*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 5 August 2014

ကမ္ဘာ့ အကောင်းဆုံး အ၀တ် အထည် Brand ၁၀ မျိုး

http://everythingdresses.com/wp-content/uploads/2012/12/6746_hr_506b1739b32c6.jpeg 

လူတိုင်းလိုလို ဟာ တစ်ဖက် လူကို အကဲခတ်တဲ့ အခါ သူ ၀တ်ဆင် ထားတဲ့ အ၀တ်အစား နဲ့ အဆောင် အယောင်တွေ ကို ကြည့်ရှုကြပါတယ်။ 

တစ်ဖက် လူ ၀တ်ဆင် ထားတဲ့ အ၀တ်အစား တံဆိပ်၊ တန်ဖိုး၊ ဖက်ရှင် ကျမှု နှင့် ရာသီဥတု အပေါ် လိုက် ဖက် မှု ရှိ/ မရှိ တို့ကို လေ့လာပြီး လူတစ်ယောက် ရဲ့  နေထိုင်မှု စရိုက်(တစ်နည်းအားဖြင့်) လူနေမှု အဆင့် အတန်း ကို သုံးသပ်လေ့ ရှိကြပါတယ်။ 

ဒီကနေ့မှာတော့ ကမ္ဘာပေါ် မှာ ဂုဏ်သတင်း ကြီးမားပြီး ၀တ်ဆင်သူတွေ စိတ်ကြိုက် အဖြစ်ဆုံး အ၀တ် အစား တံဆိပ် ၁၀ မျိုး ကို ဖော်ပြလိုက်ပါတယ်။



10. Guess
အမေရိကန် ထုတ် Brand တစ်ခုဖြစ်ပြီး 1981 ခုနှစ် တွင် လော့စ်အန်ဂျလိစ်မြို့၊ ကယ်လီဖိုးနီးယားပြည်နယ် ၌ စတင်ခြေချ ခဲ့သည်။ ယင်း ကို Denim Jeans များဖြင့် လူသိများ သည်။


9. Armani
Armani ကို Emporio Armani, Giorgio Armani, Armani Exchange, Armani Collezioni စသော အခြား နာမည်ခွဲ များဖြင့်လည်း တွေ့ရ မည်ဖြစ်ပြီး အ၀တ်အထည် အသုံး အဆောင် များနှင့် မျက်မှန် များကြောင့် နာမည်ကြီးသော Brand ဖြစ်သည်။


8.Fendi
1925 တွင် စတင် ခဲ့သော Fendi ၏ နာမည် သတင်းမှာ တစ်နေ့တစ်ခြား ပိုမိုကျော်ကြားလျက် ရှိသည်။ ပဲရစ်၊ နယူးယော့ခ်၊ ဒူဘိုင်း နှင့် မီလန်တို့ကဲ့သို့ ဖက်ရှင် အလှအပနှင့်ကျော်ကြားသော မြို့များတွင် အမြဲ တမ်း တွဲလျက်တွေ့ရသည် ကား Fendi Brand ပင် ဖြစ်သည်။


7.Versace
ကမ္ဘာ တစ်လွှား လူကြိုက် များလှသော Versace ဆိုလျှင် အမျိုးသား အမျိုးသမီးသုံး အ၀တ် အထည် များ ရေမွှေး များကို မြင်ယောင် မိကြမည်ဖြစ်သည်။


6.Dolce and Gabbana
Dolce and Gabbana ကို 1985 တွင် အီတလီနီုင်ငံ မီလန်မြို့ ၌ စတင် ခဲ့သော Brand ဖြစ်သည်။ စတင် ထုတ်လုပ် စဉ်က အမျိုးသားသုံး အတွက်သာ ရည်ရွယ်ခဲ့သော် လည်း ယခု အခါ အမျိုးသားရော အမျိုး သမီးများ ပါ သုံးစွဲနိုင်သည့် တန်ဖိုးမြင့် ဖက်ရှင် များကို ထုတ်လုပ်ရောင်းချလျက် ရှိသည်။


5.Gucci
1921 မှာ စတင် ထူထောင် ခဲ့တဲ့ အီတလီ Brand ဖြစ်သည်။ အ၀တ် အထည်၊ သားရေထည်၊ လက်ပတ် နာရီ၊ ဖိနပ်နှင့် ရတနာ ပစ္စည်းများ ကို အဓိက ထား ထုတ်လုပ်သည်။ ကမ္ဘာ တစ်ဝန်း တွင် Gucci Store ပေါင်း 300 ခန့် ဖွင့်လှစ် ထားနိုင်သောကြောင့် Gucci သည် လူကြိုက် များ လူသိများသော တံဆိပ် တစ်ခုလည်းဖြစ်သည်။


4.Valentino
မီလန် မြို့က နာမည်ကျော် ဖက်ရှင် ဒီဇိုင်နာ ဗလင်တီနို ရဲ့  အ၀တ်အထည် အသုံး အဆောင် ပစ္စည်းတွေ ဟာ ကော်ဇောနီလျှောက်လမ်း မှာ အလွန် ကို တင့်တယ်လှ ပါတယ်။ ကျက်သရေရှိ မှုနဲ့ ဆွဲဆောင်နိုင်တဲ့ Brand တစ်ခုဖြစ်ပါတယ်။


3.Prada
အီတလီ Brand ဖြစ်ပြီး 1913 မှာ သားရေထည် ဆိုင်လေး အဖြစ် ကနေ ယနေ့အခါ ကမ္ဘာကျော် Brand အဖြစ် သို့ တက်လှမ်း လာနိုင် ခဲ့ခြင်းဖြစ်သည်။ Prada သည် အထူးကောင်းမွန်သော အရည် အသွေးကြောင့် ၀ယ်ယူ အားပေး သူတို့အသဲ စွဲဖြစ်ကြသော ဖက်ရှင် တံဆိပ်တစ်ခု လည်းဖြစ်သည်။


2.Dior
1946 မှာ စတင် ထူထောင် ခဲ့တဲ့ ပြင်သစ် အခြေစိုက် ဖက်ရှင် တံဆိပ်ဖြစ်ပြီး အခြား တံဆိပ်များနှင့် မတူညီ တဲ့ ဒီဇိုင်း ကို ရည်ရွယ် ကာ ထုတ်လုပ် ပါတယ်။ အထူး သဖြင့် သားရေထည် များ၊ ရတနာ များ၊ ဖိနပ်များ၊ မိတ်ကပ်၊ နာရီ ၊ အသား အရည် ထိန်းသိမ်းမှု ကုန်ပစ္စည်းတွေ ကို ထုတ်လုပ်ပါတယ်။ အမျိုးသမီးသုံး အပြင် အမျိုးသား သုံးပစ္စည်းများ နဲ့ ကလေးတွေ အတွက်ပါ ထုတ်လုပ်တဲ့ ဖက်ရှင် Brand ပါ။


1.Chanel
လန်းဆန်း တက်ကြွ မှုကို ခံစားရစေနိုင် တဲ့ Chanel ဟာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ အခြေစိုက် Brand ဖြစ် ပါတယ်။ အဆင့်မြင့် ဖက်ရှင် အ၀တ် အထည်၊ အသုံး အဆောင်၊ အိတ်၊ ရေမွှေးနှင့် လက်ဝတ် ရတနာတွေ ကို ထုတ်လုပ် တဲ့ ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ တစ်ဝန်းလုံး မှာ လူကြိုက် အများဆုံး ဖောက်သည် အများဆုံး ရရှိ ပိုင်ဆိုင် ထားတဲ့ Brand ဖြစ်ပါတယ်။


Credit : Smart Lady
From...Search Myanmar

 

No comments:

Post a Comment