၂၁ ရာစု ကမ္ဘာ့ နည်းပညာ လောက မှာ
နျူကလီးယား နည်း ပညာနဲ့ အပြိုင် နာမည် ကြီးလာတဲ့ နည်းပညာ ဆန်း တစ်ခု ကတော့
နာနို နည်း ပညာ (Nanotechnology) ပဲဖြစ်ပါတယ်။
ဒီနည်း ပညာရပ် ဆိုင်ရာ ဖွံ့ဖြိုး
တိုးတက်မှု နဲ့ ပတ်သက်ပြီး ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ ဟာ အပြိုင် အဆိုင်
ရင်းနှီး မြှုပ်နှံ မှုတွေ ပြုလုပ်လာကြ ပါတယ်။ Venture Capital Investor
ဖြစ်တဲ့ Steve Jurvetson က နာနို နည်းပညာ ဟာ စက်မှု တော်လှန်ရေး
လှိုင်းလုံး တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိကြောင်း ခန့်မှန်းပြောဆို ခဲ့ပါတယ်။
နာနို နည်းပညာ ဆိုရာဝယ်.....
နာနို နည်းပညာ
ဆိုတာ အလွန် သေးငယ်တဲ့ အရာ ဝတ္ထုများ ဆိုင်ရာ နည်းပညာ ဖြစ်ပါတယ်။
၁
နာနို မီတာဟာ အက်တမ် ငါးခု ရဲ့အကျယ်အဝန်း ခန့်သာ ရှိပြီး 10-9m
နဲ့ ညီမျှပါတယ်။
DNA Strand တစ်ခုဟာ ၂ နာနိုမီတာ ရှိပြီး သွေးနီဥ
ဆဲလ်ရဲ့အကျယ်အဝန်းဟာ ၇ဝဝဝ နာနိုမီတာ ရှိပါတယ်။
လူ့ဆံပင်ရဲ့ ဆံချည်မျှင်ဟာ ၈
သိန်း နာနိုမီတာနဲ့ ညီမျှပြီး ပုရွက်ဆိတ် တစ်ကောင်ရဲ့ အရွယ်အစားဟာ
နာနိုမီတာ ၅ သန်း နဲ့ ညီမျှပါတယ်။ ကမ္ဘာပေါ် မှာ ရှိတဲ့ သက်ရှိ၊ သက်မဲ့
အရာ ဝတ္ထုတွေ အားလုံးဟာ အက်တမ် နဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့ အတွက် နာနို
နည်းပညာ ကို သုံးပြီး အက်တမ် လေးတွေနဲ့ အရာ ဝတ္ထု တွေ ကို ဖွဲ့စည်း
တည်ဆောက်လို့ ရပါတယ်။
နာနို နည်းပညာ ၏ ကောင်းကျိုး၊
ဆိုးကျိုးများ နာနို အရွယ်အစား ရိုဘော့တွေ ဖြစ်တဲ့ နာနို ဘော့တွေကို
တည်ဆောက် လာနိုင် ခဲ့ရင် လူ့လောက အတွက် အကျိုးကျေးဇူး ရှိစေမယ် လို့လဲ
သိပ္ပံပညာရှင် တွေက ခန့်မှန်းသတ်မှတ် ထားကြပါတယ်။
ဥပမာ-မော်လီကျူး
အနည်းငယ် သာ ပါဝင်တဲ့ ဆေးဘက် ဆိုင်ရာ နာနိုဘော့တွေ ကို တည်ဆောက် လာနိုင် ခဲ့ရင်
ကင်ဆာ ဆဲလ် တွေကို ဖျက်ဆီး တာတွေ၊ သွေးကြောမျှင် လေးတွေကို ပြင်ဆင် တာတွေနဲ့
တစ်သျှူး တည်ဆောက်မှု တွေကို ပြုလုပ်နိုင်မယ် လို့ တွက်ဆပြီး သုတေသနတွေ
ပြုလုပ်နေကြ ပါတယ်။
အခုဆိုရင် နာနို နည်းပညာ ကို အသုံးပြုပြီး
ရေသန့်စင် စနစ် တီထွင် ဖို့ သုတေသန ပြုမှုတွေ၊ အစား အစာ တွေရဲ့ အရသာနဲ့ ပါဝင်မှု
တွေကို လိုအပ်သလို ပြောင်းလဲနိုင်ဖို့ သုတေသန ပြုမှုတွေ၊ ကာကွယ်ဆေး နဲ့ ရောဂါ
ကုသရေး နည်းပညာသစ် ရှာဖွေရေး အတွက် သုတေသန ပြုမှုတွေ အများအပြား
ရှိနေပါပြီ။
Estrasorb လို့ အမည်ရှိတဲ့ Skin Lotion ဟာ ကမ္ဘာ့ဆေးဝါး
ဈေးကွက် ထဲကို ပထမဆုံး ဝင်ရောက် လာတဲ့ နာနို နည်းပညာ အသုံးပြု ဆေးဝါး
ဖြစ်ပါတယ်။ နာနို နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့်
ဖွံ့ဖြိုး တိုးတက် လာအောင် သုတေသန ပြုခြင်း အားဖြင့် နေရောင်ခြည် ဆဲလ်တွေ အား
ထုတ်လုပ် လာနိုင်မယ်လို့ ယူဆပြီး အကောင်အထည် ဖော်နေကြတဲ့ သုတေသန စီမံကိန်း
တွေလဲ ရှိပါတယ်။
ရေနံ ယိုစိမ့်မှုတွေ ဖြစ်ပွား တဲ့ အခါ Oil Spill ထဲမှာ
ပါဝင် တဲ့ အက်တမ်တွေကို သဘာဝ ပတ်ဝန်းကျင် အား ထိခိုက်မှု မရှိအောင် နာနို
ပိုက်လိုင်းလေး တွေနဲ့ ပြောင်းလဲ ပြုပြင်နိုင်ရေး အတွက် ကြိုးပမ်းနေကြတဲ့
သုတေသန စီမံကိန်း တွေလဲ ရှိပါတယ်။
ရောဂါရှာဖွေ ကုသရေး၊ သဘာဝ ပတ်ဝန်းကျင်
ထိန်းသိမ်းရေး နဲ့ စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတွေ အတွက် နာနို
နည်းပညာ ရဲ့ အကျိုးကျေးဇူး တွေကို လေ့လာ သုတေသန ပြုနေဆဲ မှာပဲ ဈေးကွက်ထဲ
ရောက်လာတဲ့ နာနို နည်းပညာ အသုံးပြု ကုန်ပစ္စည်းတွေ ဖြစ်တဲ့ နေရောင်ကာ
မှန်တွေ၊ Spray ဗီတာမင် တွေနဲ့ Wrinkle-resistant fabric တွေရဲ့
အကျိုးကျေးဇူး တွေ ကိုလဲ စားသုံးသူ တချို့ ခံစားနေကြ ရပါပြီ။
ဒါပေမဲ့ လုံခြုံရေး ဆန်းစစ် လေ့လာသူ
ပညာရှင် တချို့ ကတော့ ကုန်ပစ္စည်း ထုတ်လုပ်ရေး၊ သတင်းနဲ့ နည်းပညာ၊ စွမ်းအင်၊
ဆေးဝါးပစ္စည်း၊ ထောက်လှမ်းရေး ကိရိယာနဲ့ စစ်လက်နက် ပစ္စည်းဆန်းသစ် တီထွင်ရေး
တို့အတွက် အကျိုးကျေးဇူးတွေ ဆောင်ကြဉ်း ပေးနိုင်တဲ့ နာနို နည်းပညာဟာ ကမ္ဘာ့
လုံခြုံရေး ကို ခြိမ်းခြောက် လာနိုင်ကြောင်း ထင်မြင်ယူဆ ကြပါတယ်။
စစ်လက်နက် ပစ္စည်းတွေ ကို နာနို နည်းပညာ
အသုံးပြုပြီး ထုတ်လုပ်မှု ဟာ ကုန်ကျစရိတ် သက်သာမြန် ဆန် လာနိုင် ပါတယ်။
လက်နက်တွေ ရဲ့ အရွယ်အစား ပမာဏ ကလဲ သေးငယ်တဲ့ အတွက် အသုံးပြုရတာ ပိုမို လွယ်ကူ
လာနိုင်ပါတယ်။
ဥပမာ- ကွန်ပျူတာ နည်းပညာ နဲ့ Sensor နည်းပညာတွေ ကို နာနို
နည်းပညာ နဲ့ ပေါင်းစပ် တီထွင် ထားတဲ့ Smart Bullets တွေဟာ ပစ်မှတ် ကို
တိတိကျကျ ဖော်ထုတ် တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။
ဓာတု လက်နက် နဲ့ ဇီဝ လက်နက် ထုတ်လုပ်မှုတွေ
မှာလဲ အထောက် အကူ ဖြစ်လာ နိုင်ပါတယ်။ Autonomous Fighting Systems တွေကို
တီထွင် ဆန်းသစ် မှုတွေလဲ ရှိလာနိုင်ပါတယ်။ စစ်မြေပြင်က စစ်သားတွေ ရဲ့
ကျန်းမာရေး အခြေအနေ ကို ဝတ်ထားတဲ့ စစ်ယူနီဖောင်းတွေ ကနေ တစ်ဆင့် သေးငယ်တဲ့
Sensors တွေကို အသုံးပြုပြီး စစ်ဆေး ကြည့်ရှုနိုင်တဲ့ သုတေသန စီမံကိန်း
တွေနဲ့ ပင်ပန်း နွမ်းနယ်မှု၊ ထိခိုက်ဒဏ်ရာ ရမှုတွေကို စစ်ယူနီဖောင်း
တွေကတစ်ဆင့် Exterior Support ပြုလုပ် ပေးနိုင်ဖို့ လိုအပ်တဲ့ သုတေသန
စီမံကိန်း တွေကိုလည်း စတင်နေပြီ ဖြစ်ပါတယ်။
အကြမ်းဖက် တိုက်ခိုက်ရေး သမားတွေ ဆီမှာ
nano-weapons of mass destruction တွေ ရောက်ရှိ သွားမယ့် အရေးကလဲ
စိုးရိမ်ဖွယ်ရာ ဖြစ်လာပါတယ်။ ဒီထက် ပိုပြီး ကြောက်မက်ဖွယ်ရာ ကောင်းတဲ့
အရေး ကတော့ အစား အစာ လုံခြုံရေးပဲ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတကာ
လုံခြုံရေး လေ့လာသူများ ပါဝင်တဲ့ ETC အုပ်စုက နာနို နည်းပညာဟာ
စိုက်ပျိုးရေး ကဏ္ဍ၊ ထုတ်လုပ်ရေးတွေ ကနေတစ်ဆင့် အစားအစာ စားသုံးမှု သဏ္ဌာန်တွေ
ကိုပါ သက်ရောက် မှု ရှိလာ စေနိုင်ကြောင်း တင်ပြ ထားပါတယ်။
ဒီလို နာနို နည်းပညာ ရဲ့ ကောင်းကျိုး၊
ဆိုးကျိုး သက်ရောက် နိုင်မှုတွေ ကြီးမား လာတာ နဲ့ အမျှ နိုင်ငံရေး၊
စီးပွားရေး ခေါင်းဆောင်တွေ ရဲ့ နာနို နည်းပညာ အပေါ် အာရုံစိုက်မှု တွေလဲ
ကြီးထွား လာပါ တော့တယ်။
နာနို နည်းပညာကို အာရုံစိုက်ခြင်း
အစပိုင်းမှာ နာနို နည်းပညာကို အင်အားကြီး နိုင်ငံ တွေကသာ အာရုံ
စိုက်ကြပေမဲ့ နောက်ပိုင်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ကပါ အာရုံစိုက်လာ
ကြပါတယ်။
အဓိက အကြောင်းရင်း ကတော့ နာနို နည်းပညာ ဟာ nanodivide လို့ခေါ်တဲ့
နာနို နည်းပညာ ကို ပိုင်ဆိုင် တဲ့ တိုင်းပြည်တွေ နဲ့ မပိုင်ဆိုင် တဲ့
တိုင်းပြည်တွေ အကြား ကွာခြားမှု ကို ဖြစ်စေနိုင်လို့ ပါပဲ။ အကျိုးအမြတ်
များစေနိုင် တဲ့ ကုန်ပစ္စည်း တွေကို နာနို နည်းပညာ အသုံးပြုနိုင် တဲ့
နိုင်ငံတွေက ထုတ်လုပ်ပြီး ကမ္ဘာ့ ဈေးကွက် ကို လက်ဝါးကြီး အုပ်မှုတွေ ဖြစ်ပွား
လာနိုင်တယ်လို့ ပညာရှင် တွေက သုံးသပ်လာကြ ပါတယ်။
အထူး သဖြင့် နာနို နည်း ပညာနဲ့ ဆက်နွှယ်တဲ့
