*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 18 August 2014

အမ်ပီတီ ဆင်းကတ် များ၏ ပြင်ပဈေးကွက် ရန်ကုန်မြို့ ၌ ပျောက်ကွယ်လု နီးပါးဖြစ်


ယခုလအစောပိုင်းက စတင်ရောင်းချနေသည့် အော်ရီဒူးဆင်းကတ်။ ဓာတ်ပုံ - အောင်ဌေးလှိုင် 
ယခုလအစောပိုင်းက စတင်ရောင်းချနေသည့် အော်ရီဒူး ဆင်းကတ်။ ဓာတ်ပုံ – အောင်ဌေးလှိုင်

အော်ရီဒူး ဆင်းကတ်များ စတင်ရောင်းချချိန် မှ စ၍ ရန်ကုန်မြို့ ရှိ မိုဘိုင်းဖုန်း အရောင်း ဆိုင်များတွင်
အမ်ပီတီ ဆင်းကတ်များ ပြင်ပ ပေါက်ဈေးဖြင့် ရောင်းချခြင်း များ မရှိတော့ ကြောင်း သိရသည်။


“အရင်တုန်း က ရပ်ကွက် အုပ်ချုပ်ရေးမှူး တွေ ကရောင်းတဲ့ အမ်ပီတီ ဆင်းကတ်တွေ ကို
ကျပ် ၈၀,၀၀၀ လောက် အထိ ဆိုင်မှာ ရောင်းခဲ့ ရတယ်။ အော်ရီးဒူး ဆင်းကတ် တွေ ထွက်မယ်
အသံကြား တဲ့အခါမှာ ကျွန်တော် တို့လက်ထဲမှာ ကျန်နေတဲ့ ဆင်းကတ်တွေ ကို အရှုံး ခံပြီးရောင်း
လိုက်ရတယ်။ 



ကျွန်တော်တို့ အမ်ပီတီ ဆင်းကတ်တွေ ကို ကျပ် ၄၀,၀၀၀ နဲ့ ရောင်းလိုက် ရတယ်။ အဲဒီ စက်ကူး မပ်ကူး အချိန် မှာ မိုဘိုင်းဖုန်း အရမ်းလို အပ်နေတဲ့ သူတွေ ကတော့ လာဝယ်ကြတယ်။

အခု ကျွန်တော်တို့ ဆိုင်မှာ အမ်ပီတီ ဆင်းကတ်တွေ မရောင်းတော့ဘူး” ဟု A mobile အရောင်း ဆိုင် မှ ဦးထွန်းထွန်း က ပြောသည်။


သို့သော် အော်ရီဒူး ဆင်းကတ်များ နည်းပညာ စမ်းသပ်ချိန် ကာလ အတွင်း ဖုန်းခေါ်ဆို မှု အနည်းငယ်
အခက် အခဲများ ကြုံရမှုကြောင့် မိုဘိုင်းဖုန်း အသုံးပြုလို သူများ သည် အမ်ပီတီ ဆင်းကတ် များ လာရောက်မေးမြန်း ၀ယ်မှု ရှိသေးကြောင်း ဆိုင်ပိုင်ရှင် ဦးဆန်းယု က ပြောသည်။


“အမ်ပီတီ ဆင်းကတ်တွေ ကို ဆိုင်မှာ မရောင်းတော့ပါဘူး။ ဒါပေမဲ့ အော်ရီဒူးလိုင်း က ရတဲ့ နေရာ ရ၊
မရ တဲ့နေရာ မရသေးတော့ သုံးစွဲသူတွေ က အော်ရီဒူး ကို ယုံကြည်မှု နည်းနည်း ကင်းမဲ့ပြီး အမ်ပီတီ
ဆင်းကတ် ကို လာပြီး ၀ယ်နေကြတဲ့သူ အနည်း ငယ်တော့ ရှိသေးတယ်။ 


တချို့ဆိုင်တွေ ကတော့အော်ရီဒူး ဆင်းကဒ်တွေ ထွက်မယ် လို့ ကြားတဲ့ တစ်လနှစ်လ အလို ကတည်းက လက်ကျန် ဆင်း ကတ်တွေကို သုံးသောင်း လေးသောင်း တွေနဲ့ ရောင်းလိုက်ကြတယ်။ ကျွန်တော်တို့ တော့
အမ်ပီတီ ဆင်းကတ်တွေ ကို မ၀ယ် တော့ဘူး”ဟု ၎င်းက ပြောသည်။


“အရင်က ဆင်းကတ် ရဖို့ ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး မှာ စာရင်း သွင်းရတယ်။ နောက်ပြီး မဲနှိုက်မယ့်
အချိန် ကို စောင့်ရတယ်။ မဲပေါက် တဲ့သူတွေက ဆင်းကတ်တွေ ကို အဆမတန် ဈေးတွေနဲ့ ပြန်ရောင်း
တယ်။ အခုတော့ဒီပြဿ      နာတွေ မရှိတော့ဘူး။ 


ဆင်းကတ် တွေကို ကျပ် ၁,၅၀၀ နဲ့ ဆိုင်တိုင်း မှာ လိုသ လောက်ဝယ်နိုင်နေပြီ။ နောက်ဆိုကိုယ် ကြိုက်တဲ့ တံဆိပ်ကို ရွေးချယ်နိုင်တော့မယ့် အခွင့် အရေးတွေ ရှိတော့မှာဖြစ်လို့ အခု အချိန်မှ ဆင်းကတ် တစ်ခု ကို လေးသောင်း၊ ငါးသောင်းလောက် နဲ့ ရောင်းနေရင်တော့ ဘယ်သူမှ စိတ်ဝင် စားမှာ မဟုတ်တော့ ဘူး” ဟု မိုဘိုင်းဖုန်း အသုံးပြုသူ ဦးစိုးသူ မင်း က ပြောသည်။

အော်ရီးဒူး ဆင်းကတ် များကို ဩဂုတ်လ ၁၅ ရက်နေ့မှ စ၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့်
အခြား မြို့ကြီး ၆၈ မြို့နယ် တွင် ကနဦး စတင် အသုံးပြုနိုင်မည်ဖြစ် ကြောင်း အော်ရီးဒူးမြန်မာ က
သတင်း ထုတ်ပြန်ထားသည်။


 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း က ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုး ရအဖွဲ့များ ၏ အစီအစဉ်ဖြင့် ဆင်းကတ် များကို ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ မှ စ၍ ကျပ် ၁,၅၀၀ ဖြင့် မဲနှိုက် ရောင်းချပေးခဲ့သော် လည်း ပြင်ပဈေးကွက် ၌ ကျပ်တစ်သိန်းကျော် အထိ ပေါက်ဈေး ရှိခဲ့သည်။

mmtimes
From...Search Myanmar

 

No comments:

Post a Comment