*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 28 July 2014

ရွှေဈေး၊ ငွေလဲနှုန်း၊ ထူးခြားစီးပွား

ငွေလဲနှုန်း

ဇူလိုင် ၂၈ ရက် အတွက် ငွေလဲလှယ်နှုန်းထားတွေ ကတော့ အမေရိကန် ၁ ဒေါ်လာ ကို မြန်မာ ကျပ်ငွေ ၉၇၄ ကျပ်၊ ဥရောပ ၁ ယူရို ကို မြန်မာငွေ ၁၃၀၈ ဒသမ ၆ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာ ကို ၇၈၄   ကျပ်၊ ထိုင်း ၁ ဘတ် ကို ၃၀ ဒသမ ၆ ကျပ် အသီး သီး ဈေးပေါက် ပါတယ်။

ရွှေဈေး

gold3

ရွှေဈေး ကတော့ အကယ်ဒမီ ရွှေ တစ်ကျပ်သား ကို ပြန်ရောင်း ရင်   ၆၇၄၃၀၀ ကျပ် ဈေးပေါက်ပြီး ၀ယ်ဈေး က ကျပ်ငွေ ၁၂၀၀ ပိုပါတယ်။ ဒီကနေ့ ကမ္ဘာ့ရွှေဈေး ကတော့ တအောင်စ ကို အမေရိကန်ဒေါ်လာ ၁၃၀၄  ဖြစ်ပါတယ်။


ထူးခြား စီးပွား

ရင်းနှီးမြှုပ်နှံ မှုနှင့် ကုန်သွယ်ရေး ကြန့်ကြာနေ မှု ဖြေလျော့ပေးတော့ မည်

နိုင်ငံတကာ ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စတွေ အပါ အ၀င် ကုန်သွယ်မှု လုပ်ငန်းတွေ လုပ် ကိုင်ဆောင်ရွက် ရာမှာ ကြန့်ကြာနေရတဲ့ အချက်တွေကို ဖြေလျော့ ပေးသွားတော့မယ် လို့ သမ္မတ ရဲ့ စီးပွားရေး အကြံပေး ဒေါက်တာဇော်ဦး က ပြောပါတယ်။

ဇူလိုင် ၂၇ ရက်နေ့ က ရန်ကုန် ကုန်သည်ကြီးများ နဲ့ စက်မှု လုပ်ငန်းရှင်များ အသင်း UMFCCI မှာ ကျင်းပ တဲ့ ကုန်သွယ် မှုနဲ့ ရင်းနှီးမြှုပ်နှံ မှု ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဆွေးနွေးပွဲ အပြီး  ရှင်းလင်းပွဲ မှာ သူက ခုလို ပြောလိုက် တာပါ။

ကမ္ဘာ့ဘဏ် IFC ရဲ့ Doing Business Report 2014 ပါ အချက်တွေ အရ ရင်းနှီးမြှုပ်နှံမှု နဲ့ ကုန်သွယ်မှု လုပ်ကိုင် ရာမှာ မြန်မာနိုင်ငံ ဟာ အခက်ခဲ ဆုံး ၆ နိုင်ငံ ထဲမှာ ပါဝင်နေတာ ကို ပြုပြင်ဖို့ ခုလို ဖြေလျော့ ရတာလို့ ဒေါက်တာဇော်ဦး က ပြောပါတယ်။

IFC ရဲ့ အဆင့် သတ်မှတ်ချက် အရ ရင်းနှီးမြှုပ်နှံမှု နဲ့ ကုန်သွယ်မှု အညွှန်းကိန်းပြုစုထား တဲ့ ၁၈၈ နိုင်ငံ မှာ မြန်မာနိုင်ငံ ဟာ အဆင့် ၁၈၂ နဲ့ အောက်ဆုံးနား မှာ ရှိနေပါတယ်။

၂ လ အတွင်း ဟိုတယ် ၃၆ လုံး ဖွင့်လှစ်နိုင်ခဲ့

မြန်မာနိုင်ငံ မှာ ဇွန်၊ ဇူလိုင် နှစ်လ အတွင်း ဟိုတယ် အသစ် ၃၆ လုံး နဲ့ အခန်းအရေ အတွက် ၁၀၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့တယ် လို့ ဟိုတယ် ခရီး ၀န်ကြီး ဌာနက သတင်း ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ အထိ မြန်မာနိုင်ငံ မှာ ဟိုတယ် အလုံးပေါင်း ၁၀၀၀ နဲ့ အခန်းအရေ အတွက် ၃ သောင်း ၈ ထောင်ကျော် ရှိပါတယ်။ လက်ရှိ အခန်း ပေါင်း ၁၀၃၆ လုံးနဲ့ အခန်းအရေ အတွက် ၄ သောင်း နီးပါး ရှိသွား ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် က နိုင်ငံခြားသား ခရီးသည် ၂ သန်းကျော် ၀င်ရောက် ခဲ့ပြီး အခုနှစ် ၃ သန်း ၀င်ရောက် ဖို့ မျှော်မှန်း ထားတာကြောင့် နောက်ထပ် ဟိုတယ် နဲ့ အခန်း လို အပ်ချက်တွေ ရှိနေသေး တယ်လို့ ရွှေနိုင်ငံ ခရီးသွား လုပ်ငန်း အေဂျင်စီ ရဲ့ ကိုမင်းစိုးလင်း က ဒီဗွီဘီ ကို ပြောပါတယ်။

From...DVB
 

No comments:

Post a Comment