားတာ။ ပြီးတော့ နှမြော စရာကောင်းတယ်။ 

ပိုက်ဆံ များများ ရှိရင်တော့ တပ် ချင် တာပေါ့။ အပိုမှ မရှိတာ”ဟုဆိုသည်။ တစ်စိတ် တစ်ပိုင်း ထုတ်နုတ်ပြ ရခြင်း တွင် ဤကဲ့ သို့သော အခြေအနေများ ချည်း ဟုတော့ မဆိုသာပါ။ သို့သော် ဘဝရပ်တည် မှု နယ်ပယ် အနေ အထားနှင့် တစ်ဦးချင်း ၏ စိတ်ဆန္ဒ များပေါ်လည်း မူတည် ပါလိမ့် မည်။

 သေချာသည် ကတော့ ရန်ကုန် ကဲ့သို့ မြို့ပြ အများစုတွင် ကြည့်ချင်ပွဲ မရှိ။ အခမဲ့ ဗလာပွဲ များ မရှိ။ ပြည် သူ့ဖျော်ဖြေရေး အစီ အစဉ်များ မရှိခြင်းပင်။ အခကြေးငွေဖြင့် တကူးတက သွားလာ ရသော စတိတ်ရှိုးပွဲများ၊ ဇာတ်ပွဲများ ရှိသော်လည်း ခရီးစရိတ် နှင့် ဝန်ဆောင် မှု စရိတ် များ၏နှုန်းထား အရ ပေယျာလကန် ထား လိုက် ရသည့် လူကတော့ အများ စုဖြစ်ပါမည်။

စိတ်ပိုင်း ဆိုင်ရာ အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးမင်း ကတော့ အနားယူ အပန်းဖြေခြင်း မရှိဘဲ နိစ္စဓူဝ လှုပ်ရှား လုပ်ဆောင်နေကြ ရသည့်သူများ အနေဖြင့် စိတ် ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ ပင်ပန်းနွမ်း နယ်မှု များ၊ ဖိစီး မှုများ အနည်းနှင့် အများ ပိုဖြစ် ပေါ်လာတတ်ကြောင်း၊ ယင်းဒဏ် များကို ခံနိုင်သော စွမ်းရည် များ မှာလည်း တစ်ဦးနှင့် တစ်ဦး ကွာခြား တတ်ကြောင်း ရှင်းပြသည်။

”ညီမက သူများ အိမ်မှာနေရတာ ဆိုတော့ စိတ်ထွက်ပေါက်ရယ် လို့ မရှိဘူး။ အပြင်ထွက် ရရင်ပျော်တယ်။ အခွေကြည့် ရ ရင်ပျော်တယ်။ ဘာလို့လဲ ဆို အိမ်ထဲမှာ ပဲ တစ်နေ ကုန်နေနေ ရတော့ စိတ်ရှုပ်တယ်။ တစ်ခါ တလေ အလုပ်လုပ်ချင် စိတ်တောင် မရှိဘူး။ 

အဲဒီလို ဆို လူရှင်းတဲ့ တစ်နေရာရာ ကိုသွားချင်တယ်”ဟု ကျောက်တံတားမြို့ နယ် ရှိ အိမ် တစ်ခုတွင် အိမ် အကူ လုပ်ကိုင်နေသော မသဇင် (အမည်လွှဲ) က မဝံ့ မရဲဟန်ဖြင့် ပြောသည်။ လစာ တစ်လ စရိတ် ငြိမ်းလေးသောင်း ရသော ဤအလုပ် က သူ့အတွက် တစ်ခု တည်းသော ရပ်တည်မှုဟု ဆိုပါသည်။

”ညီမ တို့က ပညာ မတတ်ဘူးလေ။ပြီးတော့ ပိုက်ဆံလည်း မရှိဘူး။ ဒီလို ဆိုတော့ လုပ်နိုင် တာက ဒါပဲ။ အလုပ်ချိန် ဆိုတာလည်း သတ်သတ် မှတ်မှတ် ဘယ်ရှိမလဲ။ စိတ် ထွက်ေ ပါက်ပေး ဖို့လည်း မရှိပါဘူး။ ဒီလို ပဲ နေသား ကျတော့အဆင်ပြေသွား တာပါပဲ”ဟု မသဇင် က ဆိုပါသည်။ 

သူ့ကဲ့ သို့ပင် အစိုးရဖြစ်စေ၊ ပုဂ္ဂလိ က အလုပ် တစ်ခုခု ကိုဖြစ်စေ အခြေပြုရပ် တည်နေကြ ရသော ပြည်သူ အများစု အတွက် သီးသီး သန့်သန့် ဖန်တီး ရယူနိုင်သည့် အပန်းဖြေမှုများ က ရှားပါး ပါသည်။ အများစု၏ အဖြေ က လည်း ဆင်တူ ယိုးမှားဟု ဆိုရ လောက်အောင် တူညီသည် က အလုပ်ချိန် ပြီးသည်နှင့် အနား ယူခြင်း ဆိုသည်မှာ တီဗီကြည့်ခြင်းနှင့် အင်တာနက် သုံးခြင်းတို့သာ ဖြစ်သည်။

