*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 6 September 2014

နဂါးစောင့်စောင့် နတ်စောင့်စောင့် မပါ မဖြစ်သော အဆင့်များ



ခေါင်းလောင်းကြီး ဆယ်ယူရန်ကြိုးပမ်းနေကြခြင်းကို အဓိပ္ပါယ် မရှိ ခေါင်းလောင်းလည်း တကယ်မရှိဟု တခါမှ မပြောပါ။ ကျနော်တို့ အားမလို အားမရြုဖစ်နေသည်မှာ အင်ဂျင်နီယာ များ၏ တွက်ချက်မှု အစီအစဉ်များ စနစ်တကျ မရှိပဲ ဂမ္ဘီရ လိုလို နဂါးတွေနတ်တွေ ကူညီနေ သလို ရိုးသားမျှော်လင့်နေသော သူတွေကို လျှောက်ပြောတာ ကို လုံးဝလက် မခံနိုင်ခြင်းဖြစ်သည်။

ဤမျှလေးလံပြီး မြစ်ကြမ်းပြင် ရွံ့နွံထဲ နှစ် ၄၀၀ မြုပ်နေသော ခေါင်းလောင်းကြီး ကို ဆယ်ယူရန်
အတွက် ဖြစ်သင့်သော နည်းလမ်း (Method Statement) ကို ၂၀၁၂ က ကျနော် သူငယ်ချင်း Civil Engineer ကိုနေမင်းဟိန်း က အင်ဂျင်နီယာ ညီလာခံ မှာ တင်ပြခဲ့ဘူးသည်။


စာမျက်နှာ (၃၀)ကျော် ရှည်လျားသော သူ၏ အစီရင်ခံစာ ထဲက ပုံ ( 11) ပုံလောက် ကို ကောက်နှုတ်ကာ မြန်မာလို သာမန် လူများနားလည်အောင်  ကျနော် ပြန်ရှင်းပြရေးပြ ပါမည်အစီအစဉ် အတိုင်းကြည့်စေချင် ပါသည်။ (၁၁) ပုံ ကုန်အောင်ကြည့်ပါ။

ဖြစ်နိုင်ခြေ (၂) ခုအနက် သဲနွံထဲမှာ မြုပ်နေဖို့က ပိုများပေရာ ရှိနိုင်သောနေရာကို သတ္ထု ( metal) များ ကို detectလုပ်နိုင်သော ဘူမိ ရူပ အသံလှိုင်းပြန်ဖမ်း ယူခြင်းနည်း ( Seismic sonic rador surveying) များဖြင့် နေရာကို တိကျအောင် အရင်ရှာရမည်။


 နေရာသေခြာသော အခါ ခေါင်းလောင်း အပေါ်ရှိ နံဘေး ရှိ သဲ များကို ဒီတိုင်း  သယ်မထုတ်နေလို့မရ။ (သည်မျှ ထူအောင် အုပ်နေသာ သဲ များကိုကျော်ကာ ခေါင်းလောင်း ကိုယ်ထည်ကို ရေငုပ်သမား မည်သို့စမ်းမိသည် မသိပါ ။)

 ဘောင်ခတ်မထား ပါက သဲနှစ် များက ပြန်ကျ ပြန်အုပ်သွားမည်သာ ဖြစ်သဖြင့်
 Temporary Cofferdam (Retaining walls/ sheet piles..etc )  များခတ်ကာ ပတ်ပတ်လည် ရှင်း သွားအောင် အရင် ခြစ်ထုတ် ရ (dredge) မည်။





ခြစ်ထုတ် ကလော်ယူ လာသော သဲများကို dredging barge ဖြင့် သယ်ကာ ဝေးရာမှာ သွားပြန်သွန် ချ ရမည်။ ကြိုးချည်နှောင် ရမည့်နေရာ hooks နှင့် ချည်နှောင်မည့် နည်းစနစ် တို့ကို အသေအချာ တွက်ချက်လုပ်ဆောင်ရမည်  (ဒါတောင် နောက်ကျိနေသောရေအောက်မှာ လုပ်ကြ ရမည်မှာ အလွန် ခက်ခဲ ပါလိမ့်မည်။

 စင်ကာပူ မှာ ကုန်းပေါ် မှာ သာမန် ၃-၄ တန် အလေးချိန်လေး ပစ္စည်း တင်ဖို့ကြိုးချည်ကြ  တာတောင်Lifting supervisor / safe work load..etc) တွေ ဘာတွေနှင့်  ရှုတ်ယှက် ခတ်နေသည်) ခေါင်းလောင်းကြီး မှာ ချည်စရာ ဆိုလို့ ထိပ်က ကွင်းတခုသာ ရှိသည်။


ကိုယ်ထည်မှာ သိုင်းပတ် ချည်ရအောင် မြင်သာ ထင်သာ ပေါ့ပေါ့ ပါးပါး ကုန်းပေါ် မှာ မဟုတ်ပေ။ ထို (ပုစွန်တုပ်) ကွင်း သည်ပင် ဆွေးမြေ့နေလောက်ပြီ။

ခေါင်းလောင်းကြီး တန် ၂၉၀ ဆိုသည်မှာ နည်းနည်းနောနော မဟုတ် ။ ရှေးက သမိုင်း ဆရာတွေ
 ချဲ့ကား တာ မဟုတ်ဘူး ဆိုလျှင် လေယာဥ်တစ်စီး စာလောက်လေးနေပြီ။


ပြီးမှ လေဘူဘောင်း များ  တပ်ဆင် ထားသော ဖောင်ပေါ် သို့ အလေးချိန် အသေအချာ တွက်ထားသော ကရိန်းဖြင့် မတင်ရမည်။ ပြီးမှ ကုန်းပေါ်သို့သယ်ရမည်။ ရွှေတိဂုံ ဘုရားလမ်း ကမ်းနားလမ်း တို့က အလေးချိန် ခံနိုင် ရဲ့လားတွေးရ ဦးမည်။

ရျွေတိဂုံရင်ပြင်ရောက်သည်အထိ ရထားလမ်း သီးသန့်ဖောက်ရမည်။ .ခုပြောသည် မှာ မပါမဖြစ်သော
 အဆင့် များကို အကြမ်း တင်ပြခြင်းဖြစ်သည်.။ အသေးစိတ်တွက်ချက်မှု များစွာ လိုအပ်သည်။
မဟုတ် ပါက လမ်းတွင် နောက်တခါ ပြန်ပြုတ်ကျ ဒုက္ခ များဘွယ်ရာ ရှိပေသည်။





From...Search Myanmar
 
 

No comments:

Post a Comment