*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 17 June 2014

သင့် အိမ်ထောင်ရေး ပိုမိုသာယာပျော်ရွှင်စေဖို့ သိထားရမယ့် နည်းလမ်း (၉) သွယ်


 




အိမ်ထောင်တစ်ခု သာယာဖို့ ဆိုတာ တစ်ဦးတည်းကောင်းနေလို့ မရပါဘူး။ အမျိုးသားရော၊ အမျိုးသမီးပါ တစ်ဦးပေါ် တစ်ဦး နားလည်မှု ရှိရှိ၊ သစ္စာ ရှိရှိ ပြုမူနေထိုင် သွားမယ် ဆိုရင်တောင် နေ့စဉ် ဘ၀တွေမှာ ပျင်းရိ စရာဖြစ် မလာအောင်၊ တစ်ဦးကို တစ်ဦး ချစ်စိတ်တွေ လျော့ပါး မသွားအောင် နှစ်ဦးစလုံးက ကြိုး စားနေရမှာပါ။ 

တစ်ခါတစ်လေ ကိုယ်တွေ မတွေး ထားခဲ့တဲ့ အချက်ကလေးတွေ ကလည်း အိမ်ထောင် တစ်ခု သာယာစေ ဖို့ အထောက် အကူပြုနေတာ မျိုးတွေ ရှိတတ်ပါ တယ်။ အရေး မကြီးဘူးလို့ ယူဆထားတဲ့ အချက် ကလေးတွေ ကို သေသေချာချာ ဂရုစိုက်ပေးသွားမယ် ဆိုရင် သင့်အိမ်ထောင်ရေး ဟာ ပျင်းရိငြိငွေ့စရာ မကောင်းတော့ပဲ စိတ်လှုပ်ရှားပျော်ရွှင် စရာတွေနဲ့ ပြည့်လာမှာပါ။


၁။ တစ်ဦးပေါ် တစ်ဦး အရိုးသားဆုံး ဆက်ဆံပါ။
စိတ်တို တာ၊ စိတ်ဆိုး တာမျိုးတွေကို ဖုံးကွယ်ပြီး ပြုံးပြနေစရာ မလိုပါဘူး။ ဒါဟာ ရန်ဖြစ်ဖို့ပြောနေတာ လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်မကြိုက်တဲ့ အရာမျိုး သူလုပ်ရင် သူ့ကို နားလည်အောင် ရှင်းပြ ပါ ။ ဒေါသရှေ့မထားပါနဲ့။ စိတ်အနှောင့် အယှက်ဖြစ်နေတာမျိုး ကိုလည်း ပြုံးပြုံးလေးနေပြီး ဖုံးကွယ်နေစရာ မလိုပါဘူး။
 
၂။ အပြင်မှာ စိတ်ဝင်စားစရာ ကိစ္စမျိုးလေးတွေ ဖန်တီးပါ။
ဒါကို ဖတ်လိုက် ရလို့ အပြင်မှာ နောက်ထပ်ကောင်မလေး/ကောင်လေး အသစ် ထပ်ရှာ ခိုင်းတာ မဟုတ် ပါဘူး။ ကိုယ် စိတ်ဝင်စားတဲ့ အရာ .... ဥပမာ ယောဂသင်တန်း အတူတူ တက်တာ ပဲဖြစ်ဖြစ်၊ ရေ အတူတူ သွားကူး တာမျိုးပဲဖြစ်ဖြစ်၊ သင်တန်း တစ်ခုခု တက်တာ မျိုးပဲဖြစ်ဖြစ် ကိုယ့်အိမ်ထောင်ဖက် နဲ့အတူတူ အပြင်လောက မှာ စိတ်ဝင် စားစရာကောင်းတဲ့ အရာလေးတွေ လုပ်ပေးပါ။
 
၃။နှစ်ဦးသား အတူတူ စွန့်စားပါ။
တစ်နေ့ တစ်နေ့ အိမ်မှာ ထိုင်နေပြီး ငါ့ဘ၀ကြီး က ပျင်းစရာကောင်းတယ် လို့ အော်မနေပါနဲ့။ ချစ်သူနဲ့ အတူ အပြင်လောက ကို ထွက်ပြီး လုပ်စရာရှိတဲ့ အရာတွေကို လုပ်ပါ။ နေ့စဉ် ဘ၀တွေကို စိတ်လှုပ် ရှား ဖွယ်ဖြတ်သန်းပါ။
 
၎။ ခရီး ထွက်ပေးပါ။
တစ်ခါ တစ်လေ နေ့ရော ညပါ အလုပ် ကိစ္စတွေ ရှုပ်နေတာကြောင့် ကိုယ့် အိမ်သူ ဇနီးမယားကို အချိန် မပေးနိုင် တာမျိုး၊ ထမင်းတောင် တူတူ မစားဖြစ် တာမျိုးတွေ ကြုံနေတတ် ပါတယ်။ ဒီလို အချိန်ကြာမြင့် စွာနေခြင်း ဟာ ကိုယ့်ရဲ့အိမ်ထောင်ရေး အတွက် ကောင်းတဲ့ အချက်တော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့် ဇနီးနဲ့ အတူ ခရီးထွက်ပေးပါ။ ဒါဟာနှစ်ဦးသား အတွက် ပျော်ရွှင်စရာကောင်း သလို သံယောဇဉ် လည်း ပို တိုးစေပါတယ်။
 
၅။ လက်ဆောင်လေးတွေပေးပါ။
တန်ဖိုးကြီးတဲ့ အရာက မှ လက်ဆောင် မဟုတ်ပါဘူး။ ကိုယ့်ချစ်သူ ဇနီးမယား ကြိုက်တတ်တဲ့ အရာလေးတွေ ကို သေချာ မှတ်ထားပြီး အနည်းဆုံး တစ်လကို တစ်ခါလောက် လက်ဆောင်လေးတွေ ပေးပေး ပါ။ သူမပျော်ရွှင်ကြည်နူးသွားတဲ့ အခါ ကိုယ်လည်း အဲ့ဒီပျော်ရွှင်မှုတွေကို ထပ်တူ ခံစားရမှာဖြစ်ပါတယ်။
 
၆။ ကလေးတွေ မပါပဲ နှစ်ဦးသား ပျော်ရွှင်ကြည်နူးစရာ အချိန်တွေ ကို ဖန်တီးပါ။
သားသား၊ မီးမီးတွေ နဲ့ အလုပ်တွေ ရှုပ်နေတာမို့ ကိုယ့် အမျိုးသားကို ပစ်ထား မိတာမျိုးတွေ ဖြစ်တတ် ပါ တယ်။ ကလေးတွေ ကို အာရုံ ပိုစိုက်လေလေ၊ အမျိုးသား အတွက် အချိန် မရှိလေလေ ပါပဲ။ ဒီလိုမျိုး မဖြစ်ရအောင် ကလေးတွေ အတွက် အချိန်ပေး သလို ကိုယ့် အမျိုးသားနဲ့ နှစ်ဦးသား အတူ တူနေနိုင်မယ့် အချိန်ကို ဖန်တီးပါ။ တစ်ခါ တစ်လေ ကလေးတွေ မပါဘဲ အပြင် သွားတာမျိုးတွေ လည်း လုပ်ပေးနိုင် ရင် ကောင်းပါတယ်။
 
၇။ အိမ် အလုပ်၊ အိမ်မှု ကိစ္စတွေကို အတူတူ လုပ်ပါ။
အိမ် အတွက် လိုအပ်တဲ့ တစ်ချို့ အရာ ၀ယ်ခြမ်းမယ် ဆိုရင် သူ့ကို ခိုင်းပါ။ အိမ်သန့်ရှင်းရေး အတွက်တော့ အတူတူ လုပ်ကြပေါ့။ ခြံထဲမှာ ပန်းပင်တွေ စိုက်တာမျိုး ဆိုရင်လည်း အတူတူ လုပ်လို့ရတာပဲ။ ကလေးကျောင်းသွားကြို တာမျိုး သူလုပ်တယ် ဆို ၊ ဖုန်းဘေလ်သွားဆောင် တာမျိုး ကိုယ်လုပ် လိုက်ပေါ့။ အိမ်မှာ ရှိနေတဲ့ အချိန်မျိုး အလုပ် တစ်ခုကို အတူတူ လုပ်တာမျိုး ကလည်း သံယောဇဉ်ကြိုးတွေ ပိုခိုင်စေ ပါသတဲ့။
 
၈။ တစ်ဦးနဲ့ တစ်ဦးဆွဲဆောင်မှု ရှိနေပါစေ။
တစ်ဦးနဲ့ တစ်ဦးဆွဲဆောင်နေဖို့ ဆိုတာ လိင် ဆက်ဆံတာ တစ်ခုတည်း နဲ့ မပတ်သက် ပါဘူး။ နှစ်ဦးသား သံယောဇဉ် ပိုမို ခိုင်မြဲဖို့ ဆိုရင် အိမ်ထောင်ပြုပြီးနောက်ပိုင်း မှာလည်း ပိုမိုနွေးနွေးထွေးထွေး နေပေး ဖို့လို ပါတယ်။ တစ်ယောက်လက် တစ်ယောက် တွဲပြီး လမ်းလျှောက် တာမျိုး၊ ထွေးထွေးပွေ့ပွေ့နေတာ မျိုး၊ မကြာ ခဏ ပွေ့ဖက် တာမျိုးတွေဟာ တစ်ဦးနဲ့ တစ်ဦး ဆွဲဆောင်မှု ပိုရှိစေသလို သံယောဇဉ် ပိုတွယ်စေ ပါတယ်။
 
၉။ အရေးမပါ တဲ့နောက်ကြောင်းတွေ ကို မေ့လိုက်ပါ။
အရင်တုန်း က ဖြစ် ခဲ့တဲ့ ရန်ပွဲတွေ မှာ ပြောခဲ့တဲ့ စကားလုံးတွေ ကို မေ့လိုက်ပါ။ ရှေ့ရေးမှာ သာယာပျော် ရွှင် ချင်တယ် ဆိုရင် အရေး မပါတဲ့ နောက်ကြောင်းတွေ ကို မေ့ပစ်လိုက်ဖို့ လိုပါတယ်။
 

Ref:womenshealthmag.com
Trend
From...Search Myanmar

No comments:

Post a Comment