*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 16 September 2014

မှော်ဝင် နန်းတော်




သံချေးတွေ အထပ်ထပ် နဲ့ခြံ အဝင်အဝ တံခါးကိုကြည့်ပြီးကျတော်နဲ့မင်းကျော်စွာ တစုံတခုကို ခံစား လိုက်မိပါတယ်။ ဒီခြံ တိတိ ကျကျပြောရရင် စံအိမ်ဟောင်းကြီး တခုပေါ့။
 
စံအိမ်ဟောင်းကြီးရဲ့ ညာဘက် အုတ်တိုင်မှာရေးထိုး ထားတဲ့ အိမ်ကြီးရဲ့ နာမည်က
 
××× လောကနတ် စံအိမ်×××။

---၁၈၉၀လောက်ကပေါ့ နိုင်ငံတော်ဝန်ကြီး တဦးဖြစ်တဲ့ဦးဘ နဲ့ ကတော် ဒေါ်မြယမုံ တို့ကနေပြီး သားဖြစ်သူမောင်ကျော်ဇော ဝန်ထောက် ကလေးမောင်...
ကျော်ဇော နှင့် အတူ အသစ် စက်စက် ဇနီးလေး အင်္ဂလန် နိုင်ငံသူ အဲလိစဘတ် တို့ အတွက်မင်းကြီး ကနေပြီးတော့ လက်ဖွဲ့ ထားတဲ့နန်းတော်ကြီး တမျှ ခမ်းနား လှပြီး ကျယ်ဝန်းလှ တဲ့ခြံကြီးနဲ့ အတူ သစ်ပင် ပန်းမန် စုံစုံလင်လင်နဲ့ နေချင် စဖွယ်စံအိမ်ကြီး လောကနတ်ကို လက်ဆောင် အဖြစ်ပေးခဲ့ပါတယ်။


ခြံကြီး က ကျယ်တော့ ခြံအကူလုပ်သား ကုလားတွေအပြင်ထမင်းချက် အိမ်စေ အပြည့် အစုံနဲ့ဘုရင်ကြီး  တပါးအလား စံစားနေရတာပေါ့။ ဝန်ထောက်ကလေးကျော်ဇော တို့ရဲ့မင်္ဂလာ သက်တန်း ၃ နှစ်ပြည့်တဲ့နောက်မှာ ဘိလပ်သူလေး အဲလိစဘတ်က မြန်မာ အင်္ဂလိပ် ကပြားလေးမောင်မောင်ကျော် ခေါ် ရောဘတ် ကိုမွေးဖွား ခဲ့ပါတယ်။ ငယ်စဥ်က ထဲဥာဏ်ရည် ထက်မြက်သည့် အပြင် ကပြား ဆိုတော့ လူကလူချော လူခန့် တယောက်ပေါ့။

မောင်မောင်ကျော်လူမှန်း သိတတ်စ အရွယ် ကထဲက ထူးခြားချက် တခုကလောကီပညာကို ဝါသနာ ထုံတာပါပဲ။ ထို့အရာကို သိတဲ့ ဖခင်ဖြစ်သူ ကိုကျော်ဇော ကလဲသူရဲ့ လက်လှမ်းမှီသမျှ ဆရာတွေ နိုင်ငံတကာ ကလောကဓာတ်စာအုပ်ပေါင်းစုံကိုဝယ်ပြီးလေ့လာစေ ခဲ့တာမောငိမောင်ကျော် ကောလိပ်ကျောင်းသားကြီး ဖြစ်တဲ့အချိန်အထိပါပဲ။

အဘိုးဖြစ်သူ ဦးဘ ကလဲ ပင်စင်ယူပြီးနောက်လောကဓာတ် ပညာကို စိတ်ဝင် တစားလေ့လာနေတာ ဆိုတော့ မြေးအဖိုး နစ်ယောက်တိုင်ပင်ဖော်လဲ ဟုတ် ဝါသနာတူ သူငယ်ချင်းတွေလိုဖြစ်နေကြတာပေါ့။

