*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 10 September 2014

iPhone 6 နှင့် iPhone 6 Plus ကြေညာပြီ

YoYarLay's photo.

iPhone 6 နဲ့ iPhone 6 Plus ဆိုပြီးတော့ Apple မှ တရားဝင် ကြေညာ လိုက်ပါပြီ။
 
၁) ပထမဆုံး ပေါ်ခဲ့ ဖူးတဲ့ iPhone ထက် Processor က အဆ ငါးဆယ် မြန်ပါတယ်။
 
၂) 3D အမြင် ကဲ့သို့ ကောင်းမွန်သော မြင်ကွင်း ကို ဂိမ်း အတွက် ထောက်ပံ့ထားသည်။
 
၃) Graphic က ပထမဆုံး iPhone ထက် ၈၄ ဆ ကြည်လင် သည်။
 
၎) A8 Chip က ယခင် Processor ထက် ၂၅ ရာခိုင်နှုန်း ပိုမြန်၍ graphic ကို ၅၀ ရာခိုင်နှုန်း တက်စေ။
 
၅) iPhone 6 တွင် pixel တစ်သန်း ပါဝင်ပြီး iPhone 6Plus တွင် pixel ၂ သန်း ပါဝင်သည်။
 
YoYarLay's photo.


၆) ကမ္ဘာ့ ဂိမ်း Developer ကုမ္ပဏီကြီး ၂၅ ခုမကနဲ့ သဘောတူညီချက်ရ ယူထား တာမို့ ဂိမ်မာ များ အတွက် iPhone 6 နဲ့ 6 Plus ဟာ ဂိမ်းဆော့ စရာ ပစ္စည်း တစ်ခုလည်း ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။
 
၇) iPhone 6 က ၄.၇ လက်မ၊ iPhone 6S က ၅.၅ လက်မ အရွယ် ရှိပါတယ်။
 
၈) M8 coprocessor မှ accelerometer, gyroscope, and compass တို့မှ Motion data များကို အဆက်မပြတ်ရယူနိုင်။ Sensor နည်းပညာ မြင့်တက်လာမှု ကို Apple တို့ ရည်ညွန်းဖော်ပြ ခဲ့ပါတယ်။
 
၉) 802.11ac အရည် အသွေး ရှိတဲ့ Wi-Fi ပစ္စည်း ဟာ လက်ရှိ iPhone 5S ထက် သုံးဆ မြန်တာကြောင့် အင်တာနက် လိုင်း ဆွဲအား အင်မတန် ကောင်းတဲ့ စမတ်ဖုန်း ဖြစ်လာပါ လိမ့်မယ်။
 
YoYarLay's photo.

၁၀) iPhone 6 မှာ 8MP iSight camera, 1.5µ pixels, ƒ/2.2 aperture ရှိပြီး Digital image stabling နည်းပညာ ပါဝင်ပါတယ်။

၁၁) ဗီဒီယို ရိုက်တဲ့ အခါပဲ ဖြစ်ဖြစ်၊ ဓာတ်ပုံရိုက်တဲ့ အခါပဲ ဖြစ်ဖြစ် ပြုံးနေတဲ့ ပုံတွေ၊ အကောင်းဆုံး ရိုက်ချက် ပုံတွေကို အကြံပေးတာမျိုး အထိ ကင်မရာ မှာ မှတ်ဥာဏ် ပါဝင်လာပါတယ်။ 120 fps သို့မဟုတ် 240 fps အရည်အသွေးနဲ့ slow motion ဗီဒိယို ရိုက်နိုင်ပါတယ်။
 
၁၂) ကျန်းမာရေး အတွက် အထောက် အကူ ဖြစ်စေမယ့် ကျန်းမာရေး App ဖြစ်တဲ့ Health App ဆိုတာလေး ပါဝင်လာပါပြီ။
 
၁၃) ကြိုတင် မှာယူမှုကို စက်တင်ဘာလ ၁၂ ရက်နေ့ ဆိုရင် စလုပ်နိုင်ပါပြီ။
 
၁၄) စက်တင်ဘာလ ၁၇ ရက်နေ့ က စလို့ iOS 8 ကို အခမဲ့ Download ဆွဲနိုင် ပါပြီ။
 
၁၅) Tim cook မှတ်ချက် - “These iPhones obviously have bigger displays, but more importantly, they’re amazing products in every single way.”

