*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday, 12 July 2014

ကိုယ့်နိုင်ငံ ဆင်းရဲခြင်း လွတ်ကင်းအောင်


 
 
 
ကျွန်တော် ငယ်ငယ် က အလွန် အစားကြီး သည်။ စားလျှင် လည်း ပန်းကန်ကိုပြောင်နေအောင် စားတတ် သည်။ အမေက ခဏခဏ ပြောသည်။ ‘‘ဘယ် အငတ်တိုင်းပြည် ကသေပြီး ဝင်စားသလဲ မသိဘူး’’တဲ့။ 

တစ်ခါတော့ အမေ့ မောင် ဝမ်းကွဲတော်သည့် ကျောင်း ဆရာ တစ်ဦးက အိမ်ကို အလည် ရောက်နေသည့် အချိန်။ ကျွန် တော် ထမင်းစားတာ ကိုကြည့်ပြီး အမေ က သူ့မောင် ဝမ်းကွဲကိုပြော ၏။ 

‘‘နင့်တူ ထမင်းစား တာကြည့်။ ပန်းကန် ကို ပြောင်နေအောင် လျက် မစားရဘူး လို့ဘယ်လောက် ပြောပြော မရဘူး ။ ပြောင်နေ အောင် စားတာပဲ’’ဟု ဆိုတော့ အမေ့မောင် ကျွန်တော့် ဦးလေး ဝမ်းကွဲ က ရယ် ရယ်မောမောဖြင့် ‘‘အစ်မသား က အီသီယိုးပီးယား သားသေလို့ ဝင်စားတာဖြစ်မှာ ပေါ့’’ဟု ဆိုလေ သည်။
 

ကျွန်တော် စိတ်ဝင်စား သွား သည်။ ကျွန်တော် မကြားဖူးသည့် ‘‘အီသီယိုးပီးယား သား’’ဟူသည့် စကားလုံး။ ကျွန်တော် အစားကြီး တာကို အီသီယိုးပီးယား သားသေ လို့ ဝင်စားတာဟု ဘာကြောင့်ပြော ရသနည်း။ 


ထမင်း စားပြီးပြီး ချင်း ဦးလေး ကို ကျွန်တော်မေးတော့ သည်။ ဦးလေး က နှုတ်နှင့် မဖြေ။ သူဖတ်နေသော မဂ္ဂဇင်း တစ် စောင်ကို လှန်လျက် ‘‘ရော့၊ ဟော ဒီ မှာကြည့်။ အဲဒါ အီသီယိုးပီးယား နိုင်ငံက ကလေးတွေ ပဲ’’ဟုပြလေ ၏။ 

ဗိုက်ပူ နံကား၊ နံရိုး အပြိုင်း ပြိုင်း၊ မျက်တွင်း ကဟောက်ပက်၊ မျက်လုံး များက အရောင် မွဲခြောက် ခြောက်။ သူတို့ ကိုကြည့်ရသည် မှာ ဘယ်တုန်း ကတည်း က အစာ ရေစာ ဝဝလင်လင် မစားခဲ့ရသည် မသိ။ ဩော်.. ကျွန်တော် အငမ်း မရ စားနေတာဟာ အရင် ဘဝက အီသီယိုးပီးယား တိုင်းပြည် မှာ ငတ်ခဲ့လို့။ 

ယခု အစားအသောက် ပေါသည့် မြန်မာပြည် မှာ လူလာ ဖြစ်ချိန် ဣနြေ္ဒ ပျက်လောက် အောင် ပန်းကန်ပြောင် သည် အထိ လျက် ပက်ပြီး စားနေခြင်း ဟု အမေတို့က မှတ်ယူကာ ကျွန်တော့်ကို အီသီယိုးပီးယား သား ဝင်စားတာ ဟု ပြောခြင်းဖြစ်လေသည်။

