ကျတော်တို့ ပြည်တွင်း မှာ အသုံး များတဲ့ မေးလ် အနေ နဲ့ ဂျီမေးလ် ကိုတွေ့ရ သည့် နည်းတူ စွာ အီးမေးလ် ဟတ်ခံ ရခြင်းနောက် ဘာတွေ ပြန်လုပ်ဖို့ လိုသလဲ ဆိုတာ။
မြင်တွေ့နေရ တဲ့ အတိုင်းပဲ Facebook အကောင့်တွေ ကို လည်း ဂျီမေးလ်တွေ နဲ့ အများဆုံး ၀င်ကြ တာမို့ အကောင့် တစ်ခု ကို ဆုံးရူံး တာနဲ့ နောက် တစ်ကောင့် ကိုပါ ပါနိင်ပြီး လက်လွတ်စပယ် ဆုံးရူံး ရတာဟာ ဘယ်ဘက် ကကြည့်ကြည့် ကောင်းတာ ကို မတွေ ရတာ မို့ ဟတ်ခံနေရတဲ့ အနေ အထားမှာ ကျရောက်နေတဲ့ သူတွေ အတွက် အတတ်နိင်ဆုံး ပြန်လည် လုပ်ဆောင် ရယူ နိင်မဲ့ နည်းလမ်းလေးတွေ ကို ဖော်ပြ လိုက်ပါတယ်။
အကောင့် ကို ပြန်လည် ရယူပါ။
တကယ်လို့ မိတ်ဆွေ ရဲ့ အကောင့် ကို ဟတ်ခံ လိုက်ရပြီ ဆိုရင် ဟတ်တဲ့ သူတွေဟာ ကိုယ့်ရဲ့ အချက် အလက်တွေလောက် ပဲ ရယူ သွားမှာ ဖြစ်ပြီး အကောင့် Password ကိုတော့ အမြဲ တမ်းတော့ ချိန်းသွား မှာ မဟုတ်ပါဘူး။
ဒီတော့ ပြန်လည် အကောင့် ကို ရယူ ဖို့ ရိုးရှင်း တဲ့ နည်းလမ်း တစ်ခု ဖြစ်တဲ့ "Forgot your password?" ဆိုတဲ့ နေရာ ကနေပဲ Password ကို reset ကျ ဖို့ နဲ့ အကောင့် ကို ပြန်ယူဖို့ သုံးရ မှာ ဖြစ်ပါတယ်။
ဒီအခါ လုံခြုံရေး မေးခွန်းတွေ နဲ့ အီးမေးလ် လိပ်စာ ကို backup အနေနဲ့ အသုံးပြုတဲ့ recover မေးလ်တွေ ကိုတော့ ပြန် ဖြေဖို့ ရှိပါတယ်။ အဲဒီ လိုမှ ပြန်လုပ် လို့ မရရင်တော့ အကောင့် ကို ပြန်ရဖို့ သိပ် မသေ ချာတော့ပါဘူး။
လွယ်ကူ တဲ့ Passwords တွေ အသုံးပြုခြင်း မှ ရှောင်ကြဉ်ပါ။ ဒီ အချက် ကတော့ လူတိုင်း သိပြီးကြ မှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ တကယ်လို့ အဲလို လုပ်ထားပြီး သိတဲ့တိုင် အောင် စိတ်ထဲမှာ မကျေနပ်သေးရင် စာလုံးတွေ အများကြီး သုံးပြီး စာလုံး အကြီးတွေရော၊ စာလုံး အသေးတွေရော၊ သင်္ကေတတွေရော၊ စပေ့ ဘားတောင် သုံးပြီး ထပ် ထည့်နိင် ပါသေးတယ်။
Setting ကို စစ်ဆေးကြည့်ပါ။
ဟတ်ကာတွေ ဟာ ကိုယ်ရဲ့ setting တစ်စုံ တစ်ရာကို မပြောင်းလဲ နိင်စေဖို့ အတွက် ဖြစ်ပါတယ်။ ထိုသို့ မှ မဟုတ်ဘူးဆိုရင် နောက်တွင် ကိုယ်ရဲ့ အကောင့် ထဲကို သူတို့တွေ ဟာ လွယ်ကူ စွာ ၀င်ရောက် ရရှိနေဦး မှာ ဖြစ်ပါတယ်။
secondary (recovery) ကို တိကျအောင် လုပ်သင့် ပါတယ်။ forward စည်းမျဉ်းတွေ ကို သုံးထား မထား ကိုလည်း စစ်ရပါ ဦးမယ်။ သို့မဟုတ် ရင်တော့ ကိုယ်ကို ပို့သမျှ အီးမေးတွေဟာ သူတို့ဆီ ကို ရောက်ရှိပြီး ပါသွားနိင်ပါတယ်။
Active login ကို ဖယ်ရှားပါ။
မိတ်ဆွေ ရဲ့ အကောင့် ကို အခု လက်ရှိ ဘယ်က သုံးနေတယ် ( IP address ) ကို ကြည့်လို့ ရတဲ့ Active login ဟာ mail.google.com ရဲ့ အကောင့်ဝင် လိုက်တာနဲ့ ညာဖက် အောက်ဆုံး မှာ ရှိပါတယ်။ Details လိုရေးထား တာကို တွေ့ရပါလိမ့်မယ်။ ဒီ နေရာ ကို ကလစ်ထောက်လိုက် တာနဲ့ သင့်ဝင်ထား သမျှ တည်နေရာတွေ နဲ့ အချိန်တွေ၊ လက်ခံ ၀င်ရောက်တဲ့ ပုံစံ တွေကိုပါ တွေ့နိင်ပါမယ်။
ထို ဇယားပေါ် ရှိ Sign out all other session ဆိုတာ ကို နှိပ်ပြီး ကိုယ် အကောင့် ကို တစ်ခြားနေရာမှ ၀င်ရောက်နေခြင်း မရှိစေဖို့ ဖယ်ရှား ပစ်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်ဟာ Password ချိန်းပြီး သွားပြီ ဆိုရင်တော့ ပြသနာ ရှိတော့ မှာ မဟုတ်ပါဘူး။
အဆင့်ဆင့် ထားရှိခြင်း
တကယ်လို့ သင့်ရဲ့ မေးလ် ဟာ ဟတ်ခံ ရပြီ ဆိုရင် ကာကွယ်ခြင်း ဖြစ်စေဖို့ အကောင့်ကို ၀င်ဖို့ Password ရိုက်ပြီး ၀င်ပြီး တာနဲ့ ကုဒ် က ဖုန်းကို ပို့တယ်။ ထို မှ တစ်ဆင့် နောက်ထပ် ကုဒ် ထပ် ထည့်ပြီး ၀င်တဲ့ စနစ်တွေ ကို လည်း ထောက်ကူနိင်ပါတယ်။
ထို အတွက် ကွန်ပျူတာ နဲ့ ဖုန်းကို ချိတ်ဆက် ထားဖို့တော့ လိုပါမယ်။ ဒါ ဆိုရင်တော့ ဟတ်ကာတွေ ဟာ သင့်ရဲ့ ဖုန်း ကို ရမှပဲ ဟတ်နိင်တော့ မှာ ဖြစ်ပါတယ်။ အခြား ဆိုဒ်တွေကို ကြည့်ပါ။
ကိုယ်ရဲ့ Password ကို အခြား ဆိုဒ် တစ်ခုမှာ ထပ်ပြီး မသုံး ထားနိင်စေဖို့ ဖြစ်ပါတယ်။ Facebook လိုမျိုး ဆိုရှယ်ဆိုဒ် မှာ အီးမေးလ် အကောင့် ရဲ့ Password တစ်ခုတည်း ကို သုံးထား ရင်တော့ ဟတ်ကာတွေ ဟာ သင့် ရဲ့ အီးမေးလ် Password ကို အလွယ် တကူ ရှာဖွေနိင်မှာ ဖြစ်ပါတယ်။
မော်လ်ဝဲလ် Scan တွေကို သုံးပါ။
ဟတ်ကာတွေ ဟာ မောလ်ဝဲတွေ ကိုသုံးကာ အီးမေးလ် ကို ဟတ်ဖို့ အသုံးပြုနိင် ပါတယ်။ ဒါမှ မဟုတ် အတု အယောင် အီးမေးလ် ကိုပဲဖြစ်ဖြစ် သုံးပြီး ဟတ်လာ နိင်ပါတယ်။ ဒီ အတွက် Avast, Malwarebytes, နဲ့ BitDefender တို့လို ပေါ်ပြူလာ ဖြစ်တဲ့ Scanner တွေလည်း ရှိနေပါတယ်။
Ref: Cnet
အောင်ဟိန်း ( ရိုးရာလေး )
No comments:
Post a Comment