YoYarLay's photo.


၁၆) ပိုက်ဆံအိတ်တွေ ကို အစားထိုး မယ့် အရာတစ်ခုလို့ Apple က စပြီး Payment အတွက် သုံးစရာ device တစ်ခု ဖြစ်အောင် ဖန်တီး ထားကြောင်း လည်း ဆိုပါတယ်။
 
၁၇) iPhone 6 Plus ကို ၂ နှစ် စာချုပ်နဲ့ ရောင်းဈေး က 16GB ကို ၂၉၉ ဒေါ်လာ၊ 64GB ကို ၃၉၉ ဒေါ်လာ၊ 128GB ကို ၄၉၉ ဒေါ်လာ စီ ရှိပါတယ်။ စာချုပ်မပါ ၇၄၉ ဒေါ်လာ။
 
၁၈) iPhone 6 နဲ့ iPhone 6 Plus ဟာ memory တူရင် ဈေးနှုန်း အားဖြင့် ဒေါ်လာ ၁၀၀ သာ ကွာပါတယ်။ iPhone 6 ကို ၂ နှစ် စာချုပ် နဲ့ ရောင်းဈေးက 16GB ကို ၁၉၉ ဒေါ်လာ၊ 64GB ကို ၂၉၉ ဒေါ်လာ၊ 128GB ကို ၃၉၉ ဒေါ်လာ စီ ရှိပါတယ်။ စာချုပ်မပါ ၆၄၉ ဒေါ်လာ။
 
၁၉) ငွေပေးချေ ကဒ် အမျိုးမျိုး တို့ကို သယ်သွား စရာမလိုတော့ပဲ လိုအပ်တာတွေကို Apple ထဲမှာပဲ save ပြီး သုံးနိုင်ပြီး Apple Pay ဆိုတဲ့ ငွေပေးချေမှု ဝန်ဆောင်မှု ပါဝင်လာခြင်း ဖြစ်ပါတယ်။

Master Card, Visa, American Express အပြင် ကမ္ဘာ့ထိပ်သီး ဘဏ် ၁၁ ခုကျော် နဲ့ ချိတ်ဆက် ထားပြီး ဒါကို လည်း တိုးချဲ့သွားမှာကြောင့် နိုင်ငံ တိုင်း အသုံးပြုနိုင်တဲ့ အနေအထား တစ်ခု အထိ ရောက်လာ နိုင်ပါတယ်။ လက်ဗွေနှိပ်ရုံ နဲ့ ငွေပေးချေမှု၊ လွဲပြောင်းမှု ကို ပြုလုပ်နိုင်ခြင်း ဖြစ်ပါတယ်။
 
၂၀) Apple Pay ကို iPhone 6 နဲ့ 6 Plus မှာ သုံးနိုင်ပြီး အောက်တိုဘာက စလို့ အမေရိကန်မှာ စသုံးနိုင် မှာ ဖြစ်ပါတယ်။ McDonald, Nike, Disney Land တို့လို အပြင် အခြား ကမ္ဘာ့ ထိပ်သီး ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု ကုမ္ပဏီများမှာ ဈေးဝယ်တဲ့ အထိ ဝယ်ယူတဲ့အခါ အသုံးပြု နိုင်ပါတယ်။

 Apple store တွေမှာလည်း သုံးနိုင်ပါတယ်။ အဓိက concept က အစောက ပြောခဲ့ သလိုပဲ ပိုက်ဆံအိတ် ကို အစားထိုး မယ့် ပစ္စည်း ဖြစ်ပါတယ်။
 
၂၂) ခန့်မှန်း ဈေးနှုန်း -
iPhone 6 (Any color)
16GB - $649
64GB - $749
128GB - $849

iPhone 6 plus (Any color)
16GB - $749
64G - $849
128GB - $949


From...အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment