*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 1 September 2014

စိတ် တည်ငြိမ်စေသော ကျင့်စဉ်

စိတ်တည်ငြိမ်စေသော ကျင့်စဉ် 













ကျွန်တော် သည် ဆရာကြီး မင်းသိင်္ခ ၏ စာအုပ် များ ထဲမှ ကျင့်စဉ် အချို့ကို စိတ်ပါ ဝင်စား စွာဖြင့် ဖတ်ရှုလေ့လာ ခဲ့ သလို လက်တွေ့လည်း ကျင့်ကြံ အားထုတ် ရှိခဲ့ဖူး ပါသည်။

ဤသို့ဖြင့် လောကီ ကျင့်စဉ်ကျမ်း များထဲ မှ " တြတက" ဟူသော ကျင့်စဉ် ကိုလည်း လေ့လာဖြစ်ခဲ့ ပါသည်။ တစ်စုံတစ်ခု အား စူးစိုက်ကြည့်ရှု ခြင်း ကို " တြတက" ဟု ခေါ်လေသည်။

" တြတက" ကျင့်စဉ် ကို စနစ်တကျ လေ့ကျင့်ခြင်း အားဖြင့် ခန္ဓာကိုယ်နှင့် စပ်လျဉ်းသော အားနည်းခြင်း များ ကို သက်သာစေ နိုင်သည်။ 



မျက်စိမှုန်ခြင်း၊ မျက်လုံး အားနည်းခြင်း တို့ကို လည်း သက်သာစေနိုင်ပါလိမ့်မည်။

ယင်း ကျင့်စဉ် သည် တုန်လှုပ် ခြောက်ခြား နေသော၊ ကစဥ့် ကလျား ဖြစ်နေသော စိတ်ကို တည်ငြိမ်စေ သည်။ ဆောက်တည်ရာ မရဖြစ်နေသော စိတ်ကို ပင်လျှင် ကောင်းစွာ တည်ငြိမ် လာစေနိုင် ပါသည်။ 

အိပ်မပျော်ခြင်း ကိုလည်း ပယ်ဖျောက်စေနိုင် ပါသည်။ တော်စွလျော်စွ ဟု သဘော မထားဘဲ အလေးအနက် ကျင့်ကြံခြင်း အားဖြင့် သမာဓိ တရားကို တိုးပွားလာစေ ပါလိမ့်မည်။

မျက်လုံး များသည် စိတ်၏ တံခါး ပေါက် တစ်ခု ဖြစ်ပါသည်။ မျက်လုံး များ မတည်ငြိမ် သလောက် စိတ်လည်း လှုပ်ရှားနေမည် သာပင်။ 

အလင်းရောင် နည်းသော အခန်း တစ်ခု ထဲတွင် သက်သောင့် သက် သာဖြင့် ထိုင်ပါ။ မိမိ၏ မျက်နှာရှေ့ လက်တစ်ကမ်း အကွာခန့် တွင် မြတ်စွာ ဘုရား  ၏ ရုပ်တု တော်၊ ပုံတော် (သို့မဟုတ်) ဆရာ အရှင် တစ်ပါး ပါး၏ ရုပ်တုတော်၊ ပုံတော်တို့ ကို ထား၍ စူးစိုက် စွာကြည့်ရှု ရင်း မြတ်စွာ ဘုရား(သို့မဟုတ်) ဆရာ အရှင် တို့၏ တန်ခိုးတေဇော် အာနုဘော်နှင့် ဂုဏ်တော် များကို၊ ကျေးဇူး တရားများ ကို ပွားများကာ ထိုပုဂ္ဂိုလ် များ မိမိ ၏ရှေ့မှောက်တွင် အကယ် စင်စစ် ရောက်ရှိနေ သကဲ့သို့ အာရုံပြုလျက် လေ့ကျင့်ရပါသည်။

