*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 19 July 2014

ပြည်မြန်မာ က တစ်ခွေ တစ်ရာ ဆိုတဲ့ ဝေဒနာ


(တစ်)
အဝေးသင် တက္ကသိုလ်တွေ စာသင်နှစ် တစ်နှစ် စ,ဖွင့်ပြီးလို့ မကြာတတ်လှသေးခင် ရက်တွေ ထဲရောက်ပြီ လို့ ဆိုရင် ကျွန်တော်တို့ ရပ်ကွက် ကလေးထဲမှာ ကြားရလေ့ ရှိတဲ့ အသံတစ်သံ က မြန်မာ့ ပညာရေးနဲ့ ပတ်သက် လို့ အတော့် ကို ကြေကွဲ ဖို့ကောင်းပါတယ်။ 

သတင်းစာ စက္ကူတို့၊ ဗလာ စာအုပ် အဟောင်းတို့၊ ဒန်အိုး ဒန်ခွက် အဟောင်း၊ အမြင်း၊ အပိန်၊ အပေါက်တို့ လိုက်ဝယ်တဲ့ဈေးသည် က ကုန်ပစ္စည်း အမည်အသစ် တစ်ခုကို ခါတော်မီ ထည့်ပြီး အော်လေ့ ရှိပါတယ်။ သည်လိုပါ။
 

‘‘အဝေးသင် ကက်ဆက်ခွေ တွေ တစ်ခွေ တစ်ရာ နဲ့ ဝယ်တယ်’’ တဲ့။


ကြားရ သူတိုင်း ကိုယ့် အဓိပ္ပာယ် ဖွင့်ဆိုချက် နဲ့ကိုယ် ပြုံးစိစိပေါ့။ အော်သံဆုံး ဆုံးချင်း ကျွန်တော်လည်း ပြုံးမိ ပါတယ်။ ပြီးတော့ ဝမ်းနည်း သလိုလို၊ ကြေကွဲ သလိုလို ခံစားမှု မျိုးနဲ့ပါ။ 

အဝေးသင်ကျောင်းသား ၊ ကျောင်း သူတွေ အတွက် သက်ဆိုင်ရာ ဘာသာရပ် အလိုက်၊ နှစ် အလိုက် ပို့ချ ထားတဲ့ အသံလွှင့် သင်ခန်း စာ တိပ်ခွေတွေကို ဘယ်သူကမှလို့ ဆိုရလောက်အောင်ကိုပဲ စာသင်သား အများစု က ဖွင့်နားမထောင်ပါဘူး။ 

ဆရာ၊ ဆရာမတွေ က သေသေ ချာချာပြု စုရေးသားပြီး ကြိုးစား ပမ်းစား အသံသွင်း ထားတဲ့ အခွေတွေကို သီချင်းခွေပြန်ကူး တဲ့ သူက ကူး၊ချောင်ကြိုချောင်ကြား  ပစ်ထား တဲ့သူက ပစ်ထား၊ တစ်ခွေ တစ်ရာ နဲ့ ပြန်ရောင်း တဲ့ သူကရောင်း။ တစ်ခွေ တစ်ရာဆို တာက နည်းနည်း များ မရင့်သီး လွန်းဘူးလား။ 

တက္ကသိုလ် ပညာရေး နဲ့ ဆက်စပ်တဲ့ ပစ္စည်းကို ငွေ တစ်ရာ လို့ လုပ်လိုက် တာဟာ အလကားပေး တာ ထက်တောင် မှ အပေါစား ဆန်သွားအောင် လုပ်ပစ်ရာ ကျလွန်းလှပါတယ်။ သို့သော် ဘာတတ်နိုင် ပါ့ မလဲ။

 ရောင်းသူ နဲ့ဝယ်သူ သဘော တူလို့ လုပ်ကြတဲ့ ကိစ္စ။ သူ့ ပစ္စည်း သူရောင်းတဲ့ ကိစ္စ။ ကိုယ့်မှာ တား ပိုင်ခွင့် မရှိ၊ ဆီးပိုင်ခွင့် မရှိ။ ဒါပေမဲ့ ကျွန်တော့် စိတ်ထဲမှာ ခံစားနေရ တာ ကို ပြောခွင့်လေးတော့ ရှိပါ တယ်ဆို ရင်ဖြင့် ကျွန်တော် တစ် ခွန်းတော့ ပြောချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အပေါ စားဖြစ် သွားအောင် လုပ် တာဟာ ဘယ်သူ မှမဟုတ်ကိုယ်ကိုယ်တိုင်ပါပဲ ဆိုတဲ့ စကားပါ။

(နှစ်)
သတင်းစာ ထဲက အလုပ် ခေါ်ယူ တဲ့ကြော်ငြာတွေ ထဲမှာ အဝေးသင် ဘွဲ့ရများ လျှောက်ထားရန် မလိုပါ ဆိုတဲ့ ကန့်သတ်ချက် စာသား ကို မကြာ ခဏ တွေ့ဖူးကြလိမ့်မယ် ထင်ပါတယ်။ ကာယကံရှင်တွေတော့ မပြောတတ် ဘူးခင်ဗျ။ 

 ကျွန်တော် ကတော့ဘွဲ့ဝတ်စုံ နဲ့ ဓာတ်ပုံကြီးတွေ ကို အားနာနေမိ တာပါ။ ဘာ့ကြောင့် ‘‘အဝေးသင်ဘွဲ့ရ များလျှောက်ထားရန် မလိုပါ’’လို့ လုပ်ခဲ့ ရလေတာ ပါလိမ့်။ ရှင်းပါတယ်။ အရည် အချင်း မရှိဘူး၊ တကယ် မတတ် ဘူးလို့ ယူဆလို့ပါပဲ။ ဒါဆို အဲသည့် အယူအဆ ရာ မှန်၏ မှား၏မေးလာ ခဲ့ရင် ကာယကံ  ရှင်တွေ က ဘယ်လိုဖြေကြမှာပါလိမ့်။

အဝေးသင် တက္ကသိုလ် တက် တဲ့ ကျောင်းသားတိုင်း စာစဉ်မေး ခွန်းဖြေကြရ ပါတယ်။ စာစဉ်မေး ခွန်းဖြေ သူ တိုင်း ကိုလည်း အမှတ် ပေးထား ပါတယ်။ ဘယ်သူတွေ က ကိုယ်တိုင်ဖြေဆို ခဲ့ကြလို့လဲ။ ပိုက်ဆံပေး ရင် ရေးပေးတဲ့ လုပ် ငန်းတွေ ရှိခဲ့ကြဖူးတယ်ေ လ။

 နောင်အခါ အဆင်သင့်ဖြေဆိုပြီး သား စာအုပ်တွေ ထွက်လာတဲ့ အခါ ကျောင်းသား၊ ကျောင်းသူတိုင်း အဲသည့် စာအုပ်ကလေးတွေ ဝယ်ပြီး ကူးရေး ကာ စာစဉ်မေးခွန်းတွေ ကို ဖြေဆို ခဲ့ကြတာပါပဲ။
အဝေး သင်တွေ အနီးကပ် ဆယ်ရက် ကျောင်းလာတက်တဲ့ အခါ ကျောင်းသား  အင်အားက အလွန်များပါတယ်။ 

သင်ကြား ပို့ ချမယ့် ဆရာနဲ့ စာသင်ခန်း က မလုံ လောက်ပါဘူး။ တချို့ စာသင်ခန်း တွေထဲ မှာ ကျောင်း သားလေး ရာ လောက်ကို ဖြစ်အောင် ထည့်ပြီး သင်တဲ့ အခါ မီးပျက်တဲ့ အချိန်နဲ့ များ ကြုံလို့ ကတော့ ဆရာရေး တဲ့ စာ ကိုလည်း ကျောင်းသားက မမြင်ရ၊ ဟိုး အနောက်ပိုင်း ခပ်ကျကျ ဆီက ကျောင်းသား ကိုလည်း ဆရာ ကမမြင်ရ၊ ဆရာပြော သမျှ ပို့ချ ချက်တွေကိုလည်း ကျောင်းသား တိုင်းက မကြားရနဲ့ ပညာ ဟာ ဘယ်လို ရာဆိုတာကိုတောင် ကျွန်တော် မပြောတတ်တော့ပါဘူး။

ရုပ်မြင်သံကြား နဲ့ ရေဒီယို ကနေ အဝေးသင် တက္ကသိုလ်သင် ခန်းစာတွေ ကို ထုတ်လွှင့်ပေးလေ့ ရှိပါတယ်။ သင်ခန်းစာခေါင်းစဉ် ကို ကြေညာနေရုံ ရှိသေး ခလုတ် ကို ထောက်ခနဲ ထပိတ်ပစ်လိုက်တာ အဝေးသင် စာသင်သား အများစု ပါ။

သင်ကြားရေး ထိရောက် အောင်မြင်စေဖို့လို့ ဆိုကာ Lear- ning center ကလေးတွေ ဖွင့်ဖူး ပါတယ်။ သက်ဆိုင်ရာ တက္ကသိုလ် က ဆရာ၊ ဆရာမတွေ က နီးစပ် ရာမြို့တွေရှိရာ ဆီကို သွားပြီး ကူညီ ရတဲ့ အစီ အစဉ်ပါ။ 

ဆိုကြ ပါစို့ ဟင်္သာတ တက္ကသိုလ် ဆိုရင် မြန်အောင်တို့၊ ကြံခင်းတို့၊ ကျုံပျော်တို့၊ ငါးသိုင်းချောင်း တို့ဆိုတာ မျိုးတွေ ဆီကို သွားကြ ရတာပါ။ သုံးယောက်တစ်စု၊ လေး ယောက်တစ်စု။ အောင်မြင်သလား။ မအောင်မြင် သလား ဆိုတာ အားလုံး အသိပါ။

Learning center ဖွင့်ထား တဲ့ အထက်တန်းကျောင်း ထဲကို အဝေးသင်ကျောင်းသားတွေ က မလာ၊ လာနေ့ အခါကျတော့လည်း တစ်ယောက်စ၊ နှစ်ယောက်စ။ Learning center ထဲမှာ အဝေးသင် နဲ့ဆိုင်တဲ့ Channel ကို ဖွင့်ကြမယ် Online ကို သုံးကြမယ် ဆိုတော့ မီးက ပျက်။ မီးလာတဲ့ ရက် ကျပြန်တော့ Network က မကောင်း။နောက်တော့ မြို့ခံတွေ ချက်ကျွေးတဲ့ ထမင်း စားပြီး ကိုယ့် တက္ကသိုလ် ကိုယ်ပြန် နဲ့ကြာတဲ့ အခါ အလိုလို ပျက်သွားရပြန်တာ ပါပဲ။

အဝေးသင်တွေ ဟာ စာမေး ပွဲ မှာ အထူး အသက်ညှာ ခံရပါ တယ်။ အောင်မှတ်လေးဆယ် လို့ ဆိုသော် လည်း ပဲ Moderation က တော်တော့ ကိုနှိမ့်ပြီး လုပ်ပေးထား တာမို့ တစ်ပုဒ် ခွဲ၊ နှစ်ပုဒ် နဲ့ကို အလုပ်ဖြစ် ချင် ဖြစ်နေကြရ တဲ့ အနေ အထားကိုး ။ 

တချို့ကျောင်း သား၊ ကျောင်းသူတွေများ ဆိုရင် နှစ်ပုဒ် အပိုင် ကျက်ထား ပြီး ဘာ မေးမေး အဲသည့်နှစ်ပုဒ် ကိုပဲ ထပ် တလဲလဲပြန်ပြန်ရေးနေတာ ကို အံ့အားသင့် စရာကြည့်နေခဲ့ ရဖူးပါရဲ့။ အကုန်လုံး ကို ခြုံလိုက်တဲ့ အခါ စောစော က ကျွန်တော်ပြောခဲ့ သလို အဝေးသင် ဘွဲ့ရများလျှောက်ထားရန် မလို ပါတွေ ဖြစ်ကုန် ခဲ့ရတော့တာ ပါပဲ။

(သုံး)
နိုင်ငံတော်ကပေးတဲ့ ဘွဲ့ကို အဲသည့်နိုင်ငံတော် အတွင်းမှာ တောင် မှ အကန့် အသတ် ခံလာရ တယ် ဆိုတာ ကြေကွဲ စရာကြီးဖြစ် ပေမယ့် တကယ် မတတ်သူ ၊ တ ကယ်မတော်သူ ကို ဘယ်သူ ကမှ မရွေး ချယ် ချင်ဘူး ဆိုတာ ဟာ လည်း အပြစ်တော့ မဆိုလောက် တဲ့ကိစ္စပါ။

 ကျောင်းသားတွေ ဘက်က ပေါ့ပျက်ပျက် လုပ်တာ တွေပါ သလို စီမံခန့်ခွဲသူတွေ ဘက် က လစ်နေ၊ ဟာနေတာတွေ က လည်း အများကြီးပါ။ Distance education Distance Learning, d-Learn-ing, D-Learning အမည် အမျိုး မျိုးခေါ် တဲ့ အဝေးသင် ပညာရေး ဟာ ကမ္ဘာ မှာလည်း ရှိတဲ့စနစ်ပါ။ 

ဗြိတိန်လို နိုင်ငံမျိုး မှာတောင်မှ London School of Economic, Royall Holloway, Goldsmiths စတဲ့ ကောလိပ်တွေ ဟာ  ဘွဲ့လွန် အထိတောင် မှ ပေးနေတာ ကို ပညာရှင်တွေ အသိပါ။ ကျွန်တော်တို့ ကျခါမှ ဘာဖြစ် လို့ပေါ့ပျက်ပျက်ဖြစ်နေကြရ တာတဲ့လဲ။

စာသင်သားတွေ ဘက်က ခုလို ပဲပေါ့ ပျက်ပျက် သဘောထား ဆက်ထားနေဦးမယ် ဆိုရင်၊ စီမံ ခန့်ခွဲ သူတွေ ဘက်က လည်း ဖိဖိစီး စီး ထိထိရောက်ရောက် မကိုင် တွယ်ခဲ့ဘူး ဆိုရင် အဝေးသင်ရေ စုန်မျော သွားပါ လိမ့်မယ်။ ဂုဏ် သိက္ခာ ကို မြန်မြန် အဖတ်ဆယ်ကြ ဖို့ စေတနာ စကား ဆိုပါရစေလား။

7daydaily
From...Search Myanmar 
 

No comments:

Post a Comment