*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 19 July 2014

လူမှု ဆက်ဆံရေး တွင် အပြောနှင့် မတူညီသော ရလဒ် နှင့် အဓိပ္ပါယ် များ

group-people-talking

စကား ဆိုတာ ပြောတာ နဲ့ တကယ် ရလဒ်နဲ့ က အမြဲ မတူ နိုင်ပါဘူး။ ဥပမာ May be ဆိုရင် Diplomatic မှာ No လို့ ပြောသလိုမျိုး ပဲ သာမန် လူမှု ဆက်ဆံရေး မှာလည်း ကွဲပြား မှုများ ရှိနေ ပါတယ်။ 

ဥပမာ -
၁။ ' အဲ့ဒီ အစီစဉ်ကောင်းတယ်။ ငါလိုက်နိုင် မလိုက်နိုင် ပြန် အကြောင်းပြန်မယ်လေ ’ အဲ့ဒါ မလိုက်တော့ ဘူး၊ မပါတော့ဘူး လို့ ပြောတာနဲ့ မကွာပါဘူး။

၂။ ‘ ရိုင်းတာတော့ မဟုတ်ဘူး။ အမှန် အတိုင်း ပြောရမယ် ဆိုရင် ’ အဲ့ဒါ တစ်ဖက်သား နား မခံနိုင်မယ့် စကား မျိုးတွေ ထွက်လာ ပါလိမ့်မယ်။ 


၃။ ‘ အင်းပါ စိတ်ချ သူတို့ ကို ငါဘယ်တော့ မှ မပြောဘူး ’ အဲ့ဒါ သူတို့ ကို မပြောပေမယ့် အခြား လူတွေ ကို ပြောပါလိမ့်မယ်။ 

၎။ ‘အဲ့ဒါ နဲ့ အဆင်ပြေ ပါတယ်။ (သို့မဟုတ်) အဲ့ဒီ ပုံစံ နဲ့လည်း ကြည့်ကောင်းပါတယ်။ ‘ 
‘ငါ ဆိုရင် အဲ့လိုမျိုး တစ်ခါ မှ ဝတ်စား မှာ မဟုတ်ဘူး။ အချိန် မရတော့လဲ ဘယ်တတ်နိုင် မလဲ အဲ့သလိုပဲ လိုက်ခဲ့’

၅။ ‘ ခုလို ခင် ရလို့ ဝမ်းသာတယ်။ နောက်မှ အေးဆေးတွေ့ကြတာပေါ့ ’ မျော်လင့် မနေ ပါနဲ့ သင့်ကို သူငယ်ချင်း မိတ်ဆွေ စာရင်းထဲ မထည့်ပါဘူး။

၆။ Congratulation ပါ သယ်ရင်း။ ဒီ မင်းတို့ နှစ်ယောက် မင်္ဂလာပွဲ အတွက်တာ့ ဝမ်းသာတယ်ကွာ…’ ငါ ကတော့ လူပျို လူလွတ် ဘဝမှ အေးဆေးပဲ။ မင်းတို့တော့ ဒုက္ခရောက်ပေတော့

၇။ မင်းတို့တွေ ကျောင်းပြီး ကတည်းက ဘာတွေ လုပ်ဖြစ်ကြ သလဲ ပြောစမ်း ပါအုံး ‘ ငါတို့ ထဲက ဘယ်သူ ဟာ ကျောင်းပြီး ကတည်း က  ဒီအချိန် မှာ အအောင်မြင်ဆုံး လည်း ဆိုတာကို ကြည့်ရသေး တာပေါ့’

၈။ ဟုတ်လား။ ဖုန်းထဲ စာရောက်လာမှန်း ငါ မသိလိုက်ပါဘူး။ များသောအားဖြင့် အဲ့ဒါ စာဖတ်ပြီးသားရဲ့ တမင် မပို့ပဲ ထားပြီး တစ်ဖက်သား စိတ်ချမ်း သာအောင် ပြောတာပါ။

၉။ တ⁠တ်နိုင် သလောက် ကြိုးစားပေးကြည့် မယ်လေ။ မရတော့ပါဘူး ဆိုမှ ဇွတ်ပဲ။ စိတ်ချမ်း သာအောင်တော့ ပြောပေးလိုက် ပါမယ်။

၁၀။ မင်းကို တကယ် ရိုသေပါတယ်။ အဲ့ဒါ လုံးဝ မရို မသေတာ ပါပဲ…

မှတ်ချက် – ရယ်စရာ သက်သက်သာ
(အမှန်စင်စစ် – အယူအဆ ကွဲလွဲ ချက်များ မတူညီသည့် အခါ ငြင်း ရ မှာ ကြောက်သဖြင့် ‘ရယ်စရာ သက်သက်သာ ’ ဟု စကားခံခြင်းဖြစ်သည်။ )

အောင်ခမ်း (ရိုးရာလေး)


No comments:

Post a Comment