*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 17 June 2014

မြန်မာလုပ်သား များကို ထိုင်း စစ်အစိုးရ ဆက်တိုက် ဖမ်းဆီးနေ၍ မြန်မာ စတင်စုံစမ်း






(ဓာတ်ပုံ − ရိုက်တာ)
ကမ္ဘောဒီးယားရွှေ့ပြောင်း လုပ်သားများ နယ်စပ် ကိုဖြတ်၍ နေရပ် သို့ပြန်ရန် လမ်းလျှောက် လာကြသည် ကို ဇွန်လ ၁၅ ရက်က တွေ့ရစဉ်။ 

ထိုင်းနိုင်ငံ မှ နေရပ်သို့ ပြန်သွားသော ကမ္ဘောဒီးယား လုပ်သားဦးရေ မှာ ရက်ပိုင်း အတွင်း ၁၂၀,၀၀၀ ရှိ သွား ပြီ ဖြစ်ကြောင်း နိုင်ငံတကာရွှေ့ပြောင်း လုပ်သား အဖွဲ့ချုပ်က ခန့်မှန်းသည်။ 



အာဏာသိမ်း ထိုင်း စစ် အစိုးရက တရားမ၀င်မြန်မာ လုပ် သားများကို ဆက်တိုက် ဖမ်းဆီး နေသည့် သ တင်း များထွက်ပေါ် နေသဖြင့် မြန်မာ အစိုးရက စတင် စုံစမ်းနေကြောင်း အလုပ် သမားအ လုပ်အ ကိုင်နှင့် လူမှု ဖူလုံ ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။
 
ထိုင်းနိုင်ငံ တွင် စစ်အစိုးရ တက်လာပြီးနောက် မြန်မာ အပါ အဝင် တရားမဝင် အလုပ်သမား များကို ယခု လဆန်းပိုင်း မှစ၍ ဆက်တိုက် ဖမ်းဆီးနေကြောင်း သတင်းများထွက်ပေါ်နေသည်။ထို့ကြောင့် မြန်မာ အစိုး ရ က ယင်း ဖြစ်ရပ်အပေါ် မှန်ကန်မှုရှိ၊ မရှိ စုံစမ်းနေပြီး မှန်ကန်မှုရှိပါက နှစ် နိုင်ငံညှိနှိုင်းဆွေးနွေးမှု ဆောင် ရွက်သွားမည်ဖြစ်ကြောင်း တာ ဝန်ရှိသူတစ်ဦးက ပြောသည်။



‘‘သံအရာရှိ ကို အသေးစိတ် မေးခိုင်းထားတယ်။ အခုကြားနေ တာက လူမှုအဖွဲ့အစည်းတွေ ဘက်ကပဲ  သတင်းတွေ တက်သေးတယ်။ အစိုးရ ဘက်က သတင်း မတက်သေးဘူး။ အခုမှ နိုင်ငံခြား က ပြန်လာတာ ဆိုတော့ သိပ် တော့ သတင်း အတိအကျမရ သေးဘူး။ ခိုင်မာမှု ရှိအောင်တော့ လုပ်ရမယ်။ ကိုယ့်နိုင်ငံ သားအ တွက်ပဲ။ 

တစ်ကယ် အဖမ်းခံနေရ ရင်တော့ ဆောင်ရွက် ရမှာပေါ့။ လောလောဆယ် သေချာ မသိ သေးဘူး။ သိရင်တော့ အထက်ကို တင်ပြပြီး လုပ်မှာပေါ့’’ ဟု အလုပ် သမား၊ အလုပ် အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီး ဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုးအောင်က ပြော ကြားသည်။
 
ထိုင်းရောက် မြန်မာ အလုပ် သမားများ ဖမ်းဆီး ခံရမှုသည် ဇွန် လ ဆန်းမှ စ၍ ဖမ်းဆီးနေမှု သိသိ သာသာ ဆောင် ရွက်လာကြပြီး ဇွန်လ ၁၆ ရက် အထိ မြန်မာ အလုပ်သမား ၄၀၀ ကျော် ဖမ်းဆီးခံနေ ရပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့မှ သတင်းရရှိသည်။

ဇွန်လ ၃ ရက်က ထိုင်း နိုင်ငံ မဲဆောက်မြို့ ရှိ တရားမ၀င် မြန်မာနိုင်ငံသားများ ကို ထိုင်းနိုင်ငံ စစ်တပ်နှင့် လူဝင်မှု ကြီးကြပ်ရေး တို့က ၀င်ရောက် ဖမ်းဆီးခဲ့ရာ တရားမ၀င်နေထိုင်သော မြန်မာ လုပ်သား ၁၆၃ ဦး ဖမ်းဆီးခံခဲ့ရ သည်။ ထို ဖမ်းဆီးခံရသူ များကိုနေ့ချင်း မြန်မာနိုင်ငံ သို့ ပြန်ပို့ပေးခဲ့သည်။
 
ထို့နောက် ဇွန်လ ၁၁ ရက်တွင် ချင်းမိုင် မြို့၌ အလုပ်လုပ်ကိုင် သော တရားမ၀င် မြန်မာနိုင်ငံ သားများကို ထိုင်းနိုင်ငံ စစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေး တို့က ထပ်မံ ၀င်ရောက် ဖမ်းဆီးခဲ့ရာ တရားမ ၀င်နေ ထိုင်သော မြန်မာ လုပ်သား ၃၀ ဦး ဖမ်းဆီးခံခဲ့သည်။ 

ထို့ အပြင် ဇွန်လ ၁၃ ရက် ကလည်း မဲဆောက်မြို့ အနီးတွင် မြန်မာ အားလုံး ၁၈၀ ဦး ဖမ်းဆီး ခံခဲ့ရပြီး ယခုအခါ စုစုပေါင်းလေးရာကျော် ပြီဖြစ်သည်။ ဖမ်းဆီးနေမှု များကြောင့် မြန်မာ လုပ်သားများ လည်း နေ ရပ်ပြန် မှု ပိုများလာသည်။
 
မြန်မာ အလုပ်သမားများ ဖမ်းဆီးခံရ မှုနှင့် ပတ်သက် ၍ မြန်မာ အ လုပ်သမား သံအရာရှိက ဖမ်းဆီးခံရမှု တွင် အထောက် အထားရှိသော မြန်မာ အလုပ်သမားများ ဖမ်းဆီး ခံရပါက အလုပ်သမား သံအရာရှိထံ အချိန် မရွေး ဆက်သွယ် အကူ အညီတောင်းခံနိုင်သည် ဟု ဇွန် လ ၁၆ ရက်က ထုတ်ပြန်သည်။ 

သို့သော် ယင်းကိစ္စနှင့် ပတ်သက် ၍ ထိုင်းနိုင်ငံ မှ မြန်မာ သံအရာရှိ ထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ် ၍ မရရှိခဲ့ပေ။
 
‘‘ထိုင်းလက်ရှိ အာဏာရှိတဲ့ သူက တရားမ၀င်နေတဲ့သူတွေ ကို ပြင်းပြင်းထန်ထန် အရေးယူမယ် လို့ ပြော ထားတယ်။ ဟိုနေ့က လည်း မြန်မာ ၃၀ အဖမ်း ခံရတယ် လို့ သိရပါတယ်။ သူတို့နေထိုင် တဲ့ နေရာတွေ လည်း ဖျက်ဆီးသွား တယ်လို့ ထိုင်း သတင်းစာတွေက ရေးထားပါတယ်။ ပြီးခဲ့တဲ့ အပတ် ကလည်း မြန် မာတွေ အဖမ်း ခံရသေးတယ်’’ ဟု ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသား များအဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော် သောင်း ကပြောသည်။
 
‘‘ဟိုတစ်လော တုန်းက ဆန္ဒ ပြ တုန်းက မြန်မာတွေ က ရှေ့ကပါ တယ်လေ။ ဒီတော့ အခုကျတော့ အငြိုးနဲ့ လိုက်ဖမ်းနေတာ လို့ ထင်တယ်။ အခု ဗီဇာရှိနေတဲ့ သူတွေတောင် ပြေးနေရတယ်။ တချို့တွေ ဆို ရင် တောတောင် တွေထဲ မှာနေနေရတယ်။ ကျွန် တော်တောင် ပြေးရသေးတယ်။ 

အလုပ်တွေ ကို ခဏ နားပြီး  ရှောင်နေတယ်ဗျ။ နေရေး ထိုင်ရေး ကတော့ အခက်အခဲလေးတွေ ရှိ တာပေါ့ ။ မြန်မာသံရုံး ကို ဖုန်းဆက်တာ မရပါဘူး။ အခု ဒုက္ခဖြစ်နေတာတောင် မရဘူး’’ဟု လုပ်သက် သုံးနှစ်ကျော် ရှိသော ထိုင်းရောက် မြန်မာ အလုပ်သမား တစ်ဦးကပြောသည်။
 
လက်ရှိ ထိုင်းနိုင်ငံ တွင် မြန် မာ အလုပ်သမား သုံးသန်းနှင့် အထက် ရှိပြီး တရားဝင် လုပ်သား စာရင်းမှာ ၁ ဒသမ ၇ သန်း ခန့်သာရှိသည်။ မြန်မာ အလုပ်သ မား အများစု သည် နယ်စပ်မှ တစ် ဆင့် ထိုင်းနိုင်ငံသို့ တရားမ၀င် လမ်းကြောင်းဖြင့် သွားရောက်မှု အများဆုံးဖြစ်သည်။ 

ယခုအခါ ထိုင်း အလုပ်ရှင်များ က နိုင်ငံရေး ပဋိပက္ခ ကို အကြောင်းပြုပြီး လုပ်သားများ ကို လုပ်ခ လစာ အပြည့် အ၀ မပေးဘဲ ခေါင်းပုံဖြတ်လျက် ရှိကြောင်း သတင်းရရှိသည်။ ထို့အပြင် ထိုင်းအစိုးရ က တ ရား မ၀င်မြန်မာ အလုပ်သမား များ ကို လက်ခံ ထားသည့် အလုပ်ရှင် များကိုပါ တရားစွဲဆို သွားရန် စီစဉ်နေကြောင်း သတင်းရရှိ သည်။
 
ထိုင်းနိုင်ငံ တွင် အာဏာ သိမ်းမှု မဖြစ် ပွားမီ မေလဆန်း က မြန်မာ အစိုးရက ထိုင်းအစိုး ရထံ သွားရောက် ၍ လက်ရှိမြန်မာ အလုပ်သမားများ ခေါင်းပုံဖြတ် ဖိနှိပ် ခံရမှုနှင့် ထိုင်းရဲတို့ ဖမ်း ဆီးငွေ ညှစ်တောင်း ခံမှုများ ကို တားဆီးပေးရန် ကတိတောင်းခံခဲ့ ကြောင်း ဒုဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။
 
ထိုင်း အစိုးရက မြန်မာ သာမက နိုင်ငံ အတွင်းရှိ တရား မ၀င်ပြည်ပ အလုပ်သမားများ ကို အရှိန်မြှင့် ဖမ်းဆီး အရေးယူနေရာ ကမ္ဘောဒီးယား မှ လုပ်သားတစ်သိန်းကျော် မှာ ရက်ပိုင်း အတွင်း နေရပ်ပြန် သွားသည်။

From... Search Myanmar

No comments:

Post a Comment