ထူခြား တာက သူတို့နစ်ယောက် တစုံ တခုပြုလုပ်တဲ့ အချိန်အခါ မျိုးမှာတလောက လုံး အမှောင်အတိ ကျသွား သလိုဖြစ်ဖြစ်နေတတ်တာပါပဲ။

ထိုခေတ် ထိုအခါ ကလောကဓာတ် ပညာဆိုတာ လူတိုင်းလေးစားလောက်တဲ့လောကီ ပညာ တမျိုးပေကိုး။

လောကဓာတ်ပညာ ဆိုတာကလဲအသုးံပြုတတ်ရင်အများအကျိုးရှိနိုင်သလိုမိမိအကျိုးအတွက်သာ သုံးမယ် ဆိုရင်လေညာ တခွင်မှာ လူတိုင်းရွှံကြောက်ကြီး ဖြစ်စေတတ်တာမျိုး ဆိုတာကို ထိုစဉ်က မောင်မောင်ကျော်တယောက်မတွေးမိဘူး ထင်စ။

ကျတော်နဲ့ ကိုမင်း နှစ်ယောက်သား ဒီအိမ်ကြီးကို ရောက်လာရတဲ့ အကြောင်း ကတော့ ယုံတမ်း တခုလိုပါပဲ။ ကျတော်တို့ နစ်ယောက်က အိမ်မက်ထဲမှာ ခနခနမြင်ဖူးကြပြီး အပြင်မှာ ခုမှ သာတွေ့ဘူး ကြတဲ့သူငယ်ချင်း အရင်ချာတွေပါ။


ကျတော်ပြောတာကိုနားမရှင်းကြဘူး လို့ထင်ပါတယ်။ ဒီလိုပါ။ ကျတော် ညအိပ်တိုင်း အိပ်မက် တခုထဲကိုသာ ညတိုင်းမက်နေတာ တနစ်တိတိ ရှိပါပြီ။ အိပ်မက်တိုင်း မှာခြံကျယ်ကြီးရယ် လူပေါင်းစုံ နေတဲ့ဝိဥာဏ်တွေရယ်။ အဘ တယောက်ရယ် ။ နောက်တော့ ကိုမင်းရယ် ကျန်တာတွေတော့ ဝိုးတဝါးပေါ့။ကိုမင်း လဲကျတော့ နည်းတူပါပဲ။

တနေ့အိပ်မက်လိုလို တကယ်လိုလို အဘတယောက် ဝတ်ဖြူစင်ကြယ်အဘတယောက်က ယခုအိမ်ကြီး ရှိရာကိုညွှန်လိုက် တာနဲ့ပဲ ကျတော်နဲ့ ကိုမင်း ဒီကိုရောက်လာခြင်းဖြစ်ပါတယ်။ ကျတော်နဲ့ကိုမင်း အဝေးပြေး ကားဂိတ်မှာ စတွေ့ကြတာပါ။

တွေ့တွေ့ခြင်းပဲ ငယ်ပေါင်းကြီးဖေါ်တွေလို ခင်မင် သွားကြတယ်။အိမ်ကြီး အကြောင်းအိပ်မက် အကြောင်းကို တလမ်းလုံးပြောဆို လာကြရင်း တယောက်ရဲ့ စိတ်ကို တယောက်ပိုပြီး နားလည်လာကြတယ်။

ကျတော်တို့နစ်ယောက်က စွန့်စား ရတာကို ဝါသနာထုံကြတယ်။ ဒီတော့ နစ်ယောက်သား ဖွင့်မပြောပေမဲ့အချင်းချင်း ယုံကြည်မှု အပြည့်အဝ ရနေကြတာပေါ့။ တဖြည်းဖြည်းနဲ့ကျတော်တို့ သွားရမဲ့စံအိမ်နန်းတော်ကြီး ရှိတဲ့မြို့ကိုရောက်လာပါပြီ။

ကားပေါ်က ဆင်းလိုက်တယ် ဆိုရင်ပဲ အမည်မဖေါ်ပြနိုင်တဲ့ ခံစားမှုမျိုးကို ခံစား လိုက်မိပါတယ်။ တဖြည်းနဲ့မြို့ထဲ ဝင်လာတဲ့ အခါမှာ လမ်းမှာတွေ့တဲ့သူတွေကို အိမ်ကြီး အကြောင်း ကိုမေးတော့ ဘယ်သူမှ တိတိ ကျကျဖြေဆိုတာ မရှိ သလိုကြောက်လန့်နေကြပုံလဲ ပေါ်ပါတယ်။

ကျတော်တို့ နှစ်ယောက်အိမ်ကြီးရှိတဲ့မြို့မှာရောက်နေပြီး အိမ်ကြီးကိုရှာမတွေ့ကြသေး ပါဘူး။ဒါနဲ့ပဲ ကိုမင်း က ကိုလွင်ရေ စိတ်ပြေလက်ပျောက် ဘီယာဆိုင်ဖြစ်ဖြစ် ထန်းရေဆိုင်ဖြစ်ဖြစ်သွားကြမယ်ဗျာ ဆိုတာနဲ့တည်းခိုခန်းက လူကိုမေးပြီး အနီးစပ်ဆုံး ထန်းရည်ဆိုင်ကို ထွက်လာခဲ့ကြတယ်


ကျတော်တို့ ထန်းရေဆိုင်မှာ ရှိနေတုန်း ခပ်လှမ်းလှမ်း ဝိုင်းက လူငယ်တစု လုပ်နေကြတဲ့လောင်းကစား ပွဲလေးက ကျတော်တို့ကို စိတ်ဝင် တစားဖြစ်စေပါတယ်။ သူတို့ အဖွဲ့ထဲကအသားဖြူဖြူ အရပ်ခပ်မြင့်မြင့် ကောင်လေးကို သရဲ ခြောက်တယ်ဆိုသော အိမ်ကြီးမှာ တစ်ည အိပ်ခိုင်းနေခြင်းဖြစ်ပါတယ်။

ကျတော်တို့လဲ့ တယောက်မျက်နှာ တယောက်ကြည့်ပြီး တိုင်ပင် မထားပဲ ထိုစားပွဲဝိုင်း ဆီသို့ပြိုင်တူ ထသွား မိရက် သားဖြစ်နေ ပါတော့တယ်။ စားပွဲဝိုင်းရောက်တော့ ကိုမင်းက စ၍ ညီလေး အကို့ခန ထိုင်မယ်နော်။ကို့နာမည်က မင်းကျော်စွာ ပါ။ ဒီက ကိုလွင်ဦး ပါ။

ကိုတို့ဒီမြို့ကို လာတာ ၂ ရက်ပဲ ရှိပါသေးတယ်။ဒီမြို့က လောကနတ် စံအိမ်ကြီးဆီ သွားမလို့ပါ။ခုဒီရောက်တော့ မှစံအိမ်ကြီးရှိတဲ့နေရာကိုရှာမတွေ့ဘူး ဖြစ်နေကြတယ်။ ခုနက ကိုတို့နားစွန် နားဖျား ကြားမိ တာက သရဲခြောက်တဲ့ အိမ်ကြီးလို့ပါတယ်။ အဲ့အိမ်ကြီးက ဘယ်နားမှာ များလဲညီလေး။

ဆိုတော့ အသားဖြူဖြူကောင်လေး က ကျတော်တို့ ပုံစံတွေကြည့်ပြီးအားတက် သွားတယ်ထင်ပ။ချက်ချင်းပဲအကိုတို့ပါ လိုက်မယ် ဆိုကျတော်တို့ ဒီညသွားကြတာပေါ့ ဆိုတော့ သူ့ အဖော်ကောင်လေး၂ယောက်က ဟေ့ကောင်ငြိမ်းချမ်း မင်း ကလဲဖြစ်ပါ့ မလား ငါတို့က စတာပါနောက်ပြီး မင်းအဲ့ဒီမှော်ဝင် နန်းတော်ကြီး အကြောင်းလဲ သိသားနဲ့ကွာ။ တော်ကြာသေကုန်ပါ့မယ်။

ဆိုတော့ ကောင်လေးကျော်စွာ မင်းမလိုက်ချင်နေခဲ့လေ။ ငါက ဒီက အကိုတွေကို လိုက်ပို့ရင်းနဲ့ ဒီမြို့မှာနန်းတော်ကြီးထဲရောက်ဖူးတဲ့ဒုတိယမြောက်လူသားဖြစ်သွားတာပေါ့ကွာ တဲ့။

ကျတော် တချိန်လုံး ထိုင်ပြီးသူတို့ စကားကိုနားထောင်နေတာက နေ ဒုတိယမြောက် လူသားဆိုတဲ့စကားကိုစိတ်ဝင်စားသွားပြီး ဒါဆို ညီလေးပ ထမဆုံး လူသားက ဘယ်သူလဲကွ။ နဲနဲပြောပြ ပါလား။ဆိုတော့ကောင်လေး က ဒီလိုအကိုရ ဆိုပြီးကျတော်တို့ကို အကဲခတ်တဲ့ အနေနဲ့ပြန်ကြည့်တယ်။

နောက်တော့ ဆက်ပြီး ကျတော် မသိဘူးဗျ။ မြို့ဦးကျောင်းဆရာတော်ရဲ့ ကပ္ပိယကြီးပြောဘူး တာပဲ။သူ့ကို သွားမေးကြည့်မယ်လေ။ ဆိုတော့ ကျတော်တို့ က ဒါဆိုလဲ အဲဒီ့အိမ်ကြီးကို အရင်သွားကြည့်ချင်တယ် လိုက်ပြပါကွာ ပြန်လာရင်ညီလေးတို့ကြိုက်သလောက်သောက် အကိုတို့ဒကာခံပါ့မယ်။

ဒီလိုနဲ့ကျတော်ရယ် ကိုမင်းရယ်ငြိမ်းချမ်းရယ် အဲ့ဒီနန်းတော်ကြီး ဆီကိုထွက်လာခဲ့ကြတယ်။သံချေးတွေ အထပ်ထပ်နဲ့ခြံကြီးရဲ့ဝန်းတံခါးကိုကြည့်ပြီး ကျတော်ရော ကိုမင်း ပါတစုံတခု ကိုခံစားလိုက်ရပါတယ်။ခြံကြီးရဲ့ ညာဘက် အုတ်တံတိုင်းမှာ ရေးထားတဲ့ စာတန်းက        == လောကနတ်စံအိမ်==

ကျတော်တို့ ရှာနေတဲ့ အိမ်ကို တွေ့ပြီ ဆိုတော့နောက်တခါ ဒီစံအိမ်ကြီးကိုပြန်လာဖို့အတွက် လိုအပ်တာတွေ လဲပြင်ဆင်ရဦးမယ်ဆိုတော့ ကျတော်တို့ငြိမ်းချမ်းနဲ့ အတူ ထန်းရည်ဆိုင် သို့ပြန်ခဲ့ကြပါတယ်။

ထို့နောက်မှာတော့ ကောင်လေးတွေနဲ့ အတူ သောက်ကြ စားကြပြီး ထိုနေ့ အဖို့သူတို့အလိုကို လိုက်ပြီး နောက်တနေ့ ကပ္ပိယကြီးဆီ သွားဖို့ပြန်ချိန်း ကြပါတော့တယ်။ ကပ္ပိယကြီးဆီ ရောက်တော့ ကျတော်တို့နစ်ယောက် ဘာကြောင့် ဒီမှော်ဝင် နန်းတော်ကြီးထဲ ကို သွားချင်ကြတာလဲလို့ မေးတယ်။

ကျတော်တို့က အိပ်မက် အရ သွားချင်ကြောင်းပြောပြတာပေါ့။ ကပ္ပိယကြီးက အကြောင်းပြချက်က ခိုင်လု့မှု မရှိတာကြောင့် ဘာမှမပြောနိုင်ကြောင်း ပြောပြီး ကျတော်တို့ကိုပြန်လွှတ် လိုက်တယ်။ ကျတော်တို့လဲစိတ် နဲနဲတော့ ညစ်သွား တာပေါ့

အ၇င်ထဲ က လုပ်ချင်တာ ရှိရင် မည်သူ့ကိုမှ ဂရုမစိုက်ပဲ လုပ်တတ်တဲ့ကျတော့အကျင့်က ဒီတခါ ကျတော့ ကိုမင်းကျော်စွာ ကို အားနာတာကြောင့် ဘာမှ မသိရလဲ သွားမယ်ဆိုတဲ့ စိတ်ကိုချိုးနှိမ်ထားရ ပါတော့ တယ်။

ကျတော်တို့ တည်းခိုဆောင် ကိုပြန်လာတဲ့လမ်းမှာ ကိုမင်းက ကိုလွင်ရေ အကိုသာ သဘောတူမယ် ဆိုရင်ကျတော်တို့ ဒီည အဲ့ဒီစံအိမ်ကြီး ထဲဝင်ကြရအောင် ဗျာ ဘယ်လိုလဲ သဘောတူလား။ထင်မှတ် မထားတဲ့ မေးခွန်းကြောင့် ကျတော် အံ့သြဝမ်းသာ ဖြစ်သွားတယ်။

ကိုမင်း ကျတော့စိတ်ကို သိများနေလားပေါ့။ ဒါနဲ့ကျတော်က ok ချဗျာ သွားကြမယ်။ ခု လိုအပ်တဲ့အသုံး အဆောင်လေးတွေ ဝယ်ဖို့ဈေး ကိုပြေးလိုက်ကြစို့ ဟုဆိုကာ နှစ်ယောက်သား တက်ကြွတဲ့ခြေလှမ်းတွေနဲ့မြို့ဈေးကြီး ကိုအပြေးတပိုင်း ထွက်လာခဲ့ကြပါတော့တယ်။

ဈေးလမ်းထိပ်မှာ တော့ ကျတော်တို့ လာတာကိုမြင်တဲ့ငြိမ်းချမ်းက အကိုတို့ရေ ဆရာတော်က ခေါ်ခိုင်းလို့ဒီကိုလိုက်လာတာဗျ။ ဆရာတော်က မိန့်တယ် အကိုတို့အဲ့ဒီ နန်းတော်ကြီးကို မဖြစ်မနေ သွားကြလိမ့်မယ်တဲ့။

သွားမယ် ဆိုဈေးမှာ လိုအပ်တာတွေလာဝယ် လိမ့်မယ် မင်း ဈေး ထိပ်မှာ သွားစောင့်ပြီး ခေါ်လာ ဆိုလို့လာခဲ့တာဗျ။ အခုတော့ ဆရာတော် မိန့်တဲ့အတိုင်း ကွက်တိပါလာဆိုပြီး တရစပ်ပြောနေသော ငြိမ်းချမ်း ကိုကြည့်ပြီး ဥာဏ်အမြှော်အမြင် ကြီးလှတဲ့ ဆရာတော်ကိုလဲ ဖူးတွေ့ချင်စိတ်တွေဖြစ်မိပါတော့တယ်။


ကျတော်တို့မြို့ဦးကျောင်း ဆရာတော်နဲ့ တွေ့တော့ ဆရာတော်က အင်မတန် တည်ကြည်ပြီး အလွန် ကျက်သရေ ရှိလှတဲ့ ဆရာတော်တပါးဖြစ်နေတာကို တွေ့လိုက်ကြရ ပါတယ်။ ဆရာတော်ရဲ့သက်တော် အားဖြင့် ၅၀ ကျော် ၆၀ ဝန်းကျင်လောက်လို့ ခန့်မှန်း မိပါသေးတယ်။


အစဉ်လေးစားလျှက်……လွင်ဦး
 
From...သရဲ သဘက် ဘီလူး အစရှိသော ပေတ မှတ်တမ်းများ.
 

No comments:

Post a Comment