လူသားများ ပင်ဖြစ်ကြရာ အဆိုပါ အခြေ အနေကြောင့်ပင် မှားယွင်းသော စိတ်ထွက်ပေါက် များ၊ စိတ် အပန်းဖြေမှု များ ဆီသို့လမ်းလွဲ သွားနိုင် သကဲ့သို့ ထိန်းချုပ် မျိုသိပ် ထား ရခြင်း များကြောင့်လည်း စိတ် ဖိစီး မှုများ စွာဖြစ်နိုင်ခြေ လည်း ရှိပါသည်။

”စိတ်တိုင်း မကျတာ၊ စိတ်ရှုပ်တာ၊ စိတ်တိုတာ၊ အိပ်စက်မှု ကို ထိခိုက်လာ တာ၊ သည်း ခံနိုင်စွမ်း နည်းပါး လာတတ် တာ၊ ကိုယ်ခန္ဓာနဲ့ ပတ် သက် တဲ့ ရောဂါ တွေ ဖြစ် လာ တတ်တာ၊ ရှိနှင့်ပြီးသား ရောဂါ (တွေ) ဆိုးဝါး လာတတ်တာ၊ စတာ မျိုးတွေ ဖြစ်လာတတ်ပါတယ်။ အခြားဖြစ်လာနိုင် တဲ့ အခြေ အနေတွေလည်း ရှိပါတယ်။ 

အချို့သော သူတွေ မှာ စိတ်ပိုင်းဆိုင် ရာရောဂါတွေပေါ် ထွက်ကောင်း ပေါ်ထွက် လာနိုင် ပါတယ်။ စိတ်ပိုင်း ဆိုင်ရာဝေဒနာ တစ်ခုခု ခံစားနေရတဲ့ သူတွေမှာ ပိုပြီး သတိထား ရပါ တယ်။ အခု လို လူ တစ်ယောက်ချင်း ခံစား ရတာတွေဟာ သူ့ရဲ့လုပ်ငန်း စွမ်းဆောင်ရည်၊ သူ့ မိသားစု၊ သူ့ရဲ့ လူမှုရေး အသိုက်အဝန်း၊ စတာတွေ ကို အနည်း နဲ့ အများ ဆိုသလို ဆင့်ကဲ ရိုက်ခတ် လာတတ်ပါတယ်”ဟု စိတ်ပိုင်း ဆိုင်ရာ အထူးကု ဆရာ ဝန်ကြီးဒေါက်တာ စိုးမင်း က သတိပေးပြောသည်။

ယင်း အတွက် ပုံစံ အမျိုးမျိုးရှိနိုင်သော အပန်းဖြေမှု မျိုးစုံ အနက် အဓိက အားဖြင့် မိမိနှစ်သက် ရာ၊ ကိုယ့် အတွက် လက်လှမ်း တမီ လုပ်နိုင်သည့် အနေ အထားမျိုး များနှင့် အနားယူ အပန်းဖြေခြင်း က  ပိုသင့်လျော် မည်ဟု ထင်မြင် ယူဆကြောင်းလည်း ၎င်းက အကြံပေးသည်။

 လက်ရှိတွင် မူ လူတိုင်း ကိုယ်စီ နီးစပ်နေသော မိုဘိုင်းလ်ဖုန်း များဖြင့်ပင် အင် တာနက် သုံးကာဖျော်ဖြေ မှုများ ကြည့် ခြင်း ၊ဝါသနာပါရာ သတင်းနှင့် အလှအပ ဆိုင်ရာ များကြည့်ခြင်း၊ မိတ်ဆွေများနှင့် စကား စမြည် ဟိုဟို ဒီဒီ ပြောခြင်းများ က တော့ လူအ များ စု၏ လက်စွဲ အပန်းဖြေ မှု ဟုဆိုရတော့မည် ဖြစ်သည်။ 

ဤကဲ့သို့ လက်လှမ်း မီရာခေတ်ရေစီး ထဲ မျောရင်း ဖြင့် ပင်အွန်လိုင်းရင်းနှီးမှု များ မှ တစ်ဆင့် အဆိုးဘက် သို့ မေ ရာက်အောင် ထိန်း သိမ်းနိုင်ရန် လိုအပ်သည် ကလည်း မကြာ ခဏမြင်တွေ့ ကြား သိနေရသော သတင်း အချို့ကိုကြည့် ကာ သိနိုင် ပါသည်။