ယခု ဆယ်စုနှစ် သုံးစုကျော် အကြာ တွင် မြန်မာနိုင်ငံ သည် မည်သည့် အခြေသို့ ဆိုက်ရောက် နေပြီနည်း။ ကမ္ဘာ့ဘဏ် က နောက် ဆုံး ထုတ်ပြန်လိုက်သည့် စာရင်း  အရ ကမ္ဘာ့အဆင်းရဲဆုံး စာရင်း တွင် မြန်မာနိုင်ငံ သည် အောက် ဆုံး ကပြန်ရေလျှင် အဆင့် ၁၂ ၌ ရပ်တည်နေကြောင်း သတင်းများ တွင် ဖတ်ရသည်။ 

ဟို အရင်ကိုယ့် နိုင်ငံပြည်သူများ ထက် ဆင်းရဲ သည် ဟု သတ်မှတ် ထားသော မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ အီသီယိုးပီးယား နိုင်ငံများ ပင် ကိုယ့်နိုင်ငံထက် ပို၍ ချမ်းသာနေ ကြပြီ။ ဒေသတွင်း အာဆီယံနိုင်ငံ များ တွင် အောက်ဆုံး အဆင့် ရောက်နေပြီး အာရှဒေသတွင်း ၌ ဒုတိယ အဆင်း ရဲဆုံးဖြစ် သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပင် ကိုယ့်နိုင်ငံနှင့် အဆင့် ငါးဆယ် ကွာခြားနေသည်ဟု ဆို၏။ 

ခုနေများ အီသီယိုးပီးယား ကလေးတစ်ယောက် က အငမ်း မရစားနေတာ ကို သူတို့ လူကြီး တစ်ယောက် ကများ တွေ့သွားလျှင် မြန်မာသေပြီး ဝင်စားတာ ဟု ပြောများပြောလေ မလားမသိ။

ဘယ်မှ မထွက်ဘဲ ကိုယ့်အိမ် ထဲ မှာပဲ ကိုယ်နေပြီး အစိုးရ သတင်း စာလေးဖတ်၊ MRTV တို့၊ မြဝတီ တို့လောက်ပဲ ဖွင့်ကြည့်နေလျှင် တော့ ကိုယ့်နိုင်ငံ ကို ကမ္ဘာ့ အချမ်း သာဆုံးလောက် ထင်ချင် ထင်မိပေ လိမ့်မည်။ 

ကိုယ့်အိမ်က ခွာလို့ တခြားမြို့ရွာ များကို လိုက် မကြည့် နိုင်လျှင်နေပါ။ ကိုယ့် ပတ်ဝန်း ကျင်လောက် ကိုပဲ ဂရုစိုက် သတိ ထားကြည့်ရုံနှင့် ပင် နိုင်ငံ၏ ပကတိ အခြေအနေ ကို မြင်နိုင်ပေသည်။ 

ကုန်ခဲ့သည့် ဇူလိုင် လဆန်း ၁ ရက် ၂ ရက်လောက် က ညနေ ၆ နာရီ ခွဲ သာသာလောက် ကျွန်တော် အလုပ် မှပြန် အလာ အိမ်နား က ဆိုက်ကား ဆရာမိသားစု ကို လမ်း ထိပ် က ဝက်သား တုတ်ထိုးဆိုင် မှာ ကျကျနန ထိုင်စားနေတာတွေ့ရ ၏။ 

ဆိုက်ကား ဆရာလင်မယား နှင့် ကလေးနှစ်ဦး။ သူတို့ က ကျွန် တော့် ကိုတောင် လှမ်းပြီး ဆရာ စားသွား ပါဦး ဟု ဧည့်ဝတ်ပြုလိုက် သေး၏။ ကျွန်တော် က ‘‘ဒီ မိသား စုတွေ ဒီနေ့ထောနေပုံ ရတယ်’’ဟု ဆိုတော့ ‘‘အထင် မကြီးနဲ့ ဆရာ ရေ’’တဲ့။ ‘‘အုံနာခ ရှင်းလိုက်တာ ဆန်ဖိုးတောင် မကျန်လို့ ဆန်ပြုတ် ပြုတ်သောက် ပြီး ကျန်တဲ့ ပိုက်ဆံ လေးနဲ့ ဒီမှာ အာသာ လာဖြေတာ’’ တဲ့။ 

ဆိုက်ကား ဆရာက ရယ်ရယ် မောမော ပြောလိုက်သော် လည်း ကျွန်တော့် ရင်ထဲ မှာတော့ ဆို့ဆို့ နင့်နင့် ခံစား လိုက်ရသည်။ ဒါ ကျွန်တော့် ပတ်ဝန်းကျင် မှာပင် တွေ့လိုက် ရသည့် ဆင်းရဲ မွဲတေမှု ပြယုဂ် တစ်ခုဖြစ် ၏။ တစ်နိုင်ငံ လုံး အတိုင်း အတာနှင့် သည်လို ပုံရိပ် ဆိုးတွေ ဘယ်လောက် များနေ မလဲ။ စဉ်းစားကြည့်ရုံနှင့် သိနိုင် လေသည်။

နိုင်ငံတော် သမ္မတ ၏ လစဉ် မိန့်ခွန်း များတွင်တော့ နိုင်ငံ ၏ GDP မည်မျှ တိုးတက်လာကြောင်း တွေ ခဏ ခဏပြော သံကြားရ သည်။ 

ဒုတိယ သမ္မတ ဦးဉာဏ် ထွန်း ကလည်း လာမည့် ၂၀၁၅ ခုနှစ်တွင် နိုင်ငံ၏ ဆင်းရဲ မှုနှုန်းကို ၂၆ ရာခိုင်နှုန်း မှ ၁၆ ရာခိုင်နှုန်း သို့ လျှော့ချ သွားမည်ဖြစ်ကြောင်း ဇူလိုင် ၅ ရက်က နေပြည်တော် ရှိ သမဝါယမဝန်ကြီး ဌာနတွင် ကျင်း ပသော အကြိမ် (၂၀)မြောက်  အပြည်ပြည် ဆိုင်ရာ သမဝါယမ နေ့ အခမ်းအနားတွင် ထည့်သွင်း ပြောကြား သွားကြောင်း သတင်း များ တွင် ဖတ် ရသည်။

 လေထဲ ဆောက် သည့် အိမ် ကလေးများ မဖြစ်ပါနှင့် ဟုသာ ကျွန်တော် တို့ ပြည်သူ များက ဆုတောင်း ရပါ သည်။

ပြန်တွေးကြည့်လျှင် နိုင်ငံ ၏ အခြေအနေ ဤမျှ ဆိုးရွားသွား ကာ ကမ္ဘာ့ အဆင်းရဲဆုံး အဆင့် ၁၂ အထိ ရောက်သွားသည် ကတော့ ရင်နာ စရာကောင်းလှ၏။ 

လွတ် လပ်ရေး ရပြီးစ ၁၉၅၀ ပြည့်နှစ် ဝန်းကျင် တွင် အာရှမှာ ဖွံ့ဖြိုးတိုး တက်ဖို့ အလား အလာ အကောင်း ဆုံးနိုင်ငံ အဖြစ် ကမ္ဘာ့ စီးပွားရေး ပဏ္ဍိတ်ကြီး များက ဟောကိန်း ထုတ်ခဲ့သော မြန်မာနိုင်ငံ သည် နှစ်ပေါင်း ၅၀ အတွင်း စီမံခန့်ခွဲ မှု လွဲမှားခြင်း၊ တိုင်းပြည် ကို ဦး ဆောင်ခဲ့ သူများ၏ အရာရာ ကို တည်ငြိမ်အေး ချမ်းရေး အမြင်နှင့် သာ ကြည့် ခဲ့ခြင်း၊ နယ်ပယ် အသီး သီးတွင် ကျွမ်းကျင် ပညာရှင်များ ချောင်ထိုး ခံရခြင်း ၊ တိုင်းပြည် ၏ ကဏ္ဍစုံတွင် လက်ညှိုးထောင် ခေါင်းညိတ် များနှင့် မိုးကျရွှေ ကိုယ်များ သာ နေရာ ရလာခြင်း စသော အကြောင်းပေါင်း စုံဖြင့် တိုင်းပြည်၏ အခြေအနေသည် အဘက်ဘက် မှ ယိုယွင်းကာ ၁၉၈၇ ခုနှစ် တွင် LDC နိုင်ငံ အဖြစ် ရောက်ခဲ့ရလေသည်။

ထို ကာလများ အတွင်း ကျွန် တော်တို့ ပြည်သူ များ၏ အခြေ အနေကို ပြန်ကြည့် လျှင်လည်း လူချင်းတူတူ သူချင်းမျှမျှ မနေခဲ့ ကြရပေ။ လူ မည်ကာမတ္တ ဘဝမျိုး ဖြင့်နေခဲ့ကြရ၏။ နိုင်ငံခြား သွား ခွင့် ရခြင်းကိုပင် ထူးခြားသော အခွင့် အရေး အဖြစ်မှတ်ယူ ကာ ဆိုဗီယက်ပြန် ဒို့စိန်ကုလား၊ ဆိုဗီ ယက်ပြန်နွဲ့နွဲ့စန်း၊ ယိုးဒယားပြန် အမာစိန် စသဖြင့် ကိုယ်ရောက် ဖူးသည့်နိုင်ငံ ကို ဂုဏ်ထူး၊ ဘွဲ့ထူး တစ်ခုလို သဘောထားပြီး အမည် ရှေ့ကတပ်ခဲ့ကြ၏။

 ရွှေဝါ ဆပ် ပြာ၊ သွားတိုက်ဆေး စသည့် ပစ္စည်း များကို ပါတီ၊ ကောင်စီ လူ ကြီး တစ်ဦးဦး ၏ လက်မှတ် ပါ သော ပါမစ် စာရွက်ဖြင့် သမဆိုင် မှာ သွားဝယ် ရသည်။ ဒါတောင် အရောင်းစာရေးမ က ‘‘ကုန်နေ တယ်’’ဟု ငြင်းထုတ်လိုက် လျှင် ကိုယ့်ပါမစ် ကလေး အလဟဿ ဖြစ်သွားမှာ စိုး၍ သံပရာသီး ဆယ် လုံးလောက် စားထား သလို မျက် နှာကို အစွမ်း ကုန်ဖြီး ထားပြီးမှ ဝယ်ရသည်။ ယခုအသက် (၅၀) အထက် ရှိသူများ အားလုံး ကြုံဖူး ကြပါသည်။

သူများနိုင်ငံ မှာ ကျွန်တော် တို့ မမွေးခင် ကပေါ်နေသော တီဗီ ကို ဒုတိယနှစ် တက္ကသိုလ်ကျောင်း သား ဘဝ ကျမှ စမြင် ဖူးသည်။ ကျွန်တော်နှင့် သက်တူရွယ်တူ အိုဘားမား က (၉)နှစ် အရွယ်မှာ အင်ဒိုနီးရှားနိုင် ငံ က သူ့ အဘိုးအိမ် ဧည့်ခန်း ထဲမှာ တီဗီ ထိုင်ကြည့်နေ ချိန်တွင် ကျွန်တော် ကတော့ နေ ရှင်နယ်ရေဒီယို အဟောင်း ကလေး ဖွင့်ပြီး နားထောင်နေရတုန်း ရှိသေး ၏။

 ရှစ်တန်းကျောင်းသား ဘဝ ကျွန်တော်တို့ ဆီမှာ တန်တစ်ရာ ဆန်စက်ကြီး လာတည်တော့ ဂျပန် အင်ဂျင်နီယာတွေသောက် သည့် ရေသန့်ကို အထူးအဆန်း သဖွယ်ငေးကြည့်ခဲ့ ရသည်။ မြန်မာ့ နည်းမြန်မာ့ ဟန် ဆိုရှယ်လစ် ပါတီကြီး ၏ ဦးဆောင်မှုအောက် မှာ ကျွန်တော် တို့နိုင်ငံသားတွေ နိုင်ငံတကာနှင့် အဆက်ဖြတ် ခံခဲ့ရသည်။