စက်မှု တော်လှန်ရေး သာ ထွက်ပေါ် လာ ခဲ့ရင် ကုန်ကြမ်း ပစ္စည်းတွေ ကို နာနို
နည်း ပညာနဲ့ တည်ဆောက် လာနိုင်မှာ ဖြစ်တဲ့ အတွက် ကမ္ဘာ့ Commodity Market
ကြီးတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားနိုင်ပြီး နည်းပညာ မရှိတဲ့ နိုင်ငံတွေရဲ့
စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက် လာစေနိုင်ကြောင်း စိုးရိမ်
ပူပန်မှုတွေ ပေါ်ထွက် လာပါတယ်။
တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုး
တိုးတက်မှုဟာ သဘာဝ သယံဇာတ အရင်း အမြစ် အပေါ်မှာ မူတည်တယ် ဆိုတဲ့ အချက်ကို
နည်းပညာနှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုနဲ့ ငြင်းဆိုခဲ့တဲ့
နိုင်ငံတွေ ကမ္ဘာပေါ် မှာ အများအပြား ရှိခဲ့ပါတယ်။
နာနို နည်းပညာ တော်လှန်ရေး
အောင်မြင် သွားခဲ့ ရင်တော့ သဘာဝ သယံ ဇာတ အရင်းအမြစ် ပိုင်ဆိုင်မှု ရဲ့
Competitive advantage ဟာ လျော့ကျ ပျက်ပြယ် သွားတော့မှာ ဖြစ်ပါတယ်။ နာနို
နည်းပညာ တော်လှန်ရေး ဟာ ကမ္ဘာ့ စီးပွားရေး ချိန်ခွင်လျှာ ကို သာမက
ကမ္ဘာ့စစ်ရေး၊ နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲ တွေကိုပါ ဦးတည်
သွားနိုင်ကြောင်း လေ့လာသူ တွေက သုံးသပ်ကြပါတယ်။ နာနို လက်နက် အပြိုင် အဆိုင်
ထုတ်လုပ်မှု (nano arms race) လဲဖြစ်ပွား နိုင်ပါတယ်။
နိဂုံး
နည်းပညာ တိုင်းမှာ ကောင်းကျိုး၊
ဆိုးကျိုးတွေနဲ့ ဒွန်တွဲနေတတ် ပါတယ်။ ကောင်းကျိုးတွေ ကို အကောင်း ဆုံး ရယူ
ခံစားနိုင်အောင် ကြိုးပမ်းပြီး ဆိုးကျိုးတွေ နည်းနိုင် သမျှ နည်းအောင်
ပြုလုပ်ဖို့ ကိုတော့ လူသားတွေ ကသာ ကြိုးပမ်း ကြရ မှာ ဖြစ်ပါတယ်။
တိုးတက်ပြောင်းလဲ နေတဲ့ နည်းပညာ ရဲ့အခြေအနေ ကို မျက်ခြည် မပြတ်
အာရုံစိုက်ခြင်း၊ သင့်လျော်သော မူဝါဒ များ၊ စီမံကိန်း များ ချမှတ်ခြင်း စတဲ့
Pre-Cautionary approach ကို အသုံးပြုပြီး နာနို နည်းပညာရဲ့ စီးပွားရေး
ဖွံ့ဖြိုး တိုးတက်မှု အပေါ် ဆိုးကျိုး သက်ရောက် နိုင်မှုတွေကို လျှော့ချ
နိုင်ပါတယ်။
နည်းပညာ ကို တလွဲ ဆံပင်ကောင်း အသုံးပြုပြီး လူသားတွေ ရဲ့
လုံခြုံရေးကို ခြိမ်းခြောက် လာမယ့် ဆိုးကျိုးတွေ ကိုလည်း Justice approach
နဲ့ တားဆီး လျှော့ ချနိုင်အောင် ကြိုးပမ်း ကြရမှာ ဖြစ်ပါတယ်။ ။
ခင်မမမျိုး
From...Myawady
No comments:
Post a Comment