ကြည့်မြင်တိုင် မြို့နယ် မှ အသက် ၃ဝ ဝန်းကျင် ရှိ ကုမ္ပဏီ ဝန်ထမ်း တစ်ဦးဖြစ်သူ ကိုသက်ဇော် ကတော့ ”ကျွန်တော် ရန်ကုန်ရောက်တာ ၅ နှစ် နီးပါး ရှိပြီ။ အခုထိ အ ဆင့်မြင့် ရုပ် ရှင်ရုံတွေ မှာ မကြည့် ဖူးဘူး။ ဂီတ ဝါသနာ ပါတယ်။ ဒါပေမဲ့ အခုထိ စတိတ်ရှိုးတွေ မကြည့် ဖူးသေးဘူး။ 

အဓိ ကတော့ အချိန် မရတာရယ်။ ကိုယ့်ဝင်ငွေ နဲ့ အဲဒီ လိုဖြုန်းနိုင် တဲ့ အခြေအနေ မရှိတာပါပဲ” ဟု ဆိုရင်း ဆက်ပြောသည် က ”ဟိုတစ်လောက ကိုရီးယားပွဲ လက်မှတ် ကိုးသိန်း အထိ ကို ပေးကြည့်ကြ တယ် ကြားတော့ ဘာလို့လဲ မသိဘူး။ ဝမ်းနည်း သလိုပဲဗျ။ ကျွန်တော် ဖတ်ချင်တဲ့ စာအုပ်တွေတောင် တစ်လ တစ်အုပ် မဝယ်ဖြစ် တာကြာပြီ”ဟု သူက မဲ့ပြုံးဖြင့် ဆိုပါသည်။

ပခုက္ကူမြို့နယ် မှ ပဲမျိုး စုံရောင်းဝယ်ရေးနှင့် ပွဲရုံ လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးဇင်မင်းထွန်း ကတော့” ကျွန်တော် တို့ စဉ်းစား တဲ့ သီအိုရီ ကျတဲ့ အချက်တွေက အခြေခံ လူတန်း စားတွေ ဘဝမှာ လက်တွေ့ မကျဘူး။ စိတ်ကူး ယဉ်ဆန် တဲ့ အတွေးတွေ က လက်လုပ် လက်စားဘဝ ရုန်းကန်နေသူတွေ အဖို့  နှစ်လုံး ထိုးတာလောက် ရင်ခုန်မှာ မဟုတ် ဘူး” ဟု သူ့ အမြင်ကို ပြောသည်။  

လိုအပ်ချက် ရှိမရှိနှင့် အပန်းဖြေမှု မဲ့သော ဘဝများ ၏ ဖိစီးမှု အရ ဖြစ်လာနိုင် သည်တို့ အပေါ်မေးမြန်းခြင်း ကိုတော့ သူက ”သူတို့တွေေ ဖျာ်ဖြေရေး ပွဲ ကိုကြည့် ဖို့ သူတို့စိတ်က အစာ အနေနဲ့ လိုလားတောင်း ဆိုမှု ရှိ မရှိ ဆိုတာ အရင်လေ့လာ ရမယ်။

ကဲဟုတ်ပြီ တောင်းဆိုပြီ၊ ကြည့်ချင်တယ်၊ ဘယ်လိုကြည့် ရမလဲ။ အဲဒီ လို ပွဲကြည့်လို့ မနက် အလုပ် မဆင်းနိုင် ရင် သူတို့ ထမင်းစားဖို့ ကိစ္စ ဘယ်လိုရှင်း မလဲ။ စိတ် အပန်းဖြေ ဆို တာက တကယ်တော့ အတိုင်း အတာ တစ်ခု ထိပြည့်စုံ သောသူတွေ အတွက်ပဲ ဆိုင်တယ် လို့ထင်တယ်။ 

အခြေခံ လူတန်းစားတွေ အတွက် စိတ်အပန်းဖြေဖို့ ဆိုတာ တကယ်ေ တာ့ မလွယ်ကူလှ ပါဘူးဗျာ” ဟု ဆိုသည်။

ရုန်းကန် ရမှုများ၊ မတည်ငြိမ် မှုများ၊ မထင်မှတ်စွာပေါ်ပေါက် တတ်သော ပဋိပက္ခများ ၊ ဝေခွဲရ ခက်နေသော နိုင်ငံရေး ကစားကွက် များနှင့် မရေရာသော အနာဂတ် မနက်ဖြန် များကြား ပြည်သူ တို့ အတွက် တကူးတက စိုက်ထုတ်ကုန်ကျ  ခံရ ခြင်း မဟုတ်သော ရသင့် ရထိုက်သော အပန်းဖြေ မှုများ လိုအပ် သည်လော၊ မလိုအပ် သည်လော ဆိုသည် ကို ပင် အထူးတလည် စဉ်းစားနေ ရဆဲ ဖြစ်နေသော အခါ…။

မြတ်စုငြိမ်း၊ ဇေဝေယံ
popular journa

From...Search Myanmar

No comments:

Post a Comment