 စီးပွားရေး ကဏ္ဍမှ စ၍ ပညာရေး ကဏ္ဍ အဆုံး အားလုံးကို ဗဟိုချုပ်ကိုင်မှု စနစ်ဖြင့် သွားခဲ့ရာ နိုင်ငံ တကာနှင့် ယှဉ်လိုက် လျှင် အစစ အရာရာ နောက်ကျခဲ့ ရလေသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း နဝတ၊ နအဖ အစိုးရ အဆက်ဆက် တွင်လည်း တိုင်းပြည် ၏ စီမံခန့်ခွဲ ခွင့် ရှိ သည့်နေရာ မှန် သမျှ တပ်မတော် အရာရှိများ ကသာ နေရာ ယူခဲ့ကြပြီး ကြက်ဆူပင် စီမံကိန်း လို လွဲမှားသော စီမံကိန်း များဖြင့် တိုင်းပြည် သည် ဖွတ်သထက် ညစ် ခဲ့ရလေသည်။ 

အဆိုးရွားဆုံး မှာ တကယ် တတ်ကျွမ်း နားလည် သည့် ပညာရှင် များ၏ အကြံ ဉာဏ် များကို ကျတော့ သူတို့ သဘောထားနှင့် ဆန့်ကျင်လျှင် လက်မခံ။ ကိုယ်ကျိုးရှာ ခရိုနီ များနှင့် ကပ်ပါး ရပ်ပါး ပညာရှင် ဆိုသူ များက မြှောက်ပေး သမျှ အကုန် လိုက်လုပ် သဖြင့် တိုင်းပြည် ၏ သယံဇာတ မှန်သမျှ တက်တက်ပြောင် သည့် ဘဝရောက် ရတော့သည်။

ယခု အစိုးရသစ်ပြောင်း ၍ လုပ်နည်း လုပ်ဟန်တွေပြောင်းပြီ လား ဆိုတော့ ဘာမှ မပြောင်းလဲ သေးပါ။ စီမံခန့်ခွဲခွင့် ရှိသည့်နေရာ မှန်သမျှ တပ်မတော် အရာရှိ ဟောင်း များသာ နေရာ ယူထား ဆဲ ဖြစ်ပါသည်။ တကယ် တတ်ကျွမ်း နားလည် သည့် ပညာရှင်တွေ ဘေးရောက်နေဆဲဖြစ်သည်။ 

တချို့ပညာရှင် ဆိုသူများ ကျတော့ လည်း မိမိတို့ ရထားသည့် မဖြစ် စလောက် လုပ်ပိုင်ခွင့်လေး ၌ သာ ယာပြီး မင်း လိုလိုက် မင်းကြိုက် ဆောင်နေကြသည်။ စီးပွားရေး စီမံကိန်းတွေ အမျိုးမျိုး ရေးဆွဲ လုပ် ဆောင်နေသော် လည်း အများစု က ပွင့်လင်းမြင်သာမှု မရှိ။ နီးစပ် ရာ လုပ်ငန်းရှင်ကြီးများ သာ ရနေ ကြဆဲဖြစ်သည်။

သည်လို ပုံနှင့် ကျွန်တော် တို့ နိုင်ငံ ဆင်းရဲတွင်း က လွတ်စရာ လမ်းမမြင်ပါ။ တိုင်းပြည် ၏ နယ် ပယ်ကဏ္ဍ အသီးသီး မှာ တကယ် တတ်ကျွမ်း နားလည်သူတွေ ဦးဆောင်ခွင့် မရသေးသမျှ တစ်နည်း ဆိုရလျှင် လူမှန်နေရာမှန် မဖြစ်သေး သမျှ နောင်နှစ်နောင်နှစ်တွေ မှာ ကမ္ဘာ့ အဆင်းရဲဆုံး အဆင့် ၁၂ မှ အောက် သို့သာ ထပ်ကျ စရာရှိပါကြောင်း စေတနာ ကောင်းနှင့် သတိပေးလိုက် ပါသည်။




မင်းသန်းထိုက် (ဒေးဒရဲ)
7day daily


No comments:

Post a Comment