*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 21 June 2014

အလုပ် အကိုင် တွင် လျင်လျင်မြန်မြန် တိုးတက်ရန် နည်းလမ်း



ကျနော့ မိတ်ဆွေ သူငယ်ချင်းတွေ လာမေးတယ်။ သူတို့တွေ ကုမ္ပဏီတွေမှာ အလုပ်လုပ် လာတာ ငါးနှစ် မကတော့ ဘူးတဲ့။ သို့ပေမယ့် ရာထူး လစာက အလုပ် စလုပ် ဖူးတဲ့ အချိန်ကနေ ယနေ့ အထိ ကြီးကြီးမားမား ပြောင်းလဲမှု မရှိဘူး လို့ ဆိုတယ်။

ဒီတော့ အဲ့ဒီ လေးငါးနှစ် အတွင်းမှာ သူ ဘာလုပ်ခဲ့လဲ လို့ ကျနော် မေးတယ်။ ကုမ္ပဏီတွေ မှာ သူက Admin ပိုင်း လုပ်ခဲ့တယ်။ Sale ပိုင်းလုပ်ပေး ခဲ့ရ သေးတယ်။ စာရင်းအင်း လည်း လုပ်ပေး ခဲ့ရတယ်။ အခြေခံ အားဖြင့် ဒရိုင်ဘာ လည်း လုပ်ခဲ့ ရတယ်။ မာကတ်တင်း ဝန်ထမ်းလည်း လုပ်ခဲ့တယ်။

သို့ပေမယ့် ရာထူး က မန်နေဂျာ အဆင့် ကို တက် မလာပဲ ဘယ် ကုမ္ပဏီ သွားလျှောက်လျှောက် အလွန်ဆုံး မှာ စီနီယာ မာကဲတင်း၊ စီနီယာ အရောင်း အစရှိ သဖြင့် ရာထူးပဲ ရပါ သတဲ့။ ဒါနဲ့ ကျနော် ဥပမာ ပေးလိုက်တယ်။




စာဖတ် သူတို့ ကြားဖူးနေကြ ပုံပြင် တစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ တစ်ခါက လုလင်ပျို တစ်ယောက် ပညာ စုံ သင်လာပြီး နယ်ပြန်လာတဲ့ အခါ ဗေဒင် လည်းဟော၊ ပန်းပဲ လည်းလုပ်၊ ပန်းချီလည်း ဆွဲ၊ စောင်းလည်း တီး၊ ပန်း ၁၀ မျိုး မက ပညာ၊ သိုင်းပညာ အကုန် တတ်ခဲ့တော့ တစ်ခုပြီး တစ်ခု လုပ်စားတယ်လေ။

 နောက်တော့ အတူ သင်တဲ့ သူငယ်ချင်း က ပန်းပု ပညာနဲ့ သူဌေး ဖြစ်သွား သည့်တိုင် သူက ဆင်းရဲမြဲ ဆင်းရဲတယ်။ ဒါနဲ့ ပါမောက္ခ ဆရာဆီ သွားမေးတော့ မာလကာပင်ပေါ် တက်ခိုင်းတယ်။ တစ်ကိုင်းပြီး တစ်ကိုင်း ကူးခိုင်းတယ်။ ဆရာက သစ်ပင် ကို ဆက်တိုက် ခါတယ်။ ခဏခဏ ပြုတ်ကျတာ ကြောင့် အကိုင်း တစ်ကိုင်း ထဲမှာ ခိုင်ခိုင်နေခိုင်းပြီး ထပ်ခါ တယ်။ လုံးဝ မကျတော့ဘူး။ မြဲသွားတယ်။ တည်သွားတယ်။

ပုံပြင် ထဲက လိုပါပဲ။ ယခု စာဖတ် သူက မိမိ ကျင်လည် တဲ့ လုပ်ငန်းမှာ၊ ပညာရပ်မှာ ရာထူး၊ အသက်မွေးဝမ်းကျောင်း ပညာရပ် တစ်ခုကို တိတိ ကျကျ မယူနိုင် သေးရင် ခါလိုက် တိုင်း ကျနေမှာ ပါပဲ။ ဘယ်နေရာရောက်ရောက် ဘယ်တော့ မှ ပိုမြင့်တဲ့ ရာထူး အဆင့်တန်း တစ်ခုကို ရောက်သွားမှာ မဟုတ် ပါဘူး။

ဒီတော့ လုပ်ငန်း ခွင် တစ်ခုမှာ အောင်မြင် တိုးတက်ချင်တယ် ဆိုရင် ကိုယ်က ဘယ်လောက် ပဲ တတ်တတ်၊ တစ်ခု ဆို တစ်ခုတည်း ကို အကောင်းဆုံး အတော်ဆုံး တတ်နေဖို့ လိုအပ် ပါတယ်။ စွဲမြဲလုပ်ကိုင်ဖို့ လိုအပ်တယ်။

အခြားဟာတွေ မတတ်ရဘူး လို့ မဆိုလိုပါ။ သို့သော် ကုမ္ပဏီ တစ်ခု လုပ်ငန်းခွင် တစ်ခု မှာ ရာထူး အမြင့်၊ ခေါင်းဆောင် အဆင့် ရဖို့ က ခေါင်းဆောင် အဆင့်နဲ့ ညီမျှ တဲ့ ထူးချွန် ထက်မြတ် သော အသက်မွေးဝမ်းကျောင်း ပညာ တစ်ခု ရှိထားဖို့ လိုအပ် ပါတယ်။

ဒီလောက် ဆိုရင် လုပ်ငန်းခွင် တစ်ခု မှာ လျင်လျင်မြန်မြန် တိုးတက်အောင် ဘယ်လို လုပ် ရမယ် ဆိုတာကို သိရှိ နားလည်ပြီ လို့ မျော်လင့် ပါတယ်။


အောင်ခမ်း (ရိုးရာလေး)


1 comment: