*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 12 July 2014

လူသေသော အခါ ရေချိုးပေး ရခြင်း အကြောင်း


 လူသေသော အခါ ရေချိုးပေးရခြင်း အကြောင်း
*************************************
လူ တို့သည် ရောဂါများ ခံစားရသော အခါ ဆေးဝါးများ ကုသ ရခြင်း ရေ မချိုးရခြင်း စသည်ဖြင့် ရက်လနှစ် ကြာမြင့်အောင် ဝေဒနာကို ခံစားပြီး သေဆုံး သွားရလေသည် ထို လူသေကောင်၌ မကောင်းသော အနံ့ များ နံနေသောကြောင့် အသုဘ ရှုသူ ရဟန်းရှင် လူများ အနံ့ သက်သာစေရန် ရေချိုးပေးရခြင်း အမွှေး နံ့သာ များဖြန်းပေးရခြင်း ပင် ဖြစ်ပါသည်။

လူသေကောင် ပါးစပ် ငွေထည့်ပေး ရခြင်း အကြောင်း
****************************************
လူ အများစု က ဒီပြဿနာ ကို နောက် ဘဝအတွက် ကူးတိုးခ ဟု ထင်မှတ်နေ ပါသည် တကယ်တော့ ဟိုး ရှေး အခါက လူတို့သေပြီ ဆိုလျှင် သုဿာန် ၌ လူသေ အလောင်းများ ကို မြေမြှုပ်ပေးနေသော သုဘရာဇာ တစ်ယောက် ရှိသည် ထိုသူသည် ကိုယ်တိုင်မြေတူး ကိုယ်တိုင်မြေမြှုပ်ပေး ၏ ။



ထိုသူအား ငွေအသပြာ တစ်မတ်ကို ကျန်ရစ်သူ မိသားစုက အလောင်း၏ ပါးစပ်အတွင်း ထည့်ထားပေး ရသည် သုဘရာဇာ လူကြီးမှာ အလောင်း ပါးစပ်မှ ငွေတစ်မတ်ကို ယူ၍ မြေမြှုပ်ပေးလေတော့ သည် အချိန် ကာလတွေ ကြာမြင့် လာသောအခါ လူတို့ သည် နောက်ဘဝ အတွက် ကူးတိုးခ ဟု မှားယွင်းစွာ ထင် မှတ် ခဲ့လေသည်။

လူသေကောင်ခြေ လက် တို့၌ ကြိုးချည် ထားရခြင်း အကြောင်း
*******************************************
လူသေသော အခါ အကြော များ တောင့်တင်း ခိုင်မာ လာကြသည် ကြိုးချည် မထားလျှင် ခြေကားယား လက် ကားယားဖြင့် မြင် မကောင်း အောင် အရုပ်ဆိုး လှသည် ထို့ကြောင့် ခြေနှစ်ချောင်း ကိုယူကာ ကြိုးဖြင့်ဖြစ်စေ ဆံပင်ဖြင့်ဖြစ်စေ ချည်ထား ရခြင်းဖြစ်ပါသည်။


အခြားသော ဗဟုသုတ အဖြစ် မှတ်ထားစေရန်
**********************************

နတ္ထိ သုဘံ ဧတဿာတိ အသုဘံ/ဧတဿ ဤ အလောင်းကောင်း ၌ သုဘံ တင့်တယ်မှု သည် နတ္ထိ မရှိ တဲ့ လူ အများအမြင် မှာ တင့်တယ်မှု မရှိလို့ အသုဘ လို့ခေါ်ပါတယ်။


အချို့သောနေရာ တို့၌ ရှေ့လူကြီး တို့၏ မှားယွင်းသော အယူများ ကိုယူနေပါတယ် 
 ဥပမာ...... အပြင်မှာသေသော လူအား အရပ်ထဲ ရွာထဲ မထည့်ရ နောက်လူသေတတ်တယ် ဆိုတာမျိုးပါ 

ဒါဆိုရင် နိုင်ငံခြား မှာသေ၍ လေယာဉ်ဖြင့် မြန်မာပြည် ကိုပြန်ယူသော အခါ ထိုလေယာဉ် က သင့် ဦးခေါင်း ပေါ်မှ ပျံသွားခဲ့တယ် ဆိုရင် သင်ဘယ်လို လုပ်မလဲ
 

ဒါတွေက တကယ်တော့ မြန်မာ တို့၏ အယူသည်း မှုပါ လူသေကောင်တော့ အမျိုးမျိုးပြော တတ်ပေမဲ့ တိရိစ္ဆာန် အသေတော့ ဝင်ချင် တိုင်းဝင် ထွက်ချင် တိုင်းထွက်နေတာ မြင်တဲ့ အတိုင်းပါ။

နောက်တစ်ခု က လူသေလျှင် အိမ်မှ ခုနှစ်ရက်ကြာ မှ ထွက်တယ် ဆိုတဲ့ အယူ ပါ ဒါကလည်း မှားယွင်း ပါတယ် ။

 ဦးဇင်းတို့ ဗုဒ္ဓအဘိဓမ္မာသဘော အရ ဘဝဟောင်း ရှိ စုတိ၏ အခြားမဲ့ ၌ ကာလ မခြားဘဲ ဆက်တိုက် သာလျှင် ဘဝသစ် ၌ ပဋိသန္ဓေနေရသောကြောင့် သေပြီးသည့်နောက် (၇)ရက်ပြည့် မှ အိမ်ကထွက်တယ် ဆိုတာလည်း မှားယွင်းပါတယ်။

အခြားအခြားသော ဗဟုသုတဖြစ်စေရန်တွေကို လည်း အခွင့် သင့်လျှင် ရေးသားပေးသွားပါ့မယ်။
 

အားလုံး ကျန်းမာချမ်းသာကြပါစေ
ဓမ္မာစရိယ ဦးဇင်းလေး

 

9-7-2014
{ အသုဘကြေးမှုံကျမ်းမှ ရေးသားတင်ပြအပ်ပါတယ် }

ဓမ္မာစရိယ ဦးဇင်းလေး
From...Facebook 
 

No comments:

Post a Comment