ဤသည် မှာ အပြင်ပိုင်း စူးစိုက် ကြည့်ရှုနည်း ဖြစ်ပါသည်။ အတွင်းပိုင်း စူးစိုက်ကြည့်ရှုနည်း မှာမူ မျက်စိကို မှိတ်ထားပြီး မြတ်စွာဘုရားဖြစ်စေ၊ ဆရာ အရှင် တစ်ပါး ပါးဖြစ်စေ မိမိ ၏ စိတ်မျက် လုံး၌ ထင်ရှား စွာ ပေါ် လွင်နေအောင် စူး စိုက်အား ထုတ်ခြင်းပင် ဖြစ်ပါသည်။

မျက်စိ ကို ဖွင့်လိုက် လျှင်ပင် အခြားပြင်ပ အရာ များကို ရုတ်တရက် မသိမမြင်သော အခြေအနေ သို့ ရောက် သည် အထိ စူးစိုက် ၍ အားထုတ်ရပါသည်။ သာမန် အားဖြင့် တစ်ကြိမ်လျှင် ၁၅ မိနစ်မှ မိနစ် ၂၀ အထိ အားထုတ် နိုင်ပြီး ထူးထူးခြားခြား ကျင့်ကြံမည် ဆိုပါ လျှင်မူ အချိန် အတိုင်းအတာ မရှိ အား ထုတ်နိုင်ပေသည်။ 

မိမိ ၏ ကျန်းမာရေးနှင့် လျော်ညီ သလောက် အားထုတ်နိုင်ပေသည်။ အိပ်မပျော် သည့် ဝေဒနာကို ခံစား နေရ သူများ၊ စိတ်တင်းကျပ် ဖိစီး မှု ခံစားနေရ သူများ အနေနှင့် ည မအိပ်မီ အချိန် တွင် ထိုကျင့်စဉ်ကို အားထုတ်နိုင် ပါသည်။ 

ဝမ်းဗိုက် ထဲတွင် အစာများ လွန်စွာ ပြည့် တင်း မနေရန် မူ သတိထားပါ။

ဗုဒ္ဓဒေသနာတော် အရ စိတ်တည် ကြည်ငြိမ် သက် ခိုင်ခံ့မှု(သမာဓိ) ၌ မှန်ကန်သော လုံ့လ စိုက်ထုတ်မှု (သမ္မာဝါယမ)၊ မှန်ကန်သော အသိ တရား ရှိမှု (သမ္မာသတိ) တို့ ပါဝင်နေပြီး ယင်း တို့သည် တစ်ခုနှင့် တစ်ခု အညမည သဟဇာတ ဆက်စပ်လျက် အထောက်အကူ ပြုနေ ကြပေသည်။ 

မှန်ကန်သော လုံ့လ(သမ္မာ ဝါယမ)ကြောင့် အသိတရား ကောင်းမွန် လာကာ သမာဓိ သည်လည်း တိုးတက် ခိုင်မာလာစေ ပါတော့သည်။

သမာဓိ တိုးတက်မှုကြောင့် ပင် သတိတရား ပို၍ အားကောင်း လာကာ လုံ့လ ဝီရိယ စိုက်ထုတ်မှု ကိုလည်း ပိုမို လာစေပြန်ပါသည်။ 

လုံ့လဝီရိယ ပိုသော ကြောင့်ပင်လျှင် သတိ တရား ခိုင်ခံ့မှု တိုး ပွားလာရပြန် ပါတော့သည်။ ဤသို့ဖြင့် လုံ့လ ဝီရိယ၊ သတိနှင့် သမာဓိ တို့သည် တစ်ခုကို တစ်ခု ထောက်ကူလျက် ရှိပါ တော့သည်။

စာရှုသူ အပေါင်း အကျိုးထူးများ တိုးပွားကြပါစေကုန် သတည်း ...။



Manawmaya Journal

From... Yoyarlay

No comments:

Post a Comment