*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 23 July 2014

မြန်မာနိုင်ငံ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ က လွတ်မြောက် ရန် ဆောင်ရွက်မည် ဟု ဒုသမ္မတပြော


မြန်မာနိုင်ငံ ကမ္ဘာ့ အဆင်းရဲဆုံးနိုင် ငံအဖြစ် ကနေ လွတ်မြောက် ဖို့ အချိန် ဇယားရေး ဆွဲပြီး အစိုးရ၊ သာ မက ပုဂ္ဂလိက ပြည်သူ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ အားလုံး ပူးပေါင်း ဆောင်ရွက်ရမယ် လို့ ဒုသမ္မတ ဦးဉာဏ်ထွန်း က ပြောကြား လိုက်ပါတယ်။


ဒုသမ္မတ ဦးဉာဏ်ထွန်း
ဒုသမ္မတ ဦးဉာဏ်ထွန်း


မြန်မာနိုင်ငံ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ အဖြစ်မှ လွတ်မြောက်ရေး အကောင် အထည်ဖော် ဆောင် ရွက်ရေးကော် မတီ အစည်း အဝေး မှာ ဒီကော်မတီ ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ဒုသမ္မတ လည်း ဖြစ်တဲ့ ဦးဉာဏ်ထွန်း က ပြောကြား လိုက်တာပါ။



လာမယ့် ၂၀၁၅ ခုနှစ် ကုလသမဂ္ဂ ရဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ အဆင့် ပြန်လည် သုံးသပ်မှု အစီအစဉ် အတွက် မြန်မာ အစိုးရ အနေနဲ့ အသင့်ပြင်ဆင်နေပြီး ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ စာရင်းက လွတ်မြောက်ဖို့ သင့်တော်တဲ့ နည်းလမ်းတွေ ကို အလေးထား လုပ်ဆောင်နေကြောင်းနဲ့ သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ အစည်းတွေ ကို အသိပေးသွား ဖို့ အရေးကြီးတဲ့ အကြောင်း ပြောကြားသွား ပါတယ်။


ကုလသမဂ္ဂ ရဲ့ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၄၈ နိုင်ငံ ရှိပြီး မြန်မာနိုင်ငံ ဟာ မဆလ အစိုးရ လက်ထက် ၁၉၈၇ နှစ်က စတင်ပြီး သတ်မှတ် ခံရတာပါ။


မြန်မာသမ္မတ ဦးသိန်းစိန် ကတော့ မြန်မာနိုင်ငံ မှာ လက်ရှိ ၂၆ ရာခိုင်နှုန်း ရှိနေတဲ့ ဆင်းရဲမှုနှုန်း ကို ၂၀၁၅ မှာ ၁၆ ရာခိုင်နှုန်း ထိ လျော့ချ ဖို့နဲ့ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ ဘ၀ က ရုန်းထွက် ဖို့ ကြိုးပမ်းနေတယ် လို့ အစိုးရ သက်တမ်း ​၁ နှစ် ပြည့်မိန့်ခွန်း မှာ ပြောကြားထားပါတယ်။

From..DVB

No comments:

